တောထဲမှာ ခြင်္သေ့တွေနဲ့အတူနေထိုင်ရတာကို ပျော်ရွှင်ကျေနပ်နေတဲ့ ဗြိတိန်စုံတွဲ

ကင်ညာနိုင်ငံရဲ့Maasai Mara သစ်တောကြိုးဝိုင်းထဲမှာ ပင်စင်စားအသက်(၆၀) ကျော် ဇနီးမောင်နှံနှစ်ဦးဟာ ဘ၀ကို အေးအေးလူလူနဲ့ ဖြတ်သန်းလျက် ရှိပါတယ်။ မနက်မိုးလင်းလို့ ခြင်္သေ့တွေဟိန်းသံကို နားထောင်ရင်း ကော်ဖီသောက်ရတဲ့ အရသာကို အဆိုပါဇနီးမောင်နှံက သဘောတွေ့လျက် ရှိနေပါပြီ။

(Image: Animal Planet)
(Image: Animal Planet)

အမျိုးသမီးကြီးနာမည်ကတော့ အန်ဂျီပါ။ အန်ဂျီက ကော်ဖီသောက်ပြီးတဲ့အခါ ခင်ပွန်းသည်ဖြစ်သူ ဂျွန်နသန်ကို ခေါ်ပြီး သစ်တောတစ်ခွင်ကို ကားပတ်မောင်းလေ့ ရှိပါတယ်။ တောထဲမှာ တွေ့ရတဲ့ အရိုင်းသတ္တ၀ါကြီးတွေကို သူတို့ရဲ့ သားသမီးတွေလိုပဲ သဘောထားပြီး လိုက်လံကြည့်ရှူလေ့ ရှိပါတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ ခြင်္သေ့အပါအ၀င် အခြားတောတိရစ္ဆာန်ကြီးတွေရဲ့ သဘောသဘာဝကို လေ့လာမှတ်တမ်းတင်ပြီး ဗီဒီယိုရိုက်ကူးတဲ့အလုပ်ကို လုပ်ကိုင်လျက်ရှိပါတယ်။

(Image: Animal Planet)
(Image: Animal Planet)

အန်ဂျီတို့ ဇနီးမောင်နှံဟာ တောအုပ်အလယ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး နေပါတယ်။ အိမ်လေးက အိပ်ခန်းတစ်ခန်းပဲပါပါတယ်။ အခုလို တောကောင်ကြီးတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာမှာ နေရပေမယ့် သူတို့မောင်နှံကတော့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်ကိုင်နေထိုင်ရတဲ့အတွက် နေ့တိုင်း ပျော်ရွှင်ရပါတယ်လို့ ဆိုပါတယ်။

READ
စိတ်ပျံ့လွင့်မှု နည်းပါးသူများဟာ ဘ၀မှာ ပို၍ပျော်ရွှင်သူများဖြစ်ကြ
(Image: Animal Planet)
(Image: Animal Planet)

တစ်ခါတစ်လေမှာတော့ အန်ဂျီတို့ ဇနီးမောင်နှံဟာ တောထဲသွားတဲ့အခါ အတူသွားလေ့မရှိပဲ တစ်ယောက်တစ်နေရာဆီ ခွဲသွားလေ့လည်း ရှိပါတယ်။ ဂျွန်နသန်ဆိုရင်တော့ လန်ခရူဆာကားနဲ့ တောလည်သွားတတ်ပြီး အန်ဂျီကတော့ လန်းဒ်ရိုဗာနဲ့ပါ။ အန်ဂျီဟာ တကယ်လို့ တောထဲမှာပဲ အချိန်ကုန်ဖြစ်မယ်ဆိုရင် ရေခဲသေတ္တာတစ်လုံးနဲ့ ယောဂကျင့်တဲ့ ဖျာတစ်ချပ်ပါ သယ်သွားတတ်ပါသေးတယ်။

(Image: Animal Planet)
(Image: Animal Planet)
(Image: Animal Planet)

အန်ဂျီတို့ဟာ တောထဲလှည့်လည်ပြီး ခြင်္သေ့တွေကို ယဉ်ပါးအောင် ထိန်းသိမ်းစောင့်ရှောက်နေပေမယ့် သူတို့နားအရမ်းကပ်တာမျိုးတော့ မလုပ်ဘူးလို့ သိရပါတယ်။ ဂျွန်နသန်ကတော့ “ကျွန်တော်တို့က အမြဲတမ်း ကားထဲမှာပဲ နေပါတယ်။ တကယ်တော့ ခြင်္သေ့တွေက လူတွေဆို ကြောက်ကြတယ်ဗျ။ ပြီးတော့ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ကားတွေဆိုရင် သူတို့က မှတ်ထားတယ်။ သူတို့နားသွားချင်ရင် သတိထားရတယ်၊ ငြိမ်ငြိမ်လေး ရှိနေရတယ်။ သူတို့ကို အန္တရာယ်မဖြစ်စေဘူးဆိုတာ သိတဲ့အခါကျတော့ သူတို့ဘာသာသူတို့ လူအနားလာတယ်..” လို့ ရှင်းပြခဲ့ပါသေးတယ်။

READ
အသက်(၁၀၀)ကျော်ထိနေထိုင်ပြီးခဲ့တဲ့အဖိုးအဖွားတွေရဲ့အဖိုးတန်သွန်သင်ချက်များ

လင်းလင်း (ShweMom)

Ref: Mirror, headtopics

SHARE