Amber Heard ကို Aquaman 2 ကနေ ဖယ်ရှားပစ်ဖို့ တောင်းဆိုသူ (၁.၅)သန်းကျော်ရှိနေ

Aquaman, Instagram- Amber Heard

Amber Heard ကို Aquaman 2 ကနေပြီး ထုတ်ပယ်ဖို့အတွက် ကမ္ဘာတစ်လွှားကလူတွေစုပြီး ဆန္ဒထုတ်ဖော်နေခဲ့ကြပါတယ်။ Change.Org ဆိုတဲ့ website ကို အသုံးပြုပြီးတော့ ထောက်ခံဖို့အတွက် စာရင်းပေးနေခဲ့တာ နိုဝင်ဘာလ ၄ ရက်နေ့ကတည်းကပါပဲ။

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)


“Remove Amber Heard from Aquaman 2” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလှုပ်ရှားမှုကိုတော့ Jeanne Larson ဆိုတဲ့ အမျိုးသမီးက စတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ Amber Heard ရဲ့ ခင်ပွန်းဟောင်း Johnny Depp ကြောင့်ပါတဲ့။ အကြောင်းအရာကို အကြမ်းဖျဉ်းပြောပြရမယ်ဆိုရင်တော့ Amber Heard အနေနဲ့ Johnny Depp ဟာ သူမကို အိမ်တွင်းအကြမ်းဖက်မှုတွေလုပ်နေခဲ့ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ ညှင်းပမ်းမှုတွေပြုလုပ်နေခဲ့တယ်ဆိုပြီး ဟောလိဝုဒ်လောကထဲမှာ သတင်တွေ လွှင့်မှန်းမသိ လွှင့်နေခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအရာတိုင်းမှာ နှစ်ဖက်အမြင်ရှိစမြဲမလို့ Johnny Depp ဖက်ကတော့ သူဟာ Amber Heard ကို ဘာမှမလုပ်ဘဲ Amber Heard ကသာ သူ့ကို ကိုယ်ထိလက်ရောက်စော်ကားနှိပ်စက်နေခဲ့တာဖြစ်ပြီးတော့ စိတ်တွေပြိုလဲအောင်လည်း စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ လုပ်နေခဲ့တာဆိုပြီး နောက်မှ ဖွင့်ပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)


အမှုမှန်ပေါ်ပေါက်ရေးအတွက် လက်တလောမှာတော့ Johnny Depp နဲ့ Amber Heard တို့ဟာ တရားရင်ဆိုင်နေရတဲ့အပြင်ကိုမှ Johnny Depp ဟာ မဆီမဆိုင်ဘဲ Fantastic Beast 3 ကနေ gellert Grindelwald အဖြစ်မှ နှုတ်ထွက်ဖို့ Warner Bros က ဖိအားပေးခြင်းကို ခံခဲ့ရတာပါ။ Warner Bros ဆိုတာ Aquaman 2 ကိုလည်း ရိုက်ကူးထုတ်လုပ်နေတဲ့ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တာကြောင့် ပရိတ်သတ်တွေဟာ ပိုပြီးတော့ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။Johnny Depp ကိုကျ အမှုကိစ္စကြောင့် ရိုက်ကူးရေးကိုအချိန်မပေးနိုင်မှာစိုးလို့ ထုတ်ခဲ့ပေမယ့် Amber Heard ကိုကျ ဘာမှမပြောပါဘူးတဲ့လေ။

READ
ကမ္ဘာ့အအောင်မြင်ဆုံး Live Streamer မလေး SSSniperWolf ရဲ့ ဘ၀ဇာတ်ကြောင်း

လက်တလောမှာတော့ Amber Heard ကို Aquaman 2 ကနေ ထုတ်ပေးဖို့ ထောက်ခံသူတွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ကို ၁၆ သိန်းကျော်နေခဲ့ပါပြီ။ စက္ကန့်အလိုက် ထောက်ခံသူတွေဟာ တိုးတိုးလာနေတဲ့အတွက် မကြာခင်မှာပဲ ရည်မှန်းထားတဲ့ သန်း ၃၀ ကို ပြည့်တော့မယ်ဆိုတာ ခန့်မှန်းလို့ရနေပါပြီ။

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)

Website-Change.Org

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)


ဒါပေမဲ့လည်း အခုအချိန်ထိ Warner Bros ဖက်က ဘာမှ ထုတ်ပြန်ခြင်းမရှိသလို Amber Heard ကဆိုရင် ၂၀၂၁ မှာ ရိုက်ကူးရေးစတော့မှာမလို့ အခုကတည်းက ကြိုတင်ရင်ခုန်နေပြီဆိုပြီးတောင် အင်တာဗျူးမှာ ပြောထားခဲ့ပါသေးတယ်။ ပရိတ်သတ်တွေကတော့ ရှင်းပါတယ်။ အကယ်၍ Warner Bros ဖက်က Aquaman 2 ကနေ Amber Heard ကို မထုတ်ပေးဘူးဆိုရင် ရုံတင်တဲ့အခါ လုံးဝမကြည့်ဘူးဆိုပြီးလည်း ဟစ်ကြွေးနေခဲ့ကြတာပါ။

READ
မဂ္ဂဇင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ Rain


penny

SHARE