အသားခြောက်သူတွေ (၂)ပတ်နဲ့ ချက်ချင်း အသားအရေစိုပြေလာစေမယ့် ပေါင်းတင်နည်းများ

မျက်နှာအသားအရေကောင်းနေမှသာ ဘယ်လိုမိတ်ကပ်မျိုးကိုလိမ်းလိမ်း အဆင်ပြေမှာပါ။ အသားအရေခြောက်တဲ့သူတွေအတွက် ရေဓာတ်ပါတဲ့ skincare တွေကို သုံးပေးသင့်တယ်။ တချို့အသားအရေခြောက်တဲ့သူတွေက အဖြူအကွက်တွေ ဖြစ်လာတတ်တယ်။ ဒါကြောင့် အခုညွန်းပေးမှာကတော့ အသားခြောက်သူတွေ (၂)ပတ်နဲ့ ချက်ချင်း အသားအရေစိုပြေလာစေမယ့် ပေါင်းတင်နည်းလေးပဲဖြစ်တယ်။

(၁) သေဘာၤသီး 

သေဘာၤသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရွယ်တင် နုပျိုစေတယ်။ သူ့ထဲမှာ အသားခြောက်သူတွေအတွက် အထောက်အကူဖြစ်စေတဲ့ moisture ပါတယ်။ နောက်ပြီး အကောင်းဆုံးအချက်က သူတစ်မျိုးထဲနဲ့ပဲ ပေါင်းတင်ပေးရတာပါပဲ။

  • သဘောင်္သီး (မျက်နှာ တစ်မျက်နှာစာလောက်)ကို ချေပြီး အမြှုပ်ဖြစ်အောင် လုပ်ပေးပါ။
  • မျက်နှာပေါ်မှာ လိမ်းပေးပြီး အရည်တွေအောက်ကို စီးမကျသွားအောင် အပေါ်ကို cotton pad တွေနဲ့ လိုက်အုပ်ပေးပါ။
  • (၁၅)မိနစ်လောက် အနားယူလိုက်ပြီး ရေနဲ့ဆေးချလိုက်ပါ။

(၂) ဒိန်ချဉ်နဲ့ ပျားရည် 

ဒိန်ချဉ်က မွဲခြောက်နေတဲ့ အသားအရေတွေကို ပြန်လည်စိုပြေစေပြီး ပျားရည်ကလည်း အသားအရေကို နုလာစေတယ်။

  • ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နဲ့ ဒိန်ချဉ် (လက်ဖက်ရည်ဇွန်း ၂ဇွန်း) တို့ကိုရောမွှေလိုက်ပါ။
  • ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပြီး အခြောက်ခံထားပါ။
  • ရိုးရိုးရေနဲ့ပဲ မျက်နှာသစ်ပေးပါ။
READ
အရွယ်တင်နုပျိုပြီး လှပတဲ့အသားရည်လေးကို ရရှိစေမယ့် ညလိမ်းခရင်မ်ပြုလုပ်နည်း

(၃) Oat နဲ့ သခွားသီး 

Oat ဆိုတာ ကွေကာအုပ်လိုမျိုး အမှုန့်လေးပါ (Citymart ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်)။ Oat က မျက်နှာကို ချော့မွေ့စေပြီး သခွားသီးကတော့ မျက်နှာအေးစေပါတယ်။

  • Oat (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ သခွားသီးအရည်ညှစ်ထားတဲ့အရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နဲ့ ဒိန်ချဉ် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း) တို့ကို ရောမွှေလိုက်ပါ။
  • ရလာတဲ့အရောကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ခြောက်သွားတဲ့အထိ အခြောက်ခံလိုက်ပါ။
  • ပြီးရင်တော့ ရိုးရိုးရေနဲ့ မျက်နှာသစ်လိုက်ပါ။

ဒီ ပေါင်းတင်နည်းတွေကို တစ်ပတ် – (၂)ကြိမ်လောက်လုပ်ပေးပါ။

source : stylecraze

Hannwe Soe (Shwemom)

 

SHARE