ငှက်ပျောသီးအနီ စားခြင်းရဲ့ အံဖွယ်ကောင်းကျိုးများ

ငှက်ပျော်သီးမှာ အရောင်အလိုက် အ၀ါမျိုးနဲ့ အနီမျိုးဆိုပြီး အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ဒါပေမယ့် တစ်ချို့
ငှက်ပျော်သီးတွေက အညိုဘက်ကို အရောင်က ကူးနေတတ်ပြီး၊ တစ်ခါတလေ အမည်းရောင်ငှက်ပျောသီးမျိုးကိုလည်း
မြင်တွေ့ရတတ်ပါတယ်။ ဒါပေမယ့် အဲဒီငှက်ပျောသီးတွေရဲ့ မူလအရင်းအမြစ် အရောင်ကတော့ အနီရောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ Shwemom ပရိသတ်ကြီးအတွက် ငှက်ပျောသီးအနီစားခြင်းရဲ့ အံ့ဖွယ်ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ခံစွမ်းအားစနစ်ကို တိုးပွားစေခြင်း

ငှက်ပျောသီးအနီမှာ beta-carotene နဲ့ vitamin C ဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ် အာဟာရလိုအပ်ချက်ကို
ငှက်ပျောသီးအနီတစ်လုံး စားပေးရုံနဲ့ 16% အထိ တိုးပွားစေတယ်လို့ သိရပါတယ်။ ငှက်ပျောသီးအနီကို နေ့စဉ်စားပေးပါက ကိုယ်ခံစွမ်းအားနဲ့ ရောဂါကာကွယ်ရေးစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

READ
များများရယ်တဲ့သူတွေရမယ့် ကျန်းမာရေး အကျိုး (၈) မျိုး

(၂) အစာချေစနစ်ကို တိုးတက်စေခြင်း

ငှက်ပျောသီးအနီမှာ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်လို့ အစားအစာစားပြီးတိုင်း ပုံမှန် တစ်လုံးခန့် စားသောက်ပေးရုံနဲ့ အစာချေစနစ်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါအပြင် အဲဒီအမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီပိုတွေကို အမြန် ဖယ်ရှားပေးမှာ ဖြစ်ပြီး၊ လူကို အဆီကျ သွယ်လျှစေမှာ ဖြစ်ပါတယ်။

(၃) နှလုံးသမားတွေအတွက် အထူးသင့်တော်ခြင်း

ငှက်ပျောသီးအနီဟာ ဗီတာမင် C ဓာတ် ပြည့်ဝစွာပါဝင်တဲ့အပြင် သွေးထဲမှာ ကိန်းအောင်းနေတဲ့ မလိုအပ်တဲ့ အဆိပ်
တောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေလည်း များပြားစွာ ပါဝင်ပါတယ်။ နှလုံးသမားတွေအတွက် အထူးသင့်တော်
ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း စတာတွေကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားပေး
နိုင်ပါတယ်။

READ
Gym မသွားခင် ဘာတွေကို ရှောင်ရမလဲ

(၄) မျက်လုံးအမြင်ကို အထူးကောင်းမွန်စေခြင်း

ဗီတာမင် A ဓာတ်လည်း ငှက်ပျောသီးအနီထဲမှာ လုံလောက်စွာ ပါဝင်ပါတယ်။ ဒါဟာ မျက်လုံးအတွက် အထူးသင့်တော်
ပြီး၊ စာကြည့်များတဲ့သူတွေ၊ ဂိမ်းအဆော့လွန်တဲ့သူတွေအတွက်တော့ တစ်နေ့ကို ပုံမှန်တစ်လုံးတော့ စားပေးသင့်ပါတယ်။ အမြင်မှုန်ဝါးခြင်း၊ မျက်လုံးညောင်းခြင်း၊ မျက်ရိုးကိုက်ခြင်း စတာတွေကိုလည်း ငှက်ပျောသီးအနီက သက်သာစေပါတယ်။

(၅) ဆေးလိပ်အသောက်များသူတွေအတွက် အသက်ကယ်ဆေး

ဆေးလိပ်အသောက်များသူတွေအတွက်လည်း အဆုပ်ထဲကို ၀င်ရောက်နေတဲ့ အဆိပ်အတောက်တွေ ပျောက်စေချင်
တယ်ဆိုရင် ငှက်ပျောသီးအနီ/အ၀ါ ပုံမှန် စားပေးရပါမယ်။ ငှက်ပျောသီးမှာပါတဲ့ ဓာတ်တွေဟာ နီကိုတင်းကနေ ပေးတဲ့
ဘေးထွက်ဆိုးကျိုးတွေကို အရှင်းပျောက်သည်အထိ ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။

နတ်စည်တော် (Shwemom)

source : lifehack.org

SHARE