သူမကို ယုံကြည်ပြီး ဒေါ်လာ(၁)သန်း လောင်းခဲ့တဲ့သူ ရှိနေလို့ အံ့သြနေတဲ့ MMA ချန်ပီယံ

[email protected]_leoa

UFC လောကရဲ့ MMA ကစားသမား အမျိုးသမီးချန်ပီယံတစ်ယောက်ဖြစ်တဲ့ Amanda Nunes ကိုတော့ UFC ပရိသတ်တော်တော်များများ သိကြမှာပါ။ အထိုးအသတ်မှာလည်း တစ်ဖက်ကမ်းခတ်တဲ့အပြင် ချန်ပီယံဆုကိုလည်း အချိန်တော်တော်ကြာအထိ သိမ်းပိုက်နိုင်တဲ့ MMA ကစားသမား အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် UFC လောကရဲ့ ဘုရင်မတစ်ဦးအဖြစ်တောင် သတ်မှတ်နိုင်ပါတယ်။ အခုအချိန်ကတော့ COVID 19 ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် UFC ကစားပွဲတစ်ချို့ကို တံခါးပိတ်စနစ်နဲ့ ကျင်းပနေတာကိုတော့ တော်တော်များများ သိကြမှာပါ။

https://www.instagram.com/p/CBBN5I2g2ek/

ပြီးခဲ့တဲ့ စနေနေ့(၆.၆.၂၀၂၀)တုန်းကတော့ Amanda ဟာ ကနေဒါ MMA ကစားသမားတစ်ယောက်ဖြစ်တဲ့ Felicia Spencer နဲ့အတူတူ တံခါးပိတ်စနစ်နဲ့ ထိုးသတ်ခဲ့ပါတယ်။ ဒီကစားပွဲမှာတော့ Amanda ဟာ Felicia ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ကျော် ရရှိခဲ့သလို တစ်ဖက်မှာလည်း Amanda ဖက်ကနေ လောင်းခဲ့တဲ့ Las Vegas မြို့က အမည်ဖော်ပြထားခြင်းမရှိတဲ့ လောင်းကစားသမား အမျိုးသားတစ်ယောက်ဟာ Amanda ဘက်ကနေ အမေရိကန်ဒေါ်လာ ၁ သန်းတိတိ လောင်းကြေးထပ်ခဲ့ပြီး အနိုင်ရရှိခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
တိုက်ပွဲဝင် ရုရှစက်ရုပ်ယာဉ်ငယ်ရဲ့ အကူအညီနဲ့ IS ထိပ်သီးခေါင်းဆောင်တစ်ဦး သေဆုံး

https://www.instagram.com/p/CAghPLCA4Ee/

ပွဲအပြီးမှာတော့ Amanda ဟာ ဒေါ်လာ(၁)သန်းဖိုး လောင်းကြေးအကြောင်းကို သိသွားခဲ့ပါတယ်။ ဒါကြောင့် အဆိုပါအမျိုးသားအအနေဲ့ အနည်းဆုံးတော့ သူမကို ညစာလောက်တော့ ကျွေးသင့်ကြောင်း အရွှန်းဖောက်ပြီး ပွဲပြီး အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် England နိုင်ငံက နာမည်ကြီး လောင်းကစားဒိုင်ဖြစ်တဲ့ William Hill ကလည်း အဆိုပါလောင်းကြေးဟာ MMA ပွဲတွေအတွက် လောင်းကစားဒိုင်အဖြစ် လုပ်လာတဲ့ သက်တမ်းတစ်လျှောက် UFC ပွဲတစ်ခုမှာ ဒေါ်လာ(၁)သန်းအထိ လောင်းတဲ့ ပမာဏဟာ အများဆုံးဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

https://www.instagram.com/p/CBJFsr9gaiR/

“ အခုအချိန်မှာတော့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် အနိုင်ရလို့ သူတော်တော်ပျော်နေမှပါပဲ။ ကျွန်မအပေါ် ဒီလောက်အထိ ယုံကြည်ပေးတဲ့သူရှိလို့လည်း ကျွန်မပျော်ပါတယ်။ ဒီအတွက်လည်း သူအောင်ပွဲတော့ ခံသင့်ပါတယ်။ တကယ်ထိုး၇တဲ့ ကျွန်မတောင် အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်လေးပဲ ရတာ။ သူက ကမန်မထက် ဆယ်ဆတောင်ရသွားတာ။ ကျွန်မကို တစ်ခုခုတော့ တိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်” လို့ Amanda က ပြောကြားခဲ့ပါတယ်။

READ
သင်မသိသေးတဲ့ ဆောင်းဟေကိုရဲ့ဘ၀အစိတ်အပိုင်းအချို့

Pyi Hein Kyaw

SHARE