လိင်တူချစ်သူနဲ့ အတူနေခွင့်မပေးတဲ့ ဂျပန်အာဏာပိုင်တွေကိုအမေရိကန်အမျိုးသားတရားစွဲ

Twitter "Huffpost"

အမေရိကန် အမျိုးသားတစ်ယောက်ဟာ ဂျပန်ခင်ပွန်းနဲ့ အတူတူနေနိုင်ရေး အဘက်ဘက်က အနှောင့်အယှက်ပေးနေတဲ့ ဂျပန်အာဏာပိုင်တွေကို မကျေမနပ်ဖြစ်နေပြီး ရှေ့နေငှားရမ်းကာ တရားစွဲဆိုခဲ့ပြီလို့ သိရပါတယ်။ သူ့အမည်ကတော့ Andrew High ဖြစ်ပြီး လိင်တူချစ်သူ ဂျပန်ခင်ပွန်းအမည်ကတော့ Kohei လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အမေရိကန်မှာ လိင်တူချစ်သူဘဝနဲ့ (၁၅)နှစ်ကြာ အတူနေထိုင်ခဲ့ကြပြီး၊ (၂၀၁၅)ခုနှစ် ပြည်နယ်(၅၀)မှာ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့် ခွင့်ပြုလိုက်ပြီးနောက်၊ သူတို့နှစ်ယောက်လည်း တရားဝင် လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။ High ဟာ (၂၀၀၉)ခုနှစ်ကတည်း ဂျပန်မှာ နေခဲ့ပြီး ခင်ပွန်း Kohei နဲ့ အတူတူနေထိုင်ခွင့် ကြာရှည်စွာ ရှရိရေးအတွက် နှစ်ရှည်ဗီဇာ လျှောက်ခဲ့ပေမယ့်လည်း ဂျပန်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တာပါ။

usembassytokyo

သူတို့ကို ကာလတိုဗီဇာနဲ့သာ နေထိုင်ခွင့်ပြုခဲ့ပြီး နောက်လဆိုရင် အခုလက်ရှိဗီဇာက သက်တမ်းကုန်ပါပြီ။ တကယ်လို့ သူဟာ နှည်ရှည်ဗီဇာရရင် (၅)နှစ်ကြာ နေထိုင်ခွင့် ရမှာဖြစ်ပြီး၊ ဒီအတွက်လည်း သူမှာ လျှောက်ထားပိုင်ခွင့် ခိုင်လုံပေမယ့် ဂျပန်အစိုးရဘက်က အကြောင်းအမျိုးမျိုြး့ပပြီး ငြင်းပယ်ခဲ့တာပါ။

READ
အလစ်သုတ် ထွက်ပြေးတဲ့သူခိုး ချက်ချင်းပြန်ဝဋ်လည်ခဲ့တဲ့ ရယ်စရာအဖြစ်

သူတို့နှစ်ယောက်ရဲ့ ရှေ့နေအဖြစ် တာဝန်ယူထားတဲ့ Masako Suzuki က “တကယ်လို့ ကျွန်မရဲ့အမှုသည်တွေ အတူနေထိုင်ခွင့် မရကြဘူးဆိုရင် ဒါဟာ တစ်ဖက်စောင်းနင်း ဖြစ်ရာ ကျလွန်းသွားမှာပါ … ဂျပန်မှာ တစ်ခြားနိုင်ငံခြားသားနဲ့ မင်္ဂလာဆောင်ခဲ့ကြတဲ့ လိင်ကွဲစုံတွဲတွေကြတော့ ရေရှည်ဗီဇာ လျှောက်လို့ အလွန်လွယ်ကူပါတယ် ”လို့ ပြောခဲ့ပါတယ်။

usembassytokyo

High ဟာ အစက ဂျပန်တိုကျို ဒေသခံကုမ္ပဏီတစ်ခုမှာ ဈေးကွက်မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ပေမယ့်၊ နောက်ပိုင်း ဘဏ္ဍာရေး ပြဿနာတွေကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ရေရှည်ဗီဇာ လျှောက်ထားခဲ့ပေမယ့် (၅)ကြိမ်အထိ ငြင်းပယ်ခံထားရလို့၊ ပြီးခဲ့တဲ့ ကြာသပတေးကပဲ Tokyo District Court တရားရုံးမှာ အာဏာပိုင်တွေကို တရားစွဲခဲ့တာပါ။

လင်းသူရိန်

SHARE