ပိုကောင်းတဲ့အင်တာနက်လိုင်းတွေရဖို့ ဂြိုဟ်တုပေါင်း ၃,၀၀၀ ကျော်ကို Amazon လွှင့်တင်မည်

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေထဲက တစ်ဦးဖြစ်တဲ့ Amazon သူဌေး Jeff Bezos ကတော့ သူ့ကိုယ်ပိုင် အာကာသလုပ်ငန်း Blue Origin ကို တည်ထောင်ပြီးနောက် အာကာသနဲ့ဆက်စပ် ပရောဂျက်တွေကို လုပ်ဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါဟာ Elon Musk တည်ထောင်ထားတဲ့ SpaceX ရဲ့ Starlink ဂြိုဟ်တုပရောဂျက်နဲ့လည်း ပြိုင်ဆိုင်မှုတွေရှိလာနိုင်ပါတယ်။

The Verge

Amazon ကနေ လုပ်ကိုင်နေတဲ့ အာကာသဆိုင်ရာ ပရောဂျက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် Geekwire နည်းပညာပေ့ခ်ျရဲ့ ဖော်ပြချက်အရ Amazon ကနေ International Telecommunications Union အတွက် ပရောဂျက်အတွက် အခြေခံစည်းမျဉ်းဖိုင် သုံးခုကို ထုတ်ထားပြီလို့ သိရပါတယ်။

ထိုစာတမ်းများအရ Amazon ဟာ ကမ္ဘာပတ်လမ်းရဲ့ အနိမ့်ဘက် လမ်းကြောင်းကို ဂြိုဟ်တုပေါင်း ၃,၂၃၆ ခု လွှင့်တင်မှာ ဖြစ်ပါတယ်။ အလွှာသုံးလွှာနဲ့ ကမ္ဘာပတ်လမ်းကြောင်းမှာ ရှိမှာ ဖြစ်ပြီး ဂြိုဟ်တု ၇၈၄ ခုက မြေကမ္ဘာနဲ့ ၃၆၇ မိုင်အကွာ၊ ဂြိုဟ်တု ၁,၂၉၆ ခုက ၃၇၉ မိုင် အကွာနဲ့ ဂြိုဟ်တု ၁,၁၅၆ ခုက ၃၉၁ မိုင်အကွာကနေ ကမ္ဘာကို ပတ်မှာ ဖြစ်ပါတယ်။ ထိုပရောဂျက်ကိုတော့ Project Kuiper လို့ နာမည်ပေးထားပါတယ်။

READ
ဒေါ်လာသန်းချီသုံးပြီး နည်းပညာမြင့် စစ်ဝတ်စုံ တီထွင်နေတဲ့ အမေရိကန်နိုင်ငံ
extremetech

ထိုပရောဂျက်ကနေ အရည်အသွေးကောင်းပြီး မြန်နှုန်းမြင့်တဲ့ အင်တာနက်ဝန်ဆောင်မှုကို ကမ္ဘာအနှံ့မှာ အသုံးပြုစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူပေါင်း ဘယ်နှဘီလီယံကို ဝန်ဆောင်မှု လက်လှမ်းမီစေနိုင်မလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာတော့ ကမ္ဘာ့လူဦးရေ ၄ ဘီလီယံက အင်တာနက် အသုံးပြုနိုင်ကြပါတယ်။ ဒါဟာ ရေရှည်ပရောဂျက်ဖြစ်ကြောင်းလည်း Amazon ဘက်က အတည်ပြုပေးထားပါတယ်။

extremetech

Elon Musk ရဲ့ SpaceX ကနေ လုပ်တဲ့ Starlink ပရောဂျက်ကတော့ Project Kuiper ထက် ပိုကြီးပြီး ၂၀၂၀ ခုနှစ်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဂြိုဟ်တုအရေအတွက်အားဖြင့် စုစုပေါင်း တစ်သောင်းကို လွှင့်တင်မှာဖြစ်ပါတယ်။

Ref: Extreme Tech, The Verge

SHARE