ရာနဲ့ချီတဲ့ အလုပ်အကိုင်မဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အိမ်ပြန်ဖို့စီစဉ်ပေးခဲ့တဲ့ အမီတာဘဂျမ်း

[email protected]

လက်ရှိတစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ COVID-19 ကြောင့် စီးပွားရေး၊ လူမှုရေးကစလို့ အကုန်လုံးနီးပါး ရပ်တန့်မှုတွေနဲ့ အခက်ခဲပေါင်းစုံကြုံတွေ့နေရပါတယ်။ အဆိုးဆုံးကတော့ စက်ရုံအလုပ်ရုံတွေ ရပ်တန့်ပြီး ပိတ်ပစ်လိုက်ရတာပါပဲ။

ဒီလို ပိတ်ပစ်လိုက်မှုတွေကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့တွေဖြစ်ကုန်ကြပါတယ်။ အထူးသဖြင့် တစ်နယ်တစ်ကျေးက လာအလုပ်လုပ်တဲ့ အလုပ်သမားတွေဖို့ မိမိနေရပ်ကို ပြန်ဖို့အတွက်မှာလည်း အများပြည်သူသုံးကားလိုင်းတွေ၊ ရထားတွေက မထွက်တဲ့အတွက်ကြောင့် ပိုက်ဆံရှိရင်တောင် လိုရာအရပ်ကို မသွားနိုင်တဲ့အခြေအနေမျိုးပါ။

အိန္ဒိယကတော့ ကပ်ရောဂါဘေးကို ခါးစည်းခံနေရတဲ့ထိပ်တန်းနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတွေပိတ်လိုက်ရလို့ အလုပ်လက်မဲ့လူတွေလည်း အများကြီးမှ အများကြီးပါပဲ။ အလုပ်တွေကလည်း ပိတ်လိုက်ပြီး အလုပ်နေရာမှာလည်း ဆက်နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အကုန်လုံးက မိသားစုရှိရာနေရပ်ကိုပဲ ပြန်ချင်နေကြတော့ပါတယ်။ ဒါပေမဲ့လည်း အပေါ်မှာ ပြောထားတဲ့အတိုင်း ကားတွေ၊ ရထားတွေမထွက်တဲ့အတွက် သောင်တင်နေကြတယ်ဆိုပြီး Story Pick မှာ ဖော်ပြထားပါတယ်။

ဒီလို ဒုင္ခရောက်နေတဲ့ရွှေပြောင်း လုပ်သားတွေကို ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ Uttar Pradesh ဒေသကိုသွားမယ့် အယောက်ပေါင်း ၂၂၅ ယောက်ကို အိမ်ထိရောက်အောင် အခမဲ့ပို့ဆောင်ပေးမယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ဒီအတွက် ဘတ်စ်ကားကြီးပေါင်း ၁၀ စီးအပြင် လမ်းခရီးတစ်လျှောက် စားဖို့သောက်ဖို့တွေကိုပါ စီစဉ်ပေးသွားမှာပါတဲ့။ ဒီအပြင် ပြန်တဲ့အခါမှာ ကျန်းမာရေးဌာနတွေက ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျလုပ်ဆောင်သွားမှာပါ။ Face mask တွေ၊ လက်ဆေးရည်တွေ၊ လက်အိတ်ဆေတွအပြင်ကိုမှ လမ်းခရီးမှာ မူးမော်တတ်တဲ့လူတွေ၊ ဆီးချို၊ သွေးချိုရှိတဲ့လူတွေအတွက် အအေးတို့၊ သကြားလုံးတို့ကိုလည်း လိုလေးသေးမရှိကို ဖြည့်ဆည်းပေးသွားမယ်လို့လည်း သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

READ
Actor & Actress of the Year award ဆုကို လီမင်ဟိုနဲ့ ဆောင်းဟေကို ရရှိ
Instagram-@amitabhbachchan

https://www.instagram.com/p/B_aelA4hKh-/

Penny

SHARE