တရားမဝင်အမဲလိုက်နေတဲ့ သူခိုးဖမ်းဖို့ ရိုဘော့သမင်အသုံးပြုခဲ့တဲ့ ရဲအမှုထမ်းများ

pexels/pixabay

တရားမဝင်အမဲလိုက်ခြင်းဟာ ဘယ်တော့မှမမျှတပါဘူး။ Kentucky Department of Fish and Wildlife Resources (DFW) ဟာ Bluegrass ပြည်နယ်မှာ တိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်ဖမ်းဆီးနေတယ်လို့ယူဆရသူ အမျိုးသားတစ်ဦးကို ရိုဘော့သမင်ရုပ်နဲ့ မျှားကာဖမ်းဆီးခဲ့ကြောင်း foxnews သတင်းအရ သိရပါတယ်။

အဆိုပါအမျိုးသားကို တနင်္ဂနွေနေ့ညမှာ အာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၄င်းဟာ သူ့ရဲ့ SUV ကားပေါ်ကနေ သမင်ကိုကားမီးနဲ့ထိုးထားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ကားမီးထိုးခံထားရတဲ့ သမင်ဟာ တကယ့်သမင်အစစ်မဟုတ်ခဲ့ပါဘူး။ ရဲတွေက သူခိုးဖမ်းရအောင် ဖန်တီးထားတဲ့ ရိုဘော့သမင်သာဖြစ်ပါတယ်။

Facebook/Taylor County Detention Center

ပြည်နယ်ပေါ်လစီထဲမှာတော့ အမဲလိုက်မုဆိုးတွေကို ဘယ်ကွင်းပြင်၊ သစ်တော ဘယ်နေရာမှာမဆို တိရစ္ဆာန်တွေကို တမင်တကာမီးထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာမျိုးမလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ အလင်းရောင် စူးလွန်းတဲ့အခါ တိရစ္ဆာန်တွေကိုအမြင်အာရုံကွယ်စေနိုင်တဲ့အတွက် သတ်ရတာပိုလွယ်စေတယ်လို့ ပြည်နယ်ရဲတွေက ဆိုပါတယ်။

READ
ကမ္ဘာ့သက်တမ်းအရှည်ဆုံး (၁၁၈) နှစ်စီရှိပြီဖြစ်တဲ့ ဖိုးဖိုးဖွားဖွားစုံတွဲ

ဖမ်းဆီးခံရသူအမျိုးသားကတော့ အသက် ၂၉နှစ်အရွယ် James Malone ဆိုသူဖြစ်ကာ သူဟာ အရင်ကတည်းက လိုင်စင်မရှိဘဲ အမဲလိုက်နေခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ယူဆနေကြပါတယ်။ Malone ရဲ့ကားကိုရှာဖွေတဲ့အခါမှာတော့ မူးယစ်ဆေးအချို့ပါတွေ့ရှိခဲ့ပါတယ်။ ၄င်းကို တိရစ္ဆာန်အားမီးထိုးမှု၊ တားမြစ်ပစ္စည်းပိုင်ဆိုင်မှု၊ တရားမဝင်သမင်၊ ကြက်ဆင်ရိုင်းတွေကို လိုင်စင်မဲ့အမဲလိုက်မှုနဲ့ တရားစွဲထားကြောင်းလည်း သိရပါတယ်။

ShweMom

SHARE