Amanda Seyfried ရဲ့ခွေးလေးဟာ ထူးထူးခြားခြားပဲ ဘဲပေါက်လေးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်နေတာကို people သတင်းအရ သိရပါတယ်။ ဒီအကြောင်းကိုတော့ အသက်၃၅နှစ်ရှိပြီဖြစ်တဲ့ Amanda က သူမရဲ့ခွေးလေး Finn ၊ Finn ရဲ့အချစ်ဆုံးသူငယ်ချင်း ဘဲပေါက်လေးတို့်အတူရိုက်ကူးထားတဲ့ ဓာတ်ပုံကို The Kelly Clarkson Show မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ Finn ဟာ ဘဲပေါက်လေးကို ခေါင်းပေါ်တင်ပြီး လျှောက်သွားနေတာပါ။ Finn က သူငယ်ချင်းနဲ့အခုလို လျှောက်သွားရတာကို ကျေနပ်နေပုံပါပဲ။ အဲ့ဒီဘဲပေါက်လေးကတော့ Amanda ရဲ့ လယ်တောမှာနေတဲ့ ဘဲလေးတစ်ကောင်ဖြစ်ပါတယ်။
View this post on Instagram
Kelly ကတော့ ခွေးလေးဟာ ဘဲပေါက်လေးကိုကိုက်ဖို့ မောင်းထုတ်ဖို့မကြိုးစားဘူးလားဆိုပြီး မေးပါတယ်။ Amanda ကတော့ Finn ဟာ ဘဲလေးက သူ့ခေါင်းပေါ်တက်ထိုင်နေတာကို ပြဿနာလို့မယူဆကြောင်း ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ Amanda က Finn ရဲ့ပီဇာနဲ့ ချိစ်ဘာဂါကို အောက်ပြုတ်မကျအောင် ခေါင်းပေါ်ရွက်ထားတဲ့ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပါသေးတယ်။
Kelly ရဲ့ရှိုးထဲမှာတော့ Amanda ဟာ သူမရဲ့ယာတောအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုမျှဝေခဲ့ပါသေးတယ်။ ယာထဲမှာတော့ တိရစ္ဆာန်၁၂ကောင်ရှိတယ်လို့ သိရပါတယ်။ ဘဲတွေအပြင်၊ မြင်းပုတွေ၊ မြင်းတွေ၊ ဆိတ်တွေအပြင် မြည်း၊ ကြက်နဲ့ ကြောင်တွေကိုလည်း မွေးထားတယ်လို့ သိရပါတယ်။ Kelly ကတော့ ယာတောတစ်ခုလုံးဟာ မိသားစုကြီးနဲ့တူတယ်၊ ရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေနဲ့တူတယ်လို့ ပြောခဲ့တာကြောင့် Amanda ကတော့ ယာတောထဲက တိရစ္ဆာန်လေးတွေအတွက် ရုပ်ရှင်ရိုက်ကူးဖို့ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။
View this post on Instagram
ShweMom