မျိုးဆက်သုံးဆက်လုံး ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ Amitabh Bachchan တို့ မိသားစု

Image:IG/aishwarya rai

အိန္ဒိယမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ  က ဆက်လက် မြင့် တက် နေတုန်းပါ။အခုဆိုရင်တော့ ဘောလိဝုဒ် လောကရဲ့ နာမည်ကြီး ဆယ်လီ မိသားစု တစ်စု ဖြစ်တဲ့ Amitabh Bachchan တို့ မိသားစု ကိုဗစ် ကူးစက်ခံခဲ့ရပါ တယ်။မျိုးဆက် သုံးဆက် လုံး ရောဂါ ကူးစက်ခံခဲ့ရတာပါ။ဇူလိုင် (၁၂) ရက်နေ့ မှာတော့ Amitabh Bachchan နဲ့ မိသားစု ကိုဗစ်ကူးစက်ခံခဲ့ရလို့ ဆေးရုံ တင် ပို့ ခဲ့ရပါတယ်။ ဒီအကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Amitabh Bachchan က တော့ လက်ရှိမှာ ကိုဗစ်ကူးစက်ခံထား ရ ပေမယ့် ကျန်းမာ ရေး အ ခြေအ နေ ကောင်းမွန် ကြောင်း၊ Nanavati ဆေးရုံမှာ သီးသန့် ခွဲ နေ တယ်လို့ ဆေးရုံမှ တာဝန်ရှိသူက ပြောခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံ နေရ တဲ့ အ ကြောင်းကိုတော့ ဇူလိုင် (၁၁) ရက်နေ့ ည နေ ပိုင်းက သူ့ရဲ့  တွစ်တာ စာမျက်နှာက တစ်ဆင့် အသိပေးခဲ့တာ ပါ။သူ ရော ၊သူ့သား Abhishek Bachchan တို့ ပါ ကူးစက်ခံခဲ့ရတာပါ။သူတို့ သား အ ဖ တင် မဟုတ်ပဲ Abhiskek Bachc han ရဲ့ ဇနီး မင်းသမီး ချော Aishwarya Rai Bachchan ၊သူတို့ ဇနီးမောင်နှံရဲ့ (၈)နှစ်အရွယ် သမီး လေး Aaradhya တို့ပါ ကိုဗစ်ကူးစက် ခံထားရတာကို တွေ့ ခဲ့ပါတယ်။

 

View this post on Instagram

 

✨Always ✨

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

Amitabh Bachchan  မှာတော့ ရောဂါ လက္ခဏာ တစ်ချို့ ပြ တာ တော့ ရှိ ပေမယ့် လက်ရှိ ကျန်းမာ ရေး အ ခြေအ  နေ က တော့ ကောင်းမွန် ပါတယ်။Amitabh Bachchan က တော့ ဘောလိဝုဒ် လောကရဲ့ ၀ါရင့် အနုပညာ ရှင် မင်းသား ကြီးပါ။အနုပညာသက် နှစ် ပေါင်း (၅၀) လောက် အတွင်းမှာ ရုပ်ရှင်ကား ပေါင်း (၁၈၀) ကျော် ရိုက်ကူး ခဲ့ ပါတယ်။ပထမဆုံး ရုပ်ရှင်ကားကိုတော့ (၁၉၆၉)ခုနှစ်က ရိုက် ခဲ့ တာပါ။ Amitabh Bachchan ရဲ့ အ  သက်က တော့ (၇၇)နှစ်  ရှိ နေပါပြီ။

 

View this post on Instagram

 

A memory to cherish. #dadasahebphalkeaward #theparentals

A post shared by Abhishek Bachchan (@bachchan) on

အသက်ကြီး နေတဲ့ Amitabh Bachchan ရဲ့ ကျန်းမာ ရေး အတွက် ပရိသတ်တွေ က စိုးရိမ် နေကြပြီး အမြန် ဆုံး နေ ပြန် ကောင်း လာ ဖို့ အနုပညာရှင် အချင်းချင်းက ရော ပရိသတ်တွေ ကပါ ၀ိုင်းပြီး ဆု တောင်း ပေး နေပါတယ်။အိန္ဒိ ယ မှာဆိုရင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (849,553 ) ထက် မနည်း ရှိ နေပါပြီ။ သေဆုံးသူ (22,674) လောက်ရှိ နေပါပြီ။

 

View this post on Instagram

 

A post shared by AishwaryaRaiBachchan (@aishwaryaraibachchan_arb) on

#SHWEMOM

SHARE