အမေရိကန်ရေခဲပြင်စကိတ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ချန်ပီယံ ဖြစ်လာခဲ့တဲ့ အလစ်ဆာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက် (၁၃)နှစ်အရွယ် အာရှ-အမေရိကန်နွယ်ဖွား အလစ်ဆာ လူး ဟာ (၂၀၁၉) ခုနှစ် အမေရိကန်ရေခဲပြင်စကိတ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မီချီဂန်ပြည်နယ် ၊ ဒက်ထရွိုက်မှာ ကျင်းပခဲ့တဲ့ အဲဒီ ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအဖြစ် ဗိုလ်စွဲထားသူကတော့ အသက် (၂၀) အရွယ် ဘရာဒီ တန်နဲလ် ပဲ ဖြစ်ပြီး ဒီနှစ်မှာတော့ ပြိုင်ပွဲရဲ့ ဒိုင်လူကြီးတွေဟာ အသက် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ချန်ပီယံအဖြစ် တင်မြှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်ရေခဲပြင်စကိတ်ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး စံချိန်ပဲ ဖြစ်ပြီး အလစ်ဆာ ရဲ့ ကကွက်တွေ ၊ ခန္ဓာကိုယ်အယိမ်းအနွဲ့တွေဟာ ဒိုင်လူကြီးတွေကို အမှတ်ပြည့်ပေးဖို့ တွန်းအားပေးနေခဲ့တာပါ။

READ
အတင်းထိမ်းမြားပေးခံရတဲ့ ကျောင်းသူမလေးကို အတန်းဖော်သူငယ်ချင်းတွေက ကယ်တင်ခဲ့
Orange County Register
Tumblr

အရပ် (၄)ပေ (၇) လက်မသာရှိတဲ့ အသက် (၁၃)နှစ်အရွယ် မိန်းကလေးဟာ လက်ရှိချန်ပီယံ တန်နဲလ်ထက် ကို ဒုတိယနေရာမှာသာ ရပ်တည်စေခဲ့ပြီး အခြားပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အသက် (၂၂) နှစ်အရွယ် မာရီယာ ဘဲလ် ကို တတိယနေရာမှာ ရပ်တည်စေခဲ့ပါတယ်။

အလစ်ဆာက သူမအနေနဲ့ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ၀မ်းသာမိကြောင်းနဲ့ စံချိန်သစ် ရရှိသွားတဲ့အတွက်လည်း အတိုင်းမသိ ပျော်ရွှင်မိကြောင်း ESPN နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Twitter
ESPN

အမေရိကန်ရေခဲပြင်စကိတ်ပြိုင်ပွဲသမိုင်းမှာ အလစ်ဆာ မတိုင်မီ အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တမ်းတင်ထားသူကတော့ တာရာ လီပင်စကီး ပဲဖြစ်ပြီး သူမက အသက် (၁၄)နှစ်မှာ ချန်ပီယံဆုကို ရရှိခဲ့သူပါ။

အလစ်ဆာ က (၂၀၂၂) အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး ဒီကြားထဲနှစ်တွေမှာတော့ ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်သွားဦးမယ်လို့ ပြောဆိုထားပါတယ်။

READ
လူမည်းနှစ်ဦးကို သတ်ခဲ့တဲ့ လူဖြူအကျဉ်းသားကို ဖလော်ရီဒါမှာ သေဒဏ်ပေးခဲ့

Linn

Source : nextshark

SHARE