ယခုဒီဇင်ဘာ အချိန်အခါကတော့ နေရာဒေသအလိုက် အေးခဲမှုတွေကို ဖြစ်နေစေပါပြီ။ တရုတ်နိုင်ငံမှာဆို ကျီလန်ပြည်နယ် စုန်ယွမ်မှာရှိတဲ့ Chagan ရေကန်ကြီးလည်း စတုရန်းမိုင် ၃၀၀ ကျယ်ဝန်းတဲ့ ရေခဲပြင်ကြီးဖြစ်သွားခဲ့ပါပြီ။မိုးလေဝသပညာရှင်တွေ ထုတ်ပြန်ချက်အရတော့ ၎င်းဒေသမှာ အအေးလှိုင်းဖြတ်ကာ ညတွင်းချင်း အနုတ် ၂၀ ဒီဂရီကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

Chagan ရေကန်ကြီး တည်ရှိတာ နှစ်ပေါင်း ၂၀၀၀ လောက်ရှိပါပြီ။ မွန်ဂိုရိုးရာငါးဖမ်းနည်းကို ဆက်လက်တည်ရှိနေစေတဲ့ တစ်ခုတည်းသော နေရာလည်း ဖြစ်ပါတယ်။ ထိုရေခဲပြင်ကြီးတစ်လျှောက် ငါးဖမ်းသမားတွေရဲ့ ရိုးရာနည်းနဲ့ ငါးဖမ်းကြပုံကို ကြည့်ဖို့ ခရီးသွားများစွာလည်း နှစ်စဉ် လာရောက်ကြပါတယ်။ နှစ်စဉ် ငါးဖမ်းရာသီကတော့ ဒီဇင်ဘာ လလယ်ကနေ ဇန်နဝါရီလလယ်အထိ ဖြစ်ပါတယ်။

ရေခဲပြင်ကြီးထဲ ဘယ်လိုငါးဖမ်းကြလဲဆိုရင်တော့ အဖွဲ့တစ်ဖွဲ့ထဲမှာ အတွေ့အကြုံရင့်ဆုံး လူက ငါးများမယ့် နေရာကို အရင်ရွေးရပါတယ်။ ပြီးရင် အဲ့နေရာမှာ အပေါက်ဖောက်ပြီး ပိုက်ချကြပါတယ်။ မိနစ် ၂၀ ကနေ မိနစ် ၄၀ အထိ ထားပြီးရင်တော့ ပိုက်ကို ပြန်ဆည်ကြပါတယ်။ ဖမ်းရတဲ့ ငါးတွေထဲက အကြီးဆုံး ငါးကိုဆို ပြီးရင် လေလံတင်ကြတဲ့ အလေ့အထ ရှိပါတယ်။
အောက်မှာတော့ ဆက်ပြီး မွန်ဂိုငါးဖမ်းနည်း ကျက်စားရာ Chagan ရေကန်ကြီးရဲ့ ဆောင်းရာသီ မြင်ကွင်းတွေကို တင်ဆက်ပေးလိုက်ရပါတယ်။






Ref: Dailymail , wiki