AGT ဒိုင်တစ်ဦးကို မျက်ရည်ကျစေခဲ့တဲ့ (၁၂) နှစ်အရွယ် အဆိုတော်လေး

youtube

အင်္ဂါနေ့တုန်းက “America’s Got Talent” ရဲ့ အပိုင်းတစ်ခုမှာ ဒိုင်လူကြီးတစ်ဦးဖြစ်သူ Julianne Hough ဟာ အသက်(၁၂) နှစ်အရွယ် အဆိုတော်လေး Luke Islam ကြောင့် မျက်ရည်ကျတဲ့အထိ ပီတိဖြစ်ခဲ့ရတာကို insider မှာ တွေ့ရပါတယ်။ ဒါကြောင့် Julianne ဟာ Luke ကို လိုက်ဖ်ရှိုးဆီ တိုက်ရိုက်တက်လှမ်းနိုင်ခွင့်ရဖို့အတွက် Golden Buzzer ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

youtube

Luke ဟာ သီချင်းဆိုဝါသနာပါသူဖြစ်ပြီး ခပ်ငယ်ငယ်အရွယ်ထဲက သီချင်းဆိုလာခဲ့သူပါ။ သူကတော့ ဂီတနယ်ပယ်မှာ စတားတစ်ယောက်အဖြစ် ရပ်တည်ဖို့ အိပ်မက်မက်ထားသူလည်း ဖြစ်ပါတယ်။ Islam ဟာ “America’s Got Talent” မှာ “She Used to Be Mine” နဲ့ တင်ဆက်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

youtube

သူ့ရဲ့ တင်ဆက်ဖျော်ဖြေမှူမပြီးသေးခင်မှာပဲ ပွဲကြည့်ပရိတ်သတ်တွေဟာ မတ်တပ်ရပ်ကာ သူ့ကို သြဘာပေးခဲ့ကြပါတယ်။ ဒိုင်တွေအပါအ၀င် သူ့ကို အားလုံးမတ်တပ်ရပ်ပြီး အားပေးနေကြတဲ့ ပရိတ်သတ်တွေကို မြင်တဲ့အခါ Luke ဟာ မျက်ရည်တွေတောင် ဝေ့၀ဲလာခဲ့ပါတယ်။ Luke ရဲ့ မျက်ရည်စမ်းစမ်းနဲ့ ဖြစ်နေတဲ့ပုံကို မြင်ပြီး Julianne ဟာလည်း စိတ်လှူပ်ရှားသွားပုံရပါတယ်။ Luke ဟာ ပါရမီရှိတဲ့ ကလေးတစ်ယောက်ဖြစ်တယ်၊ ထူးခြားတဲ့ကလေးလည်းဖြစ်တယ်ဆိုပြီး Julianne ဟာ သူမကိုယ်တိုင် Golden Buzzer ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

youtube

Gold Buzzer ကြောင့် သူ့အပေါ်ကျလာတဲ့ ရွှေရောင်ဖဲကြိုးစလေးတွေကို ကြည့်ပြီး Luke ကတော့ ရှော့ခ်ရနေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း သူနှစ်သက်တဲ့ ဒိုင် Julianne က ချီးမြှင့်တဲ့ Gold Buzzer ရရှိလိမ့်မယ်လို့ တွေးခဲ့ပုံလည်း မရပါဘူး။ အခုတော့ သူ့အရည်အချင်းကို အားလုံးက အသိအမှတ်ပြုတဲ့အတွက် ကောင်လေးဟာ အရမ်းကို ကျေနပ်ဝမ်းသာပြီး ပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။ အောက်မှာတော့ ပါရမီရှင်လေး Luke ရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE