အရုပ်လေးတွေလိုလှတဲ့ K-pop စတားတွေရဲ့ အမှောင်ခြမ်းက ဘ၀တွေအကြောင်း

Koreanboo

ကေပေါ့ပ်စတားတွေဟာ စင်ပေါ်တင်ထားတဲ့လှပတဲ့အရုပ်လေးတွေလို ပြည့်စုံလွန်းနေကြသူတွေဆိုပေမယ့် မမြင်ရတဲ့အမှောင်ဘက်ခြမ်းက သူ့တို့ရင်ဆိုင်ရတဲ့ စိတ်ဖိအားတွေက အင်မတန်ကြီးမားလွန်းလှပါတယ်။ ငွေကြေး၊ ရုပ်ရည်ပြောဆိုစရာမလိုအောင် ပြည့်စုံကြတဲ့ ကေပေါ့ပ်စတားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ တောက်လျှောက်ဆိုသလိုဖြစ်လာခဲ့ပြီးနောက်မှာ ကေပေါ့ပ်နယ်ပယ်ကြီးဟာ ကြောက်လန့်စရာလောကကြီး တစ်ခုဖြစ်လာခဲ့ပါတယ်။

K-pop ဟာ တောင်ကိုရီးယားအတွက် နိုင်ငံတကာကို အထိုးဖောက်နိုင်ဆုံးနဲ့ ၀င်ငွေအရဆုံး ဖြစ်သလို၊ နိုင်ငံတကာက လူငယ်တွေအပေါ်များစွာ လွှမ်းမိုးမှုရှိတဲ့ လုပ်ငန်းကြီးတစ်ခုဆိုလည်းမမှားပါဘူး။

ဒါပေမယ့် မကြာသေးခင်ကမှ နှစ်လတောင်မကြာဘဲ နာမည်ကြီးကေပေါ့ပ်စတား ဆောလီနဲ့ဂိုဟာရာတို့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဟာ K-popလောကကြား အကြီးအကျယ်တုန်လှုပ်စရာဖြစ်ခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် K-pop လောကရဲ့အမှောင်ဘက်ခြမ်းနဲ့ အနုပညာရှင်တွေရင်ဆိုင်နေရတဲ့ ပြင်းထန်တဲ့ဖိအားတွေအပေါ် အာရုံစိုက်စူးစိုက်လာကြပါတယ်။

Twitter/AmberLiu

ဆောလီပါဝင်တဲ့ f(x)အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဟောင်းတစ်ဦးဖြစ်တဲ့ Amber Liu က  CBS နဲ့အင်တာဗျူးမှာ K-pop စတားတွေဟာ ပုံပန်းသွင်ပြင်၊ ဖျော်ဖြေတင်ဆက်မှုနဲ့ စည်းကမ်းလိုက်နာရမှုတွေ အားလုံးနဲ့ပြည့်စုံနေရသူဖြစ်တယ်။ ဖိအားတွေရဲ့ဒဏ်တွေကို ပြင်းပြင်းထန်ထန်ခံကြရတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်၊ ဘယ်လိုနေထိုင်ပြုမူရမယ်စသဖြင့် အထိန်းအချုပ်တွေနဲ့နေရတယ်။ သူကိုယ်တိုင်လည်း ဖိအားတွေ ၊ cyberbullyingလုပ်ခံရတာတွေကို ကြုံတွေ့ခံစားခဲ့ရတယ်လို့ဆိုပါတယ်။

K-pop idols တွေရဲ့ သက်တမ်းဟာ ပျှမ်းမျှအားဖြင့် အသက်(၃၀)ထိပါပဲ၊ အဲ့ဒီအချိန်မတိုင်ခင် အောင်မြင်မှုတွေ အတွက် အရမ်းကြိုးစားကြရပြီးတော့ စိတ်ဖိအားများစွာကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ အောင်မြင်တဲ့ idolsတစ်ယောက်ဖြစ်အောင် ပွဲဦးမထွက်ခင်(၁၀)နှစ်လောက် ခက်ခဲကြမ်းတမ်းတဲ့ trainingတွေကိုလည်း ဖြတ်ကျော်ကြရတာပါ။

Alexaundra Christine Schneiderman ကလည်း K-pop idols တွေဟာ လူတွေအမြင်မှာ စင်ပေါ်တင်ထားတဲ့ အရုပ်လေးတွေလိုပဲ၊ အပြင်ပိုင်းအရအရမ်းပြည့်စုံတယ်။ အဲ့ဒီနောက်ကွယ်မှာ ကြိုးစားမှုတွေဟာ အရမ်းတွေခက်ခဲကြမ်းတမ်းတယ်။စိတ်ဆင်းရဲမှု၊ စိတ်ဓာတ်ကျမှုများစွာရင်ဆိုင်ခဲ့ရတာပါ။ ဖန်တွေရဲ့အားပေးမှုကလည်း အင်မတန်ကြီးမားသလို၊ ကြောက်စရာလည်းကောင်းတယ်။

သူတို့ကြိုက်တဲ့ အနုပညာရှင်တွေအတွက် ငွေကြေးအမြောက်အမြား ရင်းပြီး အားပေးကြတယ်။

သူတို့ idols နဲ့ယှဉ်လာရင်ပြိုင်ဘက် idols တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တတ်တယ်။ ပရိတ်သတ်ရဲ့အားပေးမှုနဲ့ ရှင်သန်နေရတဲ့ idols တွေအတွက် တော့ အမြဲတမ်းဂရုတစိုက်ပြုမူနေထိုင်ကြရတာပါ။ဖန်တွေဟာ  ဒီနေ့မှာ idols တစ်ယောက်ကို အရူးအမူးကြိုက်ပေမယ့်၊ သူတို့မျှော်လင့်သလိုမဖြစ်ခဲ့ရင် နောက်တစ်နေ့မှာ အဲ့ဒီ idols ဟာ ရန်သူပဲ။ 

လူမြင်ကွင်းလိုနေရာတွေမှာ သင်မပြုံးလိုက်မိရင်တောင်မှ အဲ့ဒီအပြုအမူအတွက် အချိန်အတော်ကြာဆိုးဆိုးဝါးဝါးတိုက်ခိုက်ခံရပါတော့တယ်။ ဆိုးဝါးပြင်းထန်တဲ့ cyberbullyingလုပ်ခံရမှုတွေကြောင့် အနုပညာရှင်တွေဟာ စိတ်ကျရောဂါဖြစ်လာပြီးတော့ နောက်ဆုံးလောကကြီးကို အရှုံးပေးထွက်ခွာရတဲ့အထိဖြစ်လာကြတာဖြစ်ပါတယ်။

Khaing Sandar

SHARE