ဘယ်သူတွေဘယ်လိုပဲ ကန့်ကွက်နေပါစေ ၊ Auqaman 2 မှာ ဆက်ပါမှာဆိုတဲ့ သူမ

[email protected],@JOHNNYDEPP

Johnny Depp နဲ့ Amber Heard တို့ရဲ့ဇာတ်လမ်းကတော့ နှစ်တွေကြာနေပြီးကာမှ အခုအချိန်ထိ ဇာတ်ရှိန်တက်နေတုန်းပါပဲ။

 

View this post on Instagram

 

A post shared by Johnny Depp (@johnnydepp)

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)

သူတို့နှစ်ယောက်ဟာ အနုပညာလောကထဲမှာပဲ စတင်တွေ့ခဲ့ပြီးတော့ တွဲတာ ၁ နှစ်တောင်မကြာသေးတဲ့အချိန်မှာပဲ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာပဲ Johnny Depp ပိုင်တဲ့ Bahamas က private island မှာ မိတ်ဆွေအနည်းအကျဉ်းနဲ့ပဲ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး ၁ လတောင်မကြာသေးတဲ့အချိန်မှာပဲ နှစ်ယောက်သား ရန်ဖြစ်ပါတော့တယ်။ ရန်ဖြစ်တာကလည်း ပုလင်းတွေ၊ ပြူတင်းပေါက်တွေနဲ့ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်တာ၊ ရိုက်ခွဲပစ်တာမျိုးတွေကို ပြုလုပ်ပြီးတော့ကို Amber Heard ဖက်က စပြီး လက်ပါခဲ့တာပါတဲ့။

 

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)

ဒါကြောင့်ပဲ Johnny Depp တစ်ယောက် လက်ချောင်းတစ်ချောင်း ပုလင်းခွဲကြောင့် ဟက်တပ်ကြီးကွဲကာ တခြားသော ဒဏ်ရာတွေကြောင့်ဆေးရုံတောင် တင်ခဲ့ရပါသေးတယ်။ ကြားထဲမှာလည်း ထိခိုက်ဒဏ်ရာရတဲ့အထိကို Amber Heard ဖက်က Johnny Depp ကို ပြုလုပ်နေခဲ့တာပါ။ ဒါပေမဲ့လည်း Amber Heard က ဟောလိဝုဒ်လောကထဲကို သူမဟာ ခင်ပွန်းသည် Johnny Depp ရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းစဲမှုကို ခံနေရပါတယ်ဆိုပြီး သတင်းလွှင့်ခဲ့ပါတယ်။ ဒီကြားထဲ Johnny Depp ရဲ့ ဘဏ္ဍာရေးတာဝန်ခံနဲ့ ပူးပေါင်းပြီးတော့ ပိုက်ဆံတွေကိုလည်း Amber Heard က အပိုင်သိမ်းတာတွေလည်း ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)

တောက်လျှောက် Johnny Depp ဖက်က ဘာမှ တုန့်ပြန်ခြင်းမရှိခဲ့ပေမယ့်လည်း ၂၀၁၆ခုနှစ်ထဲ ကွာရှင်းပြတ်စဲဖို့တောင်းဆိုလာခဲ့ပါတယ်။ ဒီလိုနဲ့ ခွဲနေပြီး ကွာရှင်းဖို့ လုပ်ရင်းနဲ့မှ ၂၀၁၉ ခုနှစ်မှာတော့ Johnny Depp ဟာ Amber Heard ကို တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲတယ်ဆိုလည်း သူ့အနေနဲ့ Amber Heard ပြောတဲ့အတိုင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းစဲမှုတွေကို ပြုလုပ်နေသူမဟုတ်ဘဲနဲ့ ခံနေရသူဖြစ်ကြောင့် တရားမျှတမှုကို သက်သေပြဖို့ပါပဲ။

READ
Official Swimsuit ပုံတွေကို ဝေမျှလိုက်တဲ့ အလှမယ် ဆုမြတ်ဖူး

သို့ပေမယ့်လည်း တရားရုံးကတော့ Johnny Depp ရဲ့ အဆိုကို ပယ်ချခဲ့ပါတယ်။ ဒီရဲ့ အကျိုးဆက်တွေကြောင့် Johnny Depp ဟာ သူ့ရဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ထိခိုက်လာခဲ့ပါပြီ။ ဥပမာပြောရရင် Warner Bros ရဲ့ Harry Potter အဆက် Fantastic Beast ရဲ့ ဇာတ်ကောင်တစ်နေရာကနေပြီး နှုတ်ထွက်ဖို့ ဖိအားပေးမှုတွေ၊ နှစ်ပေါင်းဆယ်နဲ့ချီအောင် တည်ဆောက်လာခဲ့တဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေ စတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ပရိတ်သတ်တွေကတော့ Johnny Depp အနေနဲ့ Fantastic Beast မှ နှုတ်ထွက်ခဲ့ရသလို Amber Heard ကိုလည်း Aquaman ထဲကနေပြီးတော့ နှုတ်ထွက်ခိုင်းနေခဲ့ပါတယ်။ ဒီလိုနှုတ်ထွက်ခိုင်းဖို့အတွက် ကမ္ဘာအနှံ့က ပရိတ်သတ်တွေအကုန်လုံးက website တစ်ခုမှာ လက်မှတ်ထိုးပြီးတော့တောင် တောင်းဆိုခဲ့ပါတယ်။ လက်မှတ်ပေါင်းထောင်နဲ့ သောင်းနဲ့ချီပြီးတော့  ရှိနေခဲ့ပြီဖြစ်ပေမယ့်လည်း Amber Heard ကတော့ သူမအနေနဲ့ Aquaman ကနေ ထွက်ဖို့ဆိုတာ နည်းနည်းလေးတောင် အခွင့်အရေးမရှိကြောင်းနဲ့ နောက်နှစ်မှာ ထွက်လာမယ့် Aquaman 2 အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပြီဆိုပြီးတော့ကို အင်တာဗျုးတွေမှာ ပွင့်ပွင့်လင်းလင်းပြောလာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Amber Heard (@amberheard)

penny

SHARE