လစ်ဘာတီရုပ်ထုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်များ

လစ်ဘာတီရုပ်ထုဟာ အမေရိကန်ရဲ့ အထင်ကရ အဖြစ်ဆုံးနဲ့ အထင်ရှားဆုံး ရုပ်ထုဖြစ်ပါတယ်။ လစ်ဘာတီရုပ်ထုကြီးဟာ နယူးယောက်ဆိပ်ကမ်းပေါ်မှာ တည်ရှိလာခဲ့တာ နှစ်ပေါင်း (၁၃၀) ကျော်နေပါပြီ။ ဒီနှစ်ပေါင်း ရာကျော်အတွင်းမှာ ရုပ်ထုကြီးကို ပြင်ဆင်ပြောင်းလဲမှု အမျိုးမျိုးပြုလုပ်ခဲ့ရပါသေးတယ်။ အောက်ဘက်မှာတော့ လစ်ဘာတီရုပ်ထုကြီးနဲ့ ပတ်သက်လို့ သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်အချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

  • လစ်ဘာတီရုပ်ထုဟာ နယူးယောက်ရဲ့ ရိုးရာအစဉ်အလာတစ်ခုကို ကိုယ်စားပြုပါတယ်။ ၄င်းကတော့ Ticker Tape စီတန်းလှည့်လည်ပွဲပဲ ဖြစ်ပါတယ်။ Ticker Tape ပွဲတော်ကို (၁၈၈၆) ခုနှစ် အောက်တိုဘာ(၂၉) ရက်ကနေ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပြည်သူများက ပြတင်းပေါက်တွေပေါ်က ဖဲကြိုးတွေကို ဖြန့်ချကာ ဆင်နွှဲကြတာ ဖြစ်ပါတယ်။
  • ရုပ်ထုအောက်ခြေတိုင်ခုံနေရာကို ယခင်က စစ်မှုထမ်းမိသားစုနေထိုင်ဖို့အတွက် အသုံးပြုဖူးပါတယ်။ ၄င်းနေရာမှာ စစ်မှုထမ်းမိသားစုဝင်တွေဟာ (၁၈၁၈) ခုနှစ်ကနေ (၁၉၃၀) ခုနှစ်လယ်အထိ နေထိုင်ခဲ့ကြပါတယ်။
  • အရင်တုန်းကတော့ လစ်ဘာတီရုပ်ထုပေါ်တက်ရင် ရုပ်ထုကိုင်ထားတဲ့ မီးတိုင်ထိပ်ဖျားထိအောင် တက်လို့ရပါတယ်။ ဒါပေမယ့် (၁၉၁၆) ခုနှစ်နောက်ပိုင်းမှာတော့ စစ်လက်နက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးတိုင်ပေါ် တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့တာ အခုအချိန်ထိပါပဲ။
READ
အသက်နဲ့ ရင်းပြီး ရန်သူ့လက်ထဲက သတင်းနှိုက်ခဲ့ကြတဲ့ အထင်ရှားဆုံး သူလျှိုများ
dissolve
  • ရုပ်ထုသရဖူက ဖြာထွက်နေတဲ့ အချွန်အတက်တွေဟာ တကယ်တော့ သရဖူမှာပါတဲ့ တကယ့်အစိတ်အပိုင်းတွေ မဟုတ်ကြပါဘူး။ ၄င်းအချွန်အတက်တွေဟာ ရောင်စဉ်တန်းတွေဖြစ်ပြီး ကမ္ဘာကြီးရဲ့ ပင်လယ်(၇) စင်းနဲ့ တိုက်ကြီးတွေကို ရည်ညွှန်းပါတယ်။
  • လစ်ဘာတီရုပ်ထုနဲ့ သဏ္ဍာန်တူ အမွှာရုပ်ထုကို အီဂျစ်မှာ ဆောက်လုပ်ဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ ရုပ်ထုတည်ဆောက်မယ့် အကြံဥာဏ်ကိုတော့ ပန်းပုဆရာ Frédéric Bartholdi က ပေးခဲ့တာ ဖြစ်ပြီး အီဂျစ်လယ်သူမလေးတစ်ဦးကနေ မီးအိမ်ကို ကိုင်စွဲထားဟန် ထုလုပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အကုန်အကျများတယ်ဆိုကာ ငြင်းပယ်ခံလိုက်ရပါတယ်။
  • ကနဦးဆုံး ပြင်သစ်ကနေ ရောက်လာတုန်းက လစ်ဘာတီရုပ်ထုရဲ့ အရောင်ဟာ ပြောင်လက်နေတဲ့ ဒင်္ဂါးစေ့အရောင်ပါပဲ။ နောက်ပိုင်း အနှစ်(၂၀) ကြာပြီးတဲ့နောက်မှာတော့ ရုပ်ထုကို အခုအချိန်ထိ စိမ်းပြာရောင်အဖြစ်နဲ့ မြင်တွေ့ရတာ ဖြစ်ပါတယ်။
ThoughtCo
  • ရုပ်ထုဟာ တကယ့်လူအစစ်ကို အခြေခံပြီး ဒီဇိုင်းရေးဆွဲထားတာပါ။ ဒီဇိုင်းတီထွင်ခဲ့တဲ့ Frédéric Bartholdi ဟာ လစ်ဘာတီရုပ်ထုအတွက် မိခင်ဖြစ်သူ ရှားလော့်တ်ကို မော်ဒယ်အနေနဲ့ ထားပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
  • ရုပ်ထုကြီးမှာ ချစ်စနိုးခေါ်တဲ့ နာမည်တွေ အများကြီး ရှိပါတယ်။ America’s Freedom, America’s Great Lady, Green Goddess, The Lady Higher Up, Lady of the Harbor,  Mother of Exiles, Mother of Freedom, Saint Liberty, and the Spirit of American Independence အပြင် အများကြီး ရှိပါသေးတယ်။
  • တကယ်တမ်းလူတွေသိနေကြတဲ့ “The Statue of Liberty” ဆိုတာ တကယ်တမ်းပြောရရင် ချစ်စနိုးခေါ်နာမည်တစ်ခုပဲ ဖြစ်ပါတယ်။ ရုပ်ထုကို ပန်းပုပညာရှင် Frédéric Bartholdi မှည့်ခေါ်ခဲ့တဲ့ အမည်ရင်းကတော့ “Liberty Enlightening the World” သာဖြစ်ကြောင်း သိရပါတယ်။
READ
Photoshop မာစတာကြီးက လူမှုကွန်ယက်မှ ဓာတ်ပုံတွေကို မယုံကြည်ဖို့ သတိပေး

လင်းလင်း (ShweMom)

Ref: mentalfloss, history

SHARE