ပိုလန်က ဗီဒီိယိုဖိုင်တစ်ခု ကြောင့် မျက်ရည်ကျခဲ့တဲ့ Amitabh Bachchan

Image:IG/Amitabh Bachchan

ဘောလိဝုဒ်ရဲ့ နာမည်ကြီး ၀ါရင့် မင်းသားကြီး Amitabh Bachchan  က တော့ ပိုလန်နိုင်ငံ Wroclaw မြို့က ဗီဒီယိုဖိုင် တစ်ခုကို ကြည့်ပြီး မျက်ရည်ကျ ခဲ့တယ်လို့ ပြောခဲ့ပါတယ်။မျက်ရည်ကျရတဲ့ အ ကြောင်းအရင်း က တော့ သူ့ အ ဖေ ရဲ့ ကဗျာ ‘Madhushala’ ကို သံပြိုင်သီဆို နေတာကို မြင်လိုက်ရတဲ့ အတွက် ၀မ်းသာ ၀မ်းနည်း ဖြစ်ပြီး မျက်ရည်ကျ ခဲ့တာပါ။ဒီအ  ကြောင်းတွေကိုတော့ indianexpress  မှာ ဖော်ပြ ထားတာပါ။

Puellae Cantantes  က တော့ အမျိုးသမီး သံပြိုင် အ ဖွဲ့ တစ်ဖွဲ့ ပါ။ကဗျာ ဆရာ Harivansh Rai Bachchan  ရဲ့ နာမည်ကြီး ကဗျာ ကို တက္ကသိုလ် တစ်ခုရဲ့ ခေါင်မိုး ထက် မှာ ဂုဏ်ပြု တဲ့ အ နေ နဲ့ ရွတ် ဆို ခဲ့တာပါ။ဗီဒီယိုဖိုင် ထဲမှာ တော့ အနုပညာရှင် (၁၀)ယောက် လောက်က ဂီတ တူရိယာမပါပဲ အလွတ် ရွတ် ဆို ခဲ့ ကြတာကို တွေ့ ရမှာ ပါ။(၂၀၁၉)ခုနှစ်တုန်းက Wroclaw မြို့ရဲ့ Ambassador  အဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။ဗီဒီယိုဖိုင်ထဲမှာတော့ Wroclaw  မြို့ကိုမ ရောက်တာ ကြာပြီ နော်. လို့ လည်း ပြောထားပါတယ်။

 

View this post on Instagram

 

✨Always ✨

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

ဗီဒီယိုဖိုင်ကိုတော့ Amitabh က ပြန်ရှယ်ထားပြီး Wroclaw မြို့ ကို စာပေဆိုင်ရာ UNESCO သမိုင်းဝင် မြို့ အဖြစ် သတ်မှတ် ထားခဲ့ ကြောင်း၊Dr Harivansh Rai Bachchan ရဲ့ မြို့ လို့ ပြောခဲ့ပါတယ်။ကျေးဇူး တင် တယ်လု့ လည်း ပြော ခဲ့ပါတယ်။Mathematical Tower Uniwersytet Wrocławski ရဲ့ ခေါင်မိုး ပေါ်က ပွဲ အတွက် ကျေးဇူး တင်ပြီး သူ့ အတွက် ခွန်အားဖြစ် စေတယ်လို့ လည်း ပြောခဲ့ပါတယ်။Amitabh Bachchan က တော့ လက် ရှိမှာ ကိုဗစ် ကူးစက်ခံထားရပြီး Mumbai က ဆေးရုံ မှာ တက်ရောက် နေပါတယ်။သူ့ ကျန်းမာ ရေး အ ခြေအ နေ  ကောင်း တယ်လို့ Amitabh Bachchan က ပြောခဲ့ပါတယ်။

READ
ပိုက်ဆံရှိတဲ့ ယောကျာ်းကိုရွေးချယ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကိုတုံ့ပြန်လိုက်တဲ့ သင်ဇာနွယ်ဝင်း

#SHWEMOM

SHARE