Celebrities တွေ အမြဲတကူးတက သွားတည်းနေကျ ဥရောပက ဈေးအကြီးဆုံးဟိုတယ်ကြီး

Instagram- @amansvetistefan

သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ခရီးသွားရင် နေစရာကိုဖြစ်သလိုမနေတတ်တဲ့လူထဲမှာပါတယ်။ အကောင်းစားဇိမ်ခံဟိုတယ်မဟုတ်ရင်တောင် သန့်သန့်ပြန့်ပြန့်လေးနဲ့ လှလှပပလေးမှာ တည်းတတ်တယ်။ အခုမိတ်ဆက်ပေးမှာကတော့ လက်တလော ဥရောပတစ်ခွင်မှာ ခေတ်စားနေတဲ့ ဟိုတယ်ကြီးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။

နာမည်ကတော့ Aman Sveti Stefan ပါတဲ့။ Montenegro ဆိုတဲ့ ဥရောပအရှေ့ပိုင်းဒေသလေးမှာ တည်ရှိနေပါတယ်။ ဒီနေရာလေးဟာ အပန်းဖြေစခန်းလို့လည်းဆိုနိုင်သလို သီးသန့်ကျွန်းလေးဆိုလည်း မမှားပါဘူး။

တည်ရှိနေတဲ့နေရာဟာ မြို့ပြသိပ်မဆန်လှတဲ့အပြင် ခေါင်လှတဲ့ဒေသလည်းမဟုတ်ပါဘူး။ Travel blogger တွေနဲ့ influencer တွေဆို နှစ်တိုင်းလိုလို တကူးတကလာတည်းကြရပါတယ်တဲ့လေ။

READ
ခရီးသွားဝါသနာထုံသူများ တကူးတကသွားသင့်တဲ့ ရင်သက်ရှုမောဖွယ်နေရာများ

ပင်လယ်ဘေးမှာတည်ရှိနေပြီး တစ်ဖက်မှာလည်း မြို့ပြရဲ့အရသာကို ခံစားရမယ့်အပြင် အပန်းဖြေစခန်းဆိုသလိုပဲ သီးသီးသန့်သန့်လေးရှိလို့နေပါတယ်။ ဒီဟိုတယ်မှာတော့ ဥရောပရဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေကို ထည့်သွင်းထားတဲ့အပြင်ကိုမှ အခန်းတွေဟာလည်း luxury ပုံစံလိုချင်လား၊ camping ပုံစံအခန်းတွေလိုချင်လား အမျိုးအစားပေါင်းစုံရှိနေပြီး တစ်ပတ်တိတိ staycation နေဖို့ဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၆ ထောင်လောက် ကုန်ကျမှာဖြစ်ပါတယ်။

ဒီဈေးနှုန်းကြောင့်လည်း  Aman Sveti Stefan ဟာ ဥရောပရဲ့ ဈေးအကြီးဆုံး ဟိုတယ်တစ်ခုဖြစ်နေခဲ့တာပါ။ အရာအားလုံးဟာ ဟိုတယ်မှာ luxury type ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး ဇိမ်ခံခရီးစဉ်ထွက် အပမ်းဖြေချင်တဲ့လူတွေအတွက်တော့ အသင့်လျော်ဆုံးပါပဲ။

READ
ဆလိုဗေးနီးယားနိုင်ငံက ထူးဆန်းတဲ့မြေအောက် ချောက်လိုဏ်ဂူကြီးအကြောင်း

လက်ရှိအချိန်မှာတော့ Montegnegro ဟာ Covid-19 လုံးဝကင်းစင်တဲ့ ဥရောပက ရှားရှားပါးပါးနိုင်ငံဖြစ်လို့နေပါပြီ။ အခုလည်း  Aman Sveti Stefan ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ဥရောပရဲ့ ပထမဆုံး ကပ်ရောဂါကာလအတွင်း ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ကြီးဖြစ်နေပါပြီ။

ဟိုတယ်အပြင်ကိုမှ Montegnegro ဟာလည်း တကယ်ကိုလှတဲ့ ရှုခင်းတွေပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုမလို့ ခရီးသွားသူတွေအနေနဲ့ သွားသင့်တဲ့ဒေသထဲမှာ ပါဝင်လို့နေပါတယ်။

https://www.instagram.com/p/B0EdeY8gQTO/?utm_source=ig_embed

Penny

SHARE