ဓနရှင်တွေလက်ထဲက မိုးသစ်တောတွေကို ပြန်လည်လုယူနိုင်ခဲ့ပြီဖြစ်တဲ့ အမေဇုန်မျိုးနွယ်စု

အမေဇုန်မိုးသစ်တောကြီးရဲ့ အလယ်ကို လူတစ်စုရောက်လာခဲ့တုန်းက ဒေသခံ ၀ါရာနီလူမျိုးတွေဟာ အံ့အားသင့်ခဲ့ကြပါတယ်။ ၀ါရာနီတွေထင်ထားတာက သူတို့ဆီအလည်လာတဲ့ ထိုလူအုပ်စုက ဒေသကိုလာတာ ဗီဒီယိုရိုက်ဖို့ဖြစ်လိမ့်မယ်ဆိုပြီးတော့ပါ။ ထိုလူအုပ်စုဟာ ဒေသခံတွေနဲ့ စကားအနည်းငယ်ပြောပြီးနောက်မှာတော့ သူတို့လာရာလမ်းအတိုင်း လေယာဉ်ခရီးနဲ့ ပြန်သွားခဲ့ကြပါတယ်။ မျက်နှာစိမ်းလူတွေက ဘာအတွက်ကြောင့် သူတို့ကို လာတွေ့ရသလဲဆိုတာ ၀ါရာနီတွေ မတွေးမိခဲ့ကြပါဘူး။

facebook

နောက်ပိုင်းမှာတော့ သူတို့သိလိုက်ရတာက သူတို့အနေနဲ့ တစ်ခါသာမြင်ဖူးခဲ့တဲ့ ထိုသူတွေဆီ သူတို့နေထိုင်နေတဲ့ နယ်မြေကို ၀ကွက်အပ်လိုက်ရတော့မယ် ဆိုတာကိုပါ။ ကိုယ်နေထိုင်တဲ့မြေက သူများလက်ထဲ ပါသွားတာသိသွားတော့ ၀ါရာနီတွေဟာ ဒီအတိုင်း ငြိမ်ခံမနေခဲ့ပါဘူး။ သူတို့နယ်မြေကို အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ရေနံကုမ္ပဏီကြီးတွေရယ်၊ ကုမ္ပကြီးတွေဆီက လာဘ်ယူထားတာကြောင့် သူတို့မျိုးနွယ်စုကို မောင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ အီကွေဒေါအစိုးရကို ၀ါရာနီတွေဟာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။

facebook

ဖြစ်ပုံက ရေနံကုမ္ပဏီပေါင်းများစွာတို့ဟာ အမေဇုန်ရဲ့ မြေအောက်ရေနံတွေကို မျက်စိကျနေပြီး ထုတ်ယူသုံးစွဲဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒါ့အပြင် အစိုးရကိုယ်တိုင်ကလည်း ရေနံပရောဂျက်တွေအတွက် လေလံခေါ်ပြီး ဒေသခံအမေဇုန်တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို လာဘ်လာဘအတွက် အသုံးချဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ၀ါရာနီဒေသခံမျိုးနွယ်စုတွေဟာ ကိုယ့်အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို နားလည်ကြသူတွေပါ။ သူတို့နဲ့ တရားတဘောင် ရင်ဆိုင်ရတဲ့သူတွေက ဓနရှင်၊ အာဏာရှင်တွေ ဖြစ်ပေမယ့်လည်း နောက်မတွန့်ခဲ့ကြပါဘူး။ ကိုယ်ချစ်တဲ့ မြေအတွက် ကာကွယ်ရင်း အဆုံးစွန်ထိ တိုက်ခိုက်သွားဖို့ အားတင်းခဲ့ကြတာ ဖြစ်ပါတယ်။

READ
ပြေးရမှာအပျင်းကြီးသူတွေပါဝင်တဲ့အပြေးပြိုင်ပွဲပြုလုပ်ပြီးရန်ပုံငွေအမြောက်အမြားရှာဖွေနိုင်ခဲ့

အခုအခါမှာတော့ ပြီးခဲ့တဲ့ ဧပြီလမှာပဲ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရာနီတွေဟာ တရားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၀ါရာနီတွေဘက်က တရားနိုင်ခဲ့တာကြောင့် ၀ါရာနီတွေဟာ ရေနံကုမ္ပဏီကြီးတွေလက်က သူတို့ပိုင်တဲ့မြေကို ပြန်လည်ရယူနိုင်ခဲ့တဲ့အပြင် ဒေသနယ်မြေတွေကို ကာကွယ်ခွင့် ဥပဒေတွေလည်း ရရှိခဲ့ကြောင်း သိရပါတယ်။ ဥပဒေဘက်က အမေဇုန်နယ်မြေ ဧကသန်းတစ်ဝက်ကို ၀ါရာနီတွေ ပိုင်ဆိုင်ခွင့်ရှိကြောင်းနဲ့ ၀ါရာနီတွေရဲ့ နယ်မြေတွင်းမှာ သတ္တုတွင်း မိုင်းတွင်းတူးတာတွေ မလုပ်ဖို့ တားမြစ်လိုက်တယ်လို့လည်း သိရပါတယ်။

ဝါရာနီပက်စ်စတာဇာ အဖွဲ့အစည်းက ဥက္ကဌလည်းဖြစ်၊ တရားလိုလည်း ဖြစ်တဲ့ နီမွန်တီနန်ကီမိုကတော့ ” ကျွန်တော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနယ်မြေမှာ အစဉ်အဆက်နေထိုင်လာခဲ့ကြတာပါ။ ဒါကြောင့် ဒီနယ်မြေဟာ ကျွန်တော်တို့နဲ့ သက်ဆိုင်တယ်။ ဒီနယ်မြေနဲ့ ပတ်သက်ပြီး ဒေသခံတွေဖြစ်တဲ့ ကျွန်တော်တို့ကပဲ စဉ်းစားဆုံးဖြတ်ခွင့်ရှိတယ်။ ဒေသခံတွေရဲ့ အခွင့်အရေး၊ ဒေသခံတွေနေထိုင်နေတဲ့ သစ်တောတွေနဲ့ ဒေသခံတွေရဲ့ ဘ၀တွေထက် အဖိုးတန်တာ ဘာမှမရှိပါဘူး..” လို့လည်း ရှင်းပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

READ
အခြားလူတစ်ယောက်ပုံစံ ပြောင်းသွားသလိုမျိုး ကိုယ်အလေးချိန်ကို ချပစ်ခဲ့တဲ့ လူငယ်လေး

Ref: goodtimes

SHARE