ပြီးခဲ့တဲ့တင်္နလာနေ့တုန်းက Johnny Depp ဟာ ဇနီးဟောင်း Amber Heard ရဲ့အကြောင်းတွေကို လန်ဒန်တရားရုံးမှာ ကြားနာနေတုန်း ထုတ်ပြောပြလာခဲ့ပါတယ်လို့ People မှာ ဖော်ပြထားပါတယ်။
၂၀၁၆ ခုနှစ်တုန်းက Johnny Depp အတွက် စီးပွားရေးမှာ တော်တော်လေး ထိခိုက်သွားတဲ့နှစ်လို့ဆိုရမှာပါပဲ။ သူ့အနေနဲ့ Pirates of the Caribbean ရိုက်တုန်းက အနုပညာကြေးမြောက်များစွာရထားခဲ့ပေမယ့်လည်း သူငှားထားတဲ့ ငွေကြေးစီမံပေးတဲ့မန်နေဂျာရဲ့ မကောင်းမှုကြောင့် ပိုက်ဆံတွေလည်း စာရင်းမကိုက်တာတွေ၊ အစိုးရအခွန်တွေဆိုလည်း ရှောင်ထားတာတွေဖြစ်သွားခဲ့ပါတယ်။
ဒီအကြောင်းတွေကို အချိန်လွန်ကာမှ သိပြီး သက်သေလည်းတိတိကျကျမရှိတဲ့အတွက်ကြောင့် နောက်ဆုံးရလဒ်ကတော့ Johnny Depp တစ်ယောက် အစိုးရကို ၁၇နှစ်စာ အခွန်တွေပေးဖို့ အကြွေးကျန်သွားခြင်းပါပဲ။ ဒေါ်လာပေါင်း သန်း ၁၀၀ လောက် အကြွေးတင်နေကြောင်း အဲဒီအချိန်တုန်းက ပေါင်းသင်းနေခဲ့တဲ့ ဇနီးဖြစ်သူ Amber Heard ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ ဒီအပြင် လုပ်ငန်းဆုံးရှုံးမှုဟာလည်း ဒေါ်လာသန်း ၆၅၀ တောင် ဖြစ်သွားခဲ့တဲ့အတွက် တော်တော်လေး ခက်ခဲသွားတဲ့ အခေအြနေတစ်ရပ်ပါ။
ဒါကိုကြားကြားချင်းမှာပဲ Amber Heard အနေနဲ့ စိတ်လွတ်သွားဟန်တူပြီး Johnny Depp ရဲ့မျက်နှာကို လက်သီးနဲ့ပိတ်ထိုးပစ်ခဲ့ပါတယ်တဲ့။
၂၀၁၈ ခုနှစ်တုန်းကဆိုရင် နာမည်ကြီးမီဒီယာတွေနဲ့ အနုပညာအသိုင်းအဝိုင်းတွေအပါအဝင် ပရိတ်သတ်တွေကပါ သူ့ကို “wife beater” လို့ခေါ်ပြီး သမုတ်ခဲ့ကြတာပါ။ ဒါဟာလည်း မင်းသမီး Amber Heard အနေနဲ့ ပတ်ဝန်းကျင်ကို သူမသာလျှင် နစ်နာသူဖြစ်ကြောင်း အရင်ဦးစွာ သတင်းဖြန့်ထားခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။
အခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းကမှ Johnny Depp ရဲ့ လျှပ်တပျက်ဓာတ်ပုံတွေကနေတစ်ဆင့် အညိုအမည်းစွဲနေခဲ့တာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေနဲ့ အင်တာဗျုးမှာ ဖြေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ဟန်ရှိနေတဲ့ စကားတွေနဲ့ ဆက်စပ်မိပြီး ပရိတ်သတ်တွေကတစ်ဆင့် ထုတ်ဖော်ခဲ့ပြီး အခုတော့ တရားရုံးမှာ တရားစီရင်နေခဲ့ပါပြီ။
penny