လယ်သမားတွေရဲ့ အကြွေးကို စိုက်ဆပ်ပေးလိုက်တဲ့ Amitabh Bachchan

Amitabh Bachchan ကတော့ ကမ္ဘာကျော် ဘောလိဝုဒ်မင်းသားကြီးပါ။ အသက်(၇၆)နှစ်ရှိနေပြီဆိုပေမယ့် ပရိသတ် အားပေး ချစ်ခင်မှုကို အခုထိ ရရှိပိုင်ဆိုင်ထားတဲ့ ၀ါရင့်ဘောလိဝုဒ် မင်းသားကြီးပါ။ ပြည်သူချစ် မင်းသားကြီး ကတော့ လယ်သမားတွေရဲ့ ကြွေးတွေကို ကြားကနေ ကူညီစိုက်ဆပ်ပေးလိုက်ပါတယ်။သူဆပ်ပေးလိုက် တဲ့ ကြွေး ပမာဏ ကေ တာ့ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ($560,000)ဖြစ်ပြိး အိန္ဒိယရူပီးနဲ့ဆိုရင်တော့ သန်း(၄၀) ပါ။လယ်သမားတွေရဲ့ ကြွေးကို စိုက်ဆပ်ပေးလိုက်ကြောင်း ကိုတော့  သူ့ရဲ့ blog  ကတစ်ဆင့်ပြောပြခဲ့တာပါ။

pinterest
pinterest

နိုဝင်ဘာ (၂၀)ရက်နေ့က သူ့ရဲ့ Blog မှာ တင်ခဲ့တာပါ။လယ်သမား (၁၃၉၈)ယောက်ရဲ့ အကြွေးတွေကို စိုက် ဆ ပ်ေ ပး လိုက်ပြီ၊လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်ရတယ်လို့ ခံစားမိကြောင်း ပြော ခဲ့ပါတယ်။မွေးရပ်မြေ Uttar Pradesh ပြည်နယ်က လယ်သမားတွေရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တာပါ။အဲ့ဒီမှာရှိတဲ့ လယ်သမားတွေဟာ ကြွေးမြှီတွေကြားမှာ ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာပါ။မိုးခေါင်တာ၊စိုက်ပျိုးရေ မလုံလောက်တာ၊သီးနှံ အထွက် နှုန်းကျဆင်းတာတွေ၊ခေတ်နဲ့အညီ လယ်ယာစိုက်ပျိုးရေးပုံစံကို မပြောင်းလဲနိုင်တာတွေကြောင့် လယ်သမား တွေ ကြွေးနွံ့နစ်နေတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။လယ်သမားတွေရဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်တွေ ကလည်း ဒီလိုကြွေးမြှီပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။(၁၉၉၅)ခုနှစ်တည်းက လယ်သမား (၃)သိန်းထက် မနည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြပါတယ်။

READ
ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ Mary
pinterest
pinterest

Bachchan က အိန္ဒိယအစိုးရဘဏ်တွေမှာကြွေးတင်နေတဲ့ လယ်သမားတွေရဲ့ အကြွေးကို စိုက်ဆပ် ပြီး ကြောင်း ကြေညာခဲ့ပါတယ်။ကြွေးနွံနစ်နေတဲ့ လယ်သမားတွေကို သူနေထိုင်ရာ Mumbai မြို့သို့ ခေါ်ပြီး  တွေ့ဆုံ ခဲ့ပါတယ်။  သူနေထိုင်ရာမြို့ကိုလာဖို့ လယ်သမား အယောက်(၇၀)ကိုရထားနဲ့ ခေါ်ဆောင်လာခဲ့တာပါ။သူတို့တွေနဲ့ တွေ့ပြီး ဘဏ် ကနေ ငွေချေးထားတဲ့ စာရွက်စာတမ်းတွေကို ယူလာခိုင်းခဲ့တာပါ။သူတို့တွေကတော့ နိုဝင်ဘာ (၂၆) မှာ ရောက်မယ် လို့ မျှော်လင့်ရပါတယ်။ဒီနှစ်အစောပိုင်းတုန်းကလည်း Maharashtra  ပြည်နယ်မှာရှိတဲ့ လယ်သမား အယောက် (၃၅၀)ရဲ့ အကြွေးတွေကို စိုက်ဆပ်ပေးခဲ့ပါတယ်။Amitabh Bachchan ကတော့ အရင်တုန်းက အငြင်းပွားဖွယ် လယ် ယာမြေကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်Bachchan  ကတော့ ရုပ်ရှင်ကားပေါင်း (၁၉၀)မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဘောလိဝုဒ်တင်မဟုတ်ပဲ ဟောလိဝုဒ်မှာပါ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

READ
ရည်းစားဟောင်းနဲ့ပတ်သက်ပြီး တရားဝင် ကြေညာလိုက်တဲ့ သင်ဇာဝင့်ကျော်
pinterest
pinterest

Source BBC

SHARE