Sharapova လက်သစ်လို့ နာမည်ကြီးနေတဲ့ တင်းနစ်မယ်လေး Amanda Anisimova

[email protected]

Sharapova လို့ ပြောလိုက်တာနဲ့ အားကစားပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ တစ်ချိန်တုန်းက တင်းနစ်လောကကို အချိန်တစ်ခုအထိ လွှမ်းမိုးနိုင်ခဲ့တဲ့ တင်းနစ်ချန်ပီယံမယ်တစ်ယောက်ဆိုလည်း မမှားပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ တင်းနစ်လောကမှ အနားယူသွားပြီဖြစ်တဲ့ Sharapova ဟာ တင်းနစ်ပရိသတ်တွေရဲ့ ရင်ထဲမှာ အချိန်ပြည့်ရှိနေအုံးမှာ ဖြစ်ပါတယ်။

အခုတော့ Sharavopa နေရာကို ဆက်ခံမယ့် ဒုတိယမျိုးဆက်သစ်တစ်ယောက် ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူမကတော့ အသက် (၁၈) နှစ်အရွယ်ပဲ ရှိသေးတဲ့ အမေရိကန်တင်းနစ်မယ် Amanda Anisimova ပဲ ဖြစ်ပါတယ်။ Amanda ဟာ လက်ရှိမှာတော့ WMA(Women’s Tennis Association) ရဲ့ ထိပ်ဆုံး အယောက် (၁၀၀) မှာ ပါဝင်ခွင့်ရတဲ့  အသက်အငယ်ဆုံး တင်းနစ်မယ်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Amanda ဟာ Sharavopa လက်သစ်လို့ တင်းနစ်ပရိသတ်တော်တော်များများက လက်ခံထားကြောင်း au.sports.yahoo.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
သမီးလေး မီးမလောင်ခံရအောင် ခန္ဓာကိုယ်ကို ဒိုင်းသဖွယ်ကာကွယ်ပေးခဲ့တဲ့ မိဘနှစ်ပါး

https://www.instagram.com/p/B9CJTJRiwJF/

အသက် (၁၈) နှစ်လောက်နဲ့ ကမ္ဘာ့အဆင့် (၂၁) တင်းနစ်မယ်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ Amanda ဟာ 2019 French Open quarter-finals ပြီးကတည်းက Nike နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်းကတည်းက လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာလည်း တင်းနစ်စပွန်ဆာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Gatorade နဲ့လည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

View this post on Instagram

Oh hey

A post shared by Amanda Kay Victoria (@amandaanisimova) on

“ တစ်ချိန်ကျရင် တင်းနစ်လောကရဲ့ အလှပဂေးအဖြစ် Sharavopa နေရာကို သူပဲ ဆက်ခံရမယ်ဆိုတာ ကျွန်တော် ကျိန်းသေပြောရဲပါတယ်။ သူ့ရဲ့ အားကစားစိတ်ဓာတ်၊ တင်းနစ်အပေါ်ခံယူချက်၊ ပြိုင်ပွဲမှာ ရိုက်တဲ့ပုံစံတွေက တစ်ကယ့် Sharavopa အတိုင်းပါပဲ။ Sharavopa နဲ့ မတူတာကတော့ ပင်ကိုယ်အရည်အသွေးပါပဲ။ ကျိန်းသေတာကတော့ တစ်ချိန်ကျရင် Sharavopa ရဲ့ နေရာကို ဆက်ခံမယ့်သူက တစ်ယောက်တည်းရှိပါတယ်။ အဲဒါကတော့ Amanda ပါပဲ” လို့ တစ်ချိန်က Sharavopa ရဲ့ agent ဖြစ်ခဲ့သူ Max Eisenbud က au.sports.yahoo.com သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

View this post on Instagram

baci 💋

A post shared by Amanda Kay Victoria (@amandaanisimova) on

Pyi Hein Kyaw

SHARE