မြင်တွေ့ရခဲတဲ့ ကျားသစ် (၃) ကောင်ရဲ့ တစ်ပြိုင်တည်း မိတ်လိုက်ကြပုံ မှတ်တမ်း…

ကျားသစ် အထီးနှစ်ကောင်နဲ့ အမတစ်ကောင်တို့ရဲ့ အတွဲလိုက်ကြီး မိတ်လိုက်နေကြတာကို တောင်အာဖရိကနိုင်ငံမှာ ရှားရှားပါးပါး မြင်ခဲ့ရပါတယ်။

ဒီလို အလွန်ထူးခြားတဲ့ မိတ်လိုက်ပုံမျိုးကို Kalahri ကန္တာရထဲမှာ ခရီးသွားတစ်စုကို တွေ့ကြုံခဲ့ပြီး မှတ်တမ်းယူခဲ့ကြပါတယ်။ နေရာအတိအကျကတော့ တောင်အာဖရိကနိုင်ငံ Tswalu ဒေသမှာ ဖြစ်ပါတယ်။

youtube

တစ်ဖက်မှာလည်း သစ်ကုလားအုတ် လေးကောင်ကို တွေ့ရတယ်။ ကျားသစ်တွေက မိတ်လိုက်တဲ့အချိန်ဆို သိပ်ရှက်တတ်ကြတယ် ဒါကြောင့် ဒီလို မြင်ဖို့က သိပ်ရှားပါတယ်လို့ မှတ်တမ်းတင်ခဲ့သူ Juan Venter က ပြောပါတယ်။

သူတို့ အဲ့ဒီ့နေရာကို ရောက်ရောက်သွားချင်းမှာ ကျယ်ကျယ်လောင်လောင် ဟစ်အော်သံတွေ၊ စူးစူးဝါးဝါး ညှစ်အော်သံတွေကို ကြားခဲ့ကြရလို့ ၄င်းတို့ တိုက်ခိုက်နေတယ်ပဲ ထင်ခဲ့ကြောင်း၊ သို့သော် ကျားသစ် အထီး (၂) ကောင်က အမ (၁) ကောင်တည်းအပေါ် တစ်ပြိုင်တည်း မိတ်လိုက်ဖို့ လုပ်နေတာဖြစ်ကြောင်း ပြန်လည်ပြောပြပါတယ်။

READ
(၁၆)လက်မအရှည်ရှိ ရွှေဆွဲကြိုးကို မျိုချလိုက်တဲ့ အမျိုးသမီး၊ အရေးပေါ်ခွဲစိတ်မှုခံခဲ့ရ
youtube

ရိုက်ကူး ဖော်ပြခဲ့တဲ့ အမျိုးသားက သူ့အနေနဲ့ ရင်တွေတောင် တဒိတ်ဒိတ်တုန်ရပါသတဲ့။ “ကျွန်တော့်အနေနဲ့ ဘာစကားမှ ပြောစရာမရှိတော့ဘူး။ ပါလာတဲ့ သူတွေကိုလည်း သူတို့ နောက်ဒါမျိုး ထပ်မြင်တွေ့ရမှာမဟုတ်လို့ ရိုက်ခိုင်းခဲ့တယ်” လို့ ဆိုပါတယ်။

ချီတာတွေက မိတ်လိုက်တဲ့အခါမှာ သိပ်အယှက်အကြောက်ကြီးကြတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သူတို့ကို အနှောက်အယှက်မဖြစ်စေချင်ခဲ့ဘူး။ သဘာဝကြီးတရာကြီးကို လေးစာဖို့လိုတယ်လေ” လို့ Venter ကပြောပါတယ်။

youtube

အခုလို သူ့လို ဒီဒေသမှာ ဂိုက်လုပ်လာတာ (၁၅) ကျော်ရှိတဲ့ မိတ်ဆွေတွေကြောင်း ဒါမျိုး မမြင်ဖူးကြောင်းလည်းပြောတယ်။ သူ့အတွက်ကလည်း ဒါ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်နိုင်ကြောင်းဆိုပါတယ်။

ဒီအတွေ့အကြုံဟာ သူရဲ့ လုပ်သက်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ သူ့အနေနဲ့ တခြား ရှားပါး၊ မြင်ရခဲ့တဲ့တွေနဲ့လည်း ကြုံဖူးတယ်။ ဒါကတော့ အကောင်းဆုံးတစ်ခုဆိုတာ အသေအချာပါပဲလို့ ပြောပြပါတယ်။

READ
Jesus ရဲ့ တကယ့်မျက်နှာပုံ သိပ္ပံပညာရှင်များ ထုတ်ဖော်

Tswalu Kalahari သစ်တော ကြိုးဝိုင်ဟာ တောင်အာဖရိနိုင်ငံ Cape မြောက်ပိုင်းမှာ ရှိပါတယ်။ အကြီးကျယ်ဆုံး ကြိုးဝိုင်းလည်းဖြစ်ပြီး ဧရိယာ ဟက်တာ (၁၁၄,၀၀၀) ရှိတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Source: Daily Mail

Matthew (ShweMOM)

 

SHARE