အမေရိကန်အကျဉ်းထောင်တစ်ခုထဲက ကြောင်တွေနဲ့အကျဉ်းသားတွေရဲ့ ချစ်ခြင်းမေတ္တာ

Facebook/Forward

ကြောင်တွေဟာ ထူးခြားတဲ့တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အင်တာနက်ပေါ်မှာ အာရုံစူးစိုက်မှု အများဆုံးရရှိနေတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်သလို တစ်ကယ့်ပြင်ပကမ္ဘာကြီးမှာ  အာရုံစူးစိုက်မှုအများဆုံးခံရတဲ့ တိရစ္ဆာန်လည်းဖြစ်ပါတယ်။

ကြောင်တွေနဲ့အချိန်ဖြုန်းရခြင်းမှာလည်း သူတို့နဲ့ပတ်သက်ပြီး အကျိုးကျေးဇူးကုထုံးတွေကိုလက်ခံရရှိဒါစေနိုင်ပါတယ်။  ဒါကြောင့်လည်း လွန်ခဲ့တဲ့(၅)နှစ်အတွင်းကစပြီး ကမ္ဘာတစ်ဝှမ်းမှာ ကြောင်ကဖေးဆိုင်တွေများစွာဖွင့်လှစ်ခဲ့ပါတယ်။

Facebook/Forward
Facebook/Forward

ဘာလို့လဲဆိုတော့ ကြောင်တွေဟာ လူတွေကိုအားတက်စေတယ်လို့ခံစားရလို့ပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အမေရိကန် နိုင်ငံမှာရှိတဲ့အကျဉ်းထောင်တစ်ခုကလည်း ကြောင်တွေကိုမွေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုကြောင်လေးတွေေ မွးလိုက်တာကြောင့် အကျဉ်းသားတွေလည်း အလားတူ အကျိုးသက်ရောက်မှုကို ရရှိခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

Facebook/Forward

(၂၀၁၅)ခုနှစ်က အမေရိကန်နိုင်ငံ အင်ဒီးယားနားပြည်နယ်က အကျဉ်းထောင်တစ်ခုမှာ FORWARD လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုစတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ အကျဉ်းထောင်ထဲမှာ ကြောင်လေးတွေကိုမွေးပြီး ကာကွယ်စောင့်ရှောက်ဖို့ပဲဖြစ်ပါတယ်။

Posted by Pendleton Correctional Facility_FORWARD on Wednesday, December 21, 2016

ဒီအစီအစဉ်ရဲ့နောက်ကွယ်ကစိတ်ကူးကတော့ ကြောင်လေးတွေကို အကျဉ်းထောင်ထဲခေါ်ဆောင်ပြီး  အကျဉ်းသားတွေကို သူတို့လေးတွေကိုကရုစိုက်ပေးခိုင်းတာပဲဖြစ်ပါတယ်။ဒီအစီအစဉ်မှာပါဝင်ပတ်သက်သူအားလုံး  ဟာ ဒီအစီအစဉ်ကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

READ
အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကို စားသောက်ဆိုင်က ရရှိခဲ့တဲ့ အမျိုးသမီး

ကြောင်တော်တော်များများဟာ နှိပ်စက်ညှဉ်းပန်းခံရတာတွေကြောင့် ဖော်ရွေမှုမရှိတဲ့တိရိစ္ဆာန်လေးတွေဖြစ်လာရတာပဲ  ဖြစ်ပါတယ်။

ဒီလိုအကြောင်းအချက်တွေကပဲ သူတို့လေးတွေကိုမွေးစားဖို့ခက်ခဲ့တဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ဒါပေမယ့် ဒီအစီအစဉ်ကနေပြီးတော့ ကြောင်လေးတွေဟာ လူတွေနဲ့ဘယ်လိုဖော်ရွေစွာနေထိုင်တတ်ပြီး ဘယ်လောက်ချစ်စရာ  ကောင်းလဲဆိုတာကို လူတွေဆီကိုယုံကြည်မှုပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Posted by Pendleton Correctional Facility_FORWARD on Tuesday, March 19, 2019

အကျဉ်းသားတွေက ကြောင်လေးတွေကိုသန့်ရှင်းအောင်လုပ်ဆောင်ပေးသလို အစားအစာကျွေးခြင်း၊ အတူဆော့ကစားပေးတာတွေ လုပ်ဆောင်ပေးတာကြောင့် လူကိုမခင်တွယ်တတ်တဲ့ကြောင်တွေတောင် လူကိုခင်တွယ်လာကြပါတယ်။

ဒီအစီအစဉ်ဟာ အကျဉ်းသားတွေရဲ့နေထိုင်မှုပုံစံကိုလေ့လာခွင့်ရသလို သက်ရှိသတ္တ၀ါလေးတွေကိုဘယ်လို ကရုစိုက်မှု တွေပြုလုပ်ပေးရင် ယဉ်ပါးလာတဲ့တိရစ္ဆာန်လေးတွေဖြစ်နိုင်ကြောင်းကိုလည်းမီးမောင်းထိုးပြထားတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

Thae Su

SHARE