ကမ္ဘာ့အံ့ဖွယ်(၈) ပါးမြောက်အဖြစ် တွေ့မြင်ရဖွယ်ရှိနေတဲ့ Great Green Wall

facebook/Great Green Wall

စက္ကန့်မလပ်ဖြစ်ပေါ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုပြဿနာတွေထဲ Great Green Wall လို ပရောဂျက်တွေဟာ အနာဂတ်ရဲ့ ရောင်ခြည်တန်းတွေပါ။ Great Green Wall ဆိုတာကတော့ အာဖရိကန်တွေဦးဆောင်တဲ့ သစ်ပင်စိုက်ပရောဂျက်ဖြစ်ပြီး ဒီပရောဂျက်ကြီးဟာ အာဖရိကတိုက်ကြီးတစ်လျှောက် မိုင်(၅) ထောင်နီးနီးကို အပင်တွေနဲ့ ဖုံးလွှမ်ဖို့ ရည်ရွယ်ပါတယ်။ ပရောဂျက်ရဲ့ ရည်ရွယ်ချက်ကတော့ ရာသီဥတုဖောက်ပြန်တာကို တားဆီးဖို့၊ လွင်တီးခေါင်ပြင်မြေတွေ ဖြစ်ပေါ်လာတာကို ကာကွယ်ဖို့နဲ့ ၄င်းဒေသတွေမှာ နေထိုင်တဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ဘ၀ကို တိုးတက်စေလိုတာတွေကြောင့် ဖြစ်ပါတယ်။

Great Green Wall ဟာ (၁၅) ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ပြီး အရင်တုန်းက ခြောက်သွေ့ပြီး ဖုန်းဆိုးမြေဆန်တဲ့ နေရာတွေဟာ ခုဆိုရင်တော့ သစ်ပင်တွေနဲ့ ပြန်လည်စိမ်းလန်းလာခဲ့ပါပြီ။ Green Wall တည်ဆောက်ဖို့ ဆိုတဲ့ စိတ်ကူးကိုတော့ အင်္ဂလန်လူမျိုး သစ်တောပညာရှင်ဖြစ်ပြီး သဘာဝတ်ဝန်းကျင်အရေးလှုပ်ရှားသူ ရစ်ခ်ျဘာ့ဘ်ဘေကာက အသက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။

READ
(၃)လအတွင်း ပျားပေါင်း သန်း(၅၀၀)ကျော် ၀မ်းနည်းဖွယ် သေဆုံးခဲ့တဲ့ ဘရာဇီးလ်နိုင်ငံ
facebook/Great Green Wall

လက်ရှိအချိန်မှာ အာဖရိကမှာရှိတဲ့ ကန္တာရမြေပေါင်း ဟက်တာ သန်း(၄၀) ဟာ ပြန်လည်စိမ်းလန်းစိုပြေနေပြီဖြစ်ပြီး နှစ်စဉ် တန်ချိန်(၅) သိန်းရှိတဲ့ကောက်နှံတွေလည်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ၄င်းတန်ချိန်(၅) သိန်းဟာ (၂.၅) သန်းရှိတဲ့ လူတွေကို အစားအစာလုံလောက်အောင် ကျွေးမွေးနိုင်ပါတယ်။

facebook/Great Green Wall

Great Green Wall ဟာ အာဖရိကရဲ့ကန္တာရမြေတွေကို ပြန်လည်စည်ပင်ဖွံ့ဖြိုးအောင် လုပ်နိုင်ရုံတင်မကပဲ ဒီသစ်တောထုကြီးနဲ့ ဆက်စပ်နေတဲ့ အာဖရိက နိုင်ငံပေါင်း (၁၁) နိုင်ငံတို့ရဲ့ စီးပွားရေးကိုလည်း အထောက်အကူပေးဦးမှာ ဖြစ်ပါတယ်။ တကယ်လို့သာ Great Green Wall သစ်တောပရောဂျက်ကြီး အောင်မြင်စွာ ပြီးသီးနိုင်ခဲ့ရင်တော့ အာဖရိကတိုက်ဟာ မြောက်မြားလှစွာသော အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

facebook/Great Green Wall

ဥပမာအားဖြင့် ကန္တာဆန်တဲ့မြေတွေ ဖြစ်ပေါ်လာမှုကနေ ကာကွယ်နိုင်ခြင်း၊ မိုးခေါင်ခြင်းနဲ့ မြေဆီလွှာတွေ ပျက်စီးမှုမှ ကာကွယ်နိုင်ခြင်း၊ စတုရန်းမိုင် (၈၆၈၇) ရှိတဲ့ မြေသားတွေကို လယ်ယာစိုက်ပျိုးရေးအတွက် အသုံးချနိုင်ခြင်း၊ သဘာဝအရင်းအမြစ်တွေကို ဖန်တီးပေးပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် ဂေဟစနစ်တွေ ဖြစ်ထွန်းစေခြင်း၊ လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတွေက ကာကွယ်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို အမြောက်အမြား ရရှိနိုင်မှာ ဖြစ်ပါတယ်။ အာဖရိကတိုက်အတွက် အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်မယ့် ဒီ Great Green Wall ပရောဂျက်ဟာ (၂၀၃၀) ခုနှစ်မှာ ပြီးဆုံးလိမ့်မယ်လို့ ခန့်မှန်းထားပြီး ပညာရှင်တွေကတော့ ပရောဂျက်ကြီးကို ကမ္ဘာ့အံ့ဖွယ်ထဲ တစ်ပါးအပါအ၀င်အဖြစ် တွေ့မြင်ရဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

READ
ခုတ်လိုက်ရင် သွေးတွေထွက်လာတဲ့ ထူးထူးဆန်းဆန်း ရှားပါးသစ်ပင်

လင်းလင်း (ShweMom)

SHARE