Amazon က တော့ အမေရိကန်မှာရှိတဲ့ ကုမ္ပဏီ အတွက် ရှေ့တန်းကနေ တာဝန်ထမ်းဆောင် ပေးနေတဲ့ ၀န်ထမ်းေ တွ အတွက်အေ မရိကန်ဒေါ်လာသန်း ၅၀၀ ဘောနပ်စ် ပေး မယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်ပါ တယ်။ အ မေရိကန် မှာ ရှိတဲ့ အချိန်ပြည့် Full-time operation ၀န်ထမ်းတွေ Amazon အတွက် ဒီဇင်ဘာ ၁ ရက်က နေ ၃၁ ရက် အထိ အလုပ် လုပ် ပေးတဲ့ ၀န်ထမ်း တွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၃၀၀ ရရှိခံစားနိုင်မှာ ဖြစ်ပြီး Part Time သမားတွေ အတွက် တော့ ဒေါ်လာ ၁၅၀ ရရှိ နိုင် မှာ လို့ Amazon Worldwide Operations ရဲ့ စီနီယာ ဒု ဥက္ကဌ ဖြစ်သူ Dave Clark က ပြောပါတယ်။ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။
View this post on Instagram
‘လူ့အသိုင်းအ၀ိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကေ န ပါဝင် ပေးနေတဲ့ ကျွန်တော်တို့ Team တွေ အတွက် ဂုဏ် ယူ ၀မ်း မြောက် မိပါတယ်။အခုဆိုရင် အားလပ်ရက် Holiday Season ကို ရောက် တော့မှာပါ။ကျွန်တော်တို့ရဲ့ အသိအမှတ်ပြုမှုကို အထူး စပယ် ရှယ် ဘောနပ်စ် ပေးပြီး ဖော်ပြ ပေးချင်ပါတယ်။ရှေ့တန်း မှာ အလုပ်လုပ်ပေးနေတဲ့ ၀န်ထမ်းတွေ အတွက် ဘောနပ်စ် အဖြစ် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် အသုံးပြု သွားပါမယ်..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
Amazon က တော့ ကိုဗစ် ကြောင့် အလုပ်ဖြစ် နေတဲ့ စီးပွား ရေး လုပ်ငန်း တွေထဲက တစ်ခုပါ။ အားလပ်ရက် တွေမှာ ဆိုရင်တော့ ပိုပြီးတော့ တောင် အလုပ် ဖြစ် ကြအုံးမှာပါ။ပထမသုံးလပတ် ကာလ တစ်ခု တည်းမှာတင်ပဲ ရှေ့တန်း ကနေ အလုပ် လုပ် ပေးနေရတဲ့ ၀န်ထမ်းတွေ အတွက် ဒေါ်လာ သန်း ၇၅၀ ကျော် အပို ထပ်ဆောင်း ပေးခဲ့ပါတယ်။ အခု သုံးမယ့် သန်း ၅၀၀ အပါအ၀င် တစ်ကမ္ဘာလုံးမှာရှိတဲ့ ၀န်ထမ်းတွေ အတွက် စပယ်ရှယ် ဘောနပ် အဖြစ် နဲ့ အသုံးပြု ပေးခဲ့တဲ့ ကုန်ကျ ငွေ စုစုပေါင်း က တော့ ၂၀၂၀ မှာ ၂.၅ ဘီလီယံ ကျော်အထိ ရှိတယ်လို့ Clark က ပြောပါတယ်။
View this post on Instagram
“ကျွန်တော်တို့ Customer တွေရဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို အရောက်ပို့ဆောင်ပေးနေတဲ့ ကျွန်တော်တို့ Team အတွက် အရမ်း ဂုဏ်ယူမိတယ်၊အားလပ်ရက် ကျရင် လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Social Distancing ကြောင့် ဝေးကွာ နေရတဲ့ မိသားစု တွေ အတွက် ၀န်ဆောင်မှုတွေ ပေးမှာပါ။ကြိုးစားပေးကြတဲ့ Team တွေကို လည်း ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး .”လို့ လည်း ပြောခဲ့ပါတယ်။ Walmart နဲ့ Home Depot တို့ က လည်း သူတို့ ၀န်ထမ်းတွေ အတွက် ဒေါ်လာသန်းပေါင်းများစွာ ဘောနပ်စ် တွေ ပေးခဲ့ ပါတယ်။ Walmart က ဆိုရင် ဇူလိုင်တုန်းက ဒေါ်လာ ၄၂၈ သန်း ဘောနပ်စ် ပေးခဲ့ပါသေးတယ်။
View this post on Instagram
ဒါပေမယ့်လည်း နွေရာသီတုန်းက Amazon CEO Jeff Bezos ရဲ့ အိမ်ရှေ့မှာ ဆန္ဒပြ ခဲ့ ကြပါသေးတယ်။ဆင်းရဲတဲ့ လူ့ အသိုင်းအ၀ိုင်း ကို ပံ့ပိုးပေးပါ။ချမ်းသာတဲ့ လူတွေ ကို မဟုတ်ဘူး. ဆိုတဲ့ စာကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ Institute for Policy Studies (IPS) ရဲ့ ဖော်ပြချက်အရဆိုရင်တော့ မတ်လ လယ်ပိုင်း တည်းက စပြီး ကုမ္ပဏီ ၀န်ထမ်း နှစ်ဟောင်း ကိုဗစ် ကူးစက်ခံနေရချိန် မှာ Bezos ရဲ့ ချမ်းသာကြွယ်ဝမှု က အမေရိကန် ဒေါ်လာ (၇၀) ဘီလီယံ လောက် တိုးလာခဲ့ တယ်လို့ ဆိုပါတယ်။Bezo က တော့ မတ်လက စပြီး ပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း ၁၁၃ ဘီလီယံ က နေ ၁၈၂ ဘီလီယံ အထိ တိုးလာခဲ့ပါတယ်။
#SHWEMOM