ကမ္ဘာ့အန္တရာယ်များဆုံး ကျွန်းပေါ်ကို သွားမိလို့ အသတ်ခံခဲ့ရတဲ့ သာသနာပြုတစ်ဦး

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အမေရိကန်နိုင်ငံသား John Allen Chau (၂၇ နှစ်) ဟာ ခရီးသွားဧည့်သည် ဗီဇာနဲ့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သူ သွားရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရစ်ယာန်သာသနာ ပြန့်ပွားစေချင်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းစွာပဲ သာသနာပြု Chau ဟာ ကျွန်းတစ်ကျွန်းပေါ် သွားပြီးနောက်မှာတော့ လူမျိုးစုတစ်စုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

Instagram

“သူ့ကို ခရီးသွား ဧည့်သည်လို့ သတ်မှတ်လို့ မရပါဘူး။ ခရီးသွားဗီဇာနဲ့ လာတာမှန်ပေမယ့် တားမြစ်ထားတဲ့ ကျွန်းဆီကို သာသနာပြုဖို့ဆိုပြီး တရားမဝင် သွားရောက်ခဲ့တာပါ” လို့ အန်ဒမန်နဲ့ နီကိုဘားကျွန်းစုရဲ့ ရဲမှူး Dependra Pathak က ပြောခဲ့ပါတယ်။ Chau သာသနာပြုဖို့ သွားခဲ့တာကတော့ မြောက်ပိုင်းဆန်တီနယ်ကျွန်း ဖြစ်ပါတယ်။ တည်နေရာကတော့ မြန်မာနဲ့လည်း နီးပြီး မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံ ကြားထဲမှာ ဖြစ်ပါတယ်။ ကျွန်းပေါ်က ဆန်တီနယ်လိစ်လူမျိုးတွေဟာ သီးခြားလူမျိုးစုဖြစ်ပြီး ကျွန်းပေါ်ကို ကျူးကျော်လာသူ မှန်သမျှကို သတ်ပစ်လေ့ရှိတာကြောင့် အိန္ဒိယပိုင်နက်အတွင်းမှာ ရှိတာတောင် အိန္ဒိယက အုပ်ချုပ်လို့ မရနိုင်ပါဘူး။ အဆိုပါကျွန်းအကြောင်းကို Shwemom ကလည်း ဒီ link ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

READ
၂၀၁၈ဓာတ်ပုံပြိုင်ပွဲမှာ ဆုရရှိသူများရဲ့ ကမ္ဘာ့အကောင်းဆုံးဓာတ်ပုံများ
Dailymail

Chau ကတော့ အန္တရာယ်များလှတဲ့ ထိုမြောက်ဆန်တီနယ်ကျွန်းကို တရားမဝင်သွားရောက်ခဲ့တာပါ။ သူ့ရဲ့ အိန္ဒိယဒေသခံ မိတ်ဆွေတစ်ဦးကို ကျွန်းဆီ ပို့ပေးမယ့် လှေရှာခိုင်းခဲ့ပြီး တံငါသည်တစ်စုက သူတို့လှေနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ အခုဆိုရင် လိုက်ပို့ပေးခဲ့တဲ့ ဒေသခံ ၇ ဦးကိုလည်း ဖမ်းဆီးထားပါပြီ။ တံငါသည်တွေ ပြောပြချက်အရတော့ Chau နဲ့ သူ့ကို လိုက်ပို့သူတွေဟာ နိုဝင်ဘာ ၁၅ ရက်တုန်းက မော်တော်လှေတွေနဲ့ ကျွန်းနားကို သွားခဲ့ကြတာပါ။ လှေကတော့ ကျွန်းအနားမရောက်ခင် မီတာ ၇၀၀ (ကီလိုမီတာ ၂,၃၀၀) မှာ ရပ်ကျန်ခဲ့ပြီး Chau ကတော့ တစ်ယောက်တည်း ကျွန်းဆီကို ကနူးလှေနဲ့ ဆက်သွားခဲ့တာပါ။

Instagram

Chau ဟာ ၁၅ ရက်နေ့ ညမှာပဲ မြားဒဏ်ရာတွေနဲ့ ပြန်လာခဲ့ပြီး ၁၆ ရက်နေ့ ထပ်သွားခဲ့ပါတယ်။ ၁၆ ရက်နေ့မှာတော့ လူမျိုးစုတွေက သူ့ရဲ့ ကနူးလှေကို ဖျက်ဆီးပစ်လိုက်ကြတာကြောင့် ရေကူးပြီး မော်တာလှေဆီ ပြန်လာခဲ့ပါတယ်။ ၁၇ ရက်နေ့ ထပ်သွားပြီးနောက်မှာတော့ Chau တစ်ယောက် လှေဆီကို ပြန်ရောက်မလာခဲ့တော့ပါဘူး။ တံငါသည်တွေကတော့ Chau ရဲ့ အလောင်းကို လူမျိုးစုတွေ တရွတ်တိုက် ဆွဲသွားကြတာ မြင်လိုက်တယ်လို့ ထွက်ဆိုပါတယ်။

READ
စင်ပေါ်မှာဖျော်ဖြေနေရင်း မြွှေဟောက်ကိုက်ခံရပြီးသေဆုံးသွားတဲ့အဆိုတော်
Google

အမေရိကန်လူမျိုးတစ်ယောက်ဖြစ်တဲ့ Chau ရဲ့ အန်ဒမန်ကျွန်းစုပေါ်မှာ သေဆုံးသွားမှုနဲ့ ပတ်သက်လို့တော့ ယူအက်စ်သံအဖွဲ့တွေက အန်ဒမန်ကျွန်းစု အာဏာပိုင်တွေနဲ့ ပူးပေါင်းရှာဖွေလျက်ရှိပြီး အခြားသတင်းတော့ လတ်တလောမှာ ထုတ်ပြန်ဖို့ မရှိသေးကြောင်း ယူအက်စ်သံရုံးဘက်က ပြောထားပါတယ်။

CHRISTIAN CARON – CREATIVE COMMONS A-NC-SA

ဒီကိစ္စမှာ Chau တစ်ယောက် ကျွန်းပေါ် သွားချင်ခဲ့တာက ကျွန်းသားတွေကို သာသနာဖြန့်ဝေပေးဖို့သာ ဖြူစင်တဲ့ ရည်ရွယ်ချက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ သေဆုံးမှုက တကယ်ကို သူရဲကောင်းဆန်ကြောင်း သူ့ရဲ့ မိသားစုဝင်တွေနဲ့ ခရစ်ယာန်အသင်းတော်တစ်ခုဖြစ်တဲ့ Covenant Journey ရဲ့ ဥက္ကဌ Mat Staver က ဝမ်းနည်းစွာ ဆိုခဲ့ကြပါတယ်။

INDIAN COASTGUARD/SURVIVAL INTERNATIONAL

ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Survival International ကတော့ ယခုကိစ္စမှာ လူသတ်ပစ်ခဲ့တဲ့ ကျွန်းသားတွေ မှားတာမဟုတ်ဘဲ သွားတဲ့သူ အမှားသာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ “ဆန်တီနယ်လိစ်တွေက သူတို့သီးသန့်နေလိုကြောင်း အကြိမ်ကြိမ် သူတို့ရဲ့ သဘောထားကို ပြခဲ့ကြတာပါ။ သူတို့ရဲ့ ဆန္ဒကို လေးစားသင့်ပါတယ်” လို့ Survival International က ပြောခဲ့ပါတယ်။

Ref: CNN

SHARE