သေကြောင်းမကြံခင်မှာ သူငယ်ချင်းဆီ အကြံဉာဏ်ပေး ကူညီခဲ့ဖူးတဲ့ အပြာမင်းသမီးလေး

မကြာသေးခင်ရက်ပိုင်းက လူမှုကွန်ယက်ပေါ်မှာ အမုန်းပွားသူတွေရဲ့ Troll လုပ်ခြင်းနဲ့ အမျိုးမျိုး သိက္ခာချအပြစ်ပြောခံရခြင်းတွေကြောင့် သေကြောင်းကြံစည်သွားတဲ့ August Ames ဟာ ဒီမတိုင်ခင်မှာ သူငယ်ချင်းတစ်ဦးဖြစ်သူ အပြာမင်းသမီးတစ်ဦးဖြစ်တဲ့ Keisha Grey ထံကို အမုန်းပွားနေသူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အကြံဉာဏ်တွေ ပေးခဲ့ပါသေးတယ်။

ဒီအတွက် Gray က သူမရဲ့သူငယ်ချင်းဆုံးကို ဆုံးရှုံးခဲ့ရခြင်းကို အလွန်းဝမ်းနည်းနေပြီး၊ ဒီလို အခက်အခဲဆုံးအချိန်ကာလအတွင်းမှာ သူမကို အားပေးခဲ့ခြင်းအတွက်လည်း ဂုဏ်ယူနေပါတယ်။ Gray နဲ့ Ames တို့ဟာ လုပ်ငန်းခွင်မှာသာမက ပြင်ပမှာလည်း အလွန်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။

ထိုစဉ်က Gray ဟာ အမုန်းပွားသူတွေရဲ့ Troll ခြင်းနဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းတွေ ခံနေရချိန်မှာ Ames က အားပေးကူညီခဲ့တာပါ။ Ames က ” ဟေ့ ငါကတော့ မင်း တောင့်ခံနိုင်လိမ့်မယ်ထင်တာပဲ .. ငါလည်း ငါ့ကိုမရှုစိမ့်သူတွေကြောင့် အတော်လေး စိတ်ဓာတ်ကျဆင်းခဲ့ရတယ် … ဒါကို မင်းကို အသိပေးရုံသက်သက်ပါ မင်းပြောချင်တဲ့ အချိန်မှာ ငါ့ကို ပြောနိုင်ပါတယ် … “လို့ မက်ဆေ့ရေးသား ပေးပို့ခဲ့ပါတယ်။ Gray ကလည်း “အရမ်းချစ်စရာကောင်းတာပဲ ကျေးဇူးတင်ပါတယ် “လို့ လိုက်ပါတယ်။

READ
ခင်ပွန်းသည်ထံ ဗွီဒီယို Call ခေါ်ပြီး၊ မိမိကိုယ်ကို သေကြောင်းကြံခဲ့သည့် မော်ဒယ်

ထိုနေ့က နိုဝင်ဘာလ (၈)ရက်နေ့ဖြစ်ပြီး၊ နောက်မကြာမီ ကာလမှာ Ames ဟာ လူမှုကွန်ယက်က Troll တဲ့ ဒဏ်ကြောင့် သူ့ကိုယ်သူ ဆွဲကြိုးချသတ်သေသွားခဲ့ပါတယ်။ Gray ဟာ Ames နဲ့ အတူတူ ပြုံးပြုံးလေးရိုက်ကူးထားတဲ ဓာတ်ပုံကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေခဲ့ပြီး သူငယ်ချင်းအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

Gray က ” ငြိမ်းချမ်းစွာ အနားယူပါတော့ သူငယ်ချင်း Ames ရေ … ငါ့အခက်အခဲတွေရှိနေချိန်မှာ အားကိုးအားထားပြုခဲ့ရလို့ ကျေးဇူးတင်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။ Ames ဟာ မိဘတွေကို တောင်းပန်တဲ့ စာတစ်စောင်လည်း မသေခင်မှာ ရေးသားထားခဲ့ပြီး၊ သူမကို ဘယ်လို အနိုင်ကျင့် Troll လုပ်ကြတယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE