ထပ်တူညီတဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မျက်လှည့်ဆရာစုံတွဲ

@caseykathleen_/Instagram

 

 

View this post on Instagram

 

@agt premieres tonight! Who’s watching?

A post shared by Shin Lim (@shinlimmagic) on

၁၉၉၁ ဖွား Liang-Shum Lim ဆိုတဲ့ လူငယ်လေးတစ်ဦးဟာ တရုတ်သွေးပါပေမယ့်လို့ ကနေဒါ-အမေရိကန်စပ်တစ်ဦးဖြစ်ပါတယ်။ Shin Lim ဆိုတဲ့ နာမည်နဲ့ အမြင်အာရုံလှည့်ဖျားနိုင်တဲ့ မျက်လှည့်ပညာနဲ့ Las Vegas မှာ အသက်မွေးဝမ်းကျောင်းပြုနေခဲ့တဲ့လူငယ်လေးတစ်ယောက်ပါ။ မျက်လှည့်ပညာကို ငယ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဒီလောကထဲ စတင်ဝေင်ရောက်ဖို့အတွက် YouTube က ဗီဒီယိုတွေကြည့်ပြီး ကိုယ်တိုင်လေ့ကျင့်ကာ သင်ယူခဲ့ရတာပါ။ အားထုတ်မှုကြောင့်ပဲ  ၂၀၁၈ ခုနှစ်ရဲ့ America’s Got Talent ရဲ့ ချန်ပီယံတွေချည်းပဲ ထပ်ပြိုင်တဲ့ပွဲမှာ ဆုရရှိခဲ့ပါတော့တယ်။

Shin Lim ဟာ ဝါသနာနဲ့ဝမ်းစာဟာ တစ်ထပ်တည်းကျလို့ အများတကာရဲ့အားကျခြင်းကို ခံခဲ့တဲ့အပြင်ကိုမှ အချစ်ရေးမှာလည်း ကံအကောင်းဆုံးလူသားတွေထဲ ပါဝင်လို့နေခဲ့ပါတယ်။ Lim ရဲ့ချစ်သူလေးဟာလည်း မျက်လှည့်လောကထဲက အကူအဖြစ်ပါပေးရတဲ့အမျိုးသမီးအဖြစ် လုပ်ကိုင်လေ့ရှိပြီး အကမယ်တစ်ဦးအဖြစ်လည်း အသက်မွေးဝမ်းကျောင်းပြုနေသူလေးပါ။

 

 

View this post on Instagram

 

This week has been awesome with my bubs ♥️, see ya next time Australia

A post shared by Shin Lim (@shinlimmagic) on

Shin Lim နဲ့ ချစ်သူလေး Casey Thomas တို့နှစ်ယောက်ဟာ လာမယ့်အပတ်လောက်ထဲ လက်ထပ်ပွဲကျင်းပတော့မယ်ဆိုပြီး Next Shark မှာ ဖတ်ခဲ့ရပါတယ်။ သူတို့အစား အကြိုကြည်နူးနေပြီ။ အချစ်ရေးမှာကံကောင်းသူလို့ Shin Lim ကို ဖြစ်စေခဲ့သူလေးကတော့ Casey ပါပဲ။ Casey ဟာ ရုပ်ရည်ရူပကာရော၊ အလုပ်အကိုင်ရောမှာ ဘာမှအပြစ်ပြောစရာမရှိဘဲ အေးအေးချမ်းချမ်းမျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သွက်လက်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ။

READ
ငှက်ဖျားရောဂါကာကွယ်ရေး လှုံ့ဆော်ဖို့အတွက် ခြင်(၁)သောင်း အကိုက်ခံခဲ့တဲ့ ဘက်ခမ်း

သူတို့နှစ်ယောက်စတင်တွေ့ဆုံခဲ့တာကတော့ ကာစီနိုအပန်းဖြေစခန်း Studio City ဆိုတဲ့ Macau ဟိုတယ်တစ်ခုမှာပါပဲ။ House of Magic ဆိုတဲ့ ရှိုးတစ်ခုမှာ Shin Lim နဲ့ Casey တို့နှစ်ယောက်ဟာ အတူတူဖျော်ဖြေခဲ့ကြရင်း မျက်လုံးချင်းခဏခဏစုံကာ တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတမ်းမိကာ သတိထားမိခဲ့ကြပါတယ်တဲ့။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ကပေါ့။ ပွဲပြီးတာနဲ့ Shin Lim ဟာ Casey အနားသွားပြီး စကားပြောခဲ့ရင်း နာရီပိုင်းအတွင်းမှာပဲ မသိစိတ်ကရင်းနှီးမှု၊ မြင်မြင်ချင်းချစ်သက်ဝင်မှုတွေကြောင့် နှစ်ယောက်သားချစ်သူတွေဖြစ်သွားခဲ့ကြပါတော့တယ်။ Shin Lim ကတော့ Casey နဲ့ စတွေ့မှသူ့ရဲ့ဘဝကြီးဟာ ပဉ္စလက်ဆန်လာတော့ပါတယ်တဲ့။

 

 

View this post on Instagram

 

It’s been one week since this guy got on one knee and asked me to marry him. I love you @shinlimmagic

A post shared by Casey Kathleen (@caseykathleen_) on

 

 

View this post on Instagram

 

Can’t wait to have this guy and all of his magic back in my life #19moredays #countingdownthedays #hurryup

A post shared by Casey Kathleen (@caseykathleen_) on

 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်၊ ချစ်သူစဖြစ်ပြီး တစ်နှစ်တိတိအကြာမှာတော့ Casey ကို လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။ အဲဒီအကြောင်း YouTube မှာ ဗီဒီယိုလေးရိုက်ပြီးတော့တောင် တင်ခဲ့ပါသေးတယ်။

READ
အလှူအတန်းနဲ့ပတ်သက်လာရင် အမြဲတမ်းရက်ရောသူတစ်ဦးဖြစ်တဲ့ လီယိုနာဒို

 

 

View this post on Instagram

 

Today is dedicated to you @caseykathleen_ ♥️ nothing can describe my happiness when I’m with you, Happy Valentine’s Day

A post shared by Shin Lim (@shinlimmagic) on

 

 

View this post on Instagram

 

Looking forward to starting my American chapter with this one in 3 days time #movingtoamerica #ilovevegemite @shinlimmagic

A post shared by Casey Kathleen (@caseykathleen_) on

ချစ်ဖို့သိပ်ကောင်းပြီး ရိုးရှင်းလှတဲ့ မျက်လှည့်ဆရာ Shin Lim နဲ့ Casey တို့စုံတွဲလေးဟာ နောက်တစ်ပတ်ထဲမှာ လက်ထပ်တော့မှာပါတဲ့။

Penny

SHARE