လူငယ်တွေရဲ့အကြွေးတွေကို လွှဲပြောင်းယူမယ့် နယ်သာလန်အာဏာပိုင်တွေ….

Freepik/Upworthy

နယ်သာလန်နိုင်ငံရဲ့မြို့တော် Amsterdam ရှိအာဏာပိုင်တွေ အကြွေးပိနေတဲ့ လူငယ်တွေကို ကူညီဖို့စီစဉ်နေ ကြပါတယ်။ ဘာလို့အဲ့လိုလုပ်ရတာလဲဆိုတော့ လူငယ်တွေ အလုပ်လုပ်ဖို့ (ဒါမှမဟုတ်) ပညာဆက်သင်ဖို့ လိုအပ်တဲ့ ပိုက်ဆံတွေကို ငွေချေးတဲ့သူတွေဆီကနေ ချေးထားကြလို့ပဲဖြစ်ပါတယ်။

Amsterdam မြို့တာဝန်ရှိသူတွေက လူငယ်တွေယူထားတဲ့ ဒီအကြွေးတွေကို၊ သူတို့ကို ပိုက်ဆံထုတ်ချေး ထားတဲ့ ကြွေးရှင်တွေဆီကနေပြန်ဝယ်မှာဖြစ်ပါတယ်။ ဒီလိုမျိုးလူငယ်တွေကို အစိုးရက ကူညီတဲ့ အစီအစဉ်တွေဟာ  ဗြိတိန်အပါအ၀င် ဥရောပတစ်လွှားမှာ ရှိပါတယ်။

လုပ်ငန်းစဉ်အနေနဲ့ မြို့မှာရှိတဲ့ အစိုးရဘဏ် municipal credit bank က လူငယ်တွေကို ငွေထုတ်ချေးထားတဲ့  ကြွေးရှင်တွေနဲ့ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေကတော့ လူငယ်ထုတ်ချေးထားတဲ့ အကြွေးတွေကိုပြန် ၀ယ်ပြီး လက်လွှဲယူမှာဖြစ်ပါတယ်။ဒီလိုလွှဲပေးတဲ့အတွက် ကြွေးရှင်တွေအနေနဲ့ ဒေါ်လာ(၈၃၀)ကို မက်လုံးအနေနဲ့ရရှိမှာ ဖြစ်ပါတယ်။

READ
ပေါင် (၁၄)သန်းကျော်နဲ့ရောင်းချမယ့် ကာရေဘီယန်ပင်လယ်က ခမ်းနားလှတဲ့ကျွန်းကြီး
Freepik/Pint

Municipal credit bank က အခုလိုမျိုး လူငယ်တွေရဲ့အကြွေးတွေကိုလွှဲယူပြီးတော့ သူ့နည်း သူ့ဟန်နဲ့ လူငယ်တွေဆီကနေ အကြွေးတွေကို ပြန်တောင်းယူမှာဖြစ်ပါတယ်။ ပြန်တောင်းမယ်ဆိုပေမယ့် နဂိုကတည်းကိုက လူငယ်တွေကို ကူညီဖို့အတွက် ဒီအကြွေးတွေကိုလွှဲပြောင်းယူထားတာဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ အဆင်ပြေအောင်လုပ်ပေးမှာဖြစ်ပါတယ်။ဒီအစီအစဉ်ထဲမှာ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ထဲဝင်ဖို့ tranning ဆက်လက်လုပ်နေတာပဲဖြစ်ဖြစ် ပညာဆက်လက်သင်ယူနေတာပဲဖြစ်ဖြစ် ဒီလိုမျိုးလူငယ်တွေကို သူတို့ရဲ့အကြွေးတွေအများအပြား ကို လျှော်ပေးမှာဖြစ်တယ်။

WikimediaCommons

အဓိကအချက်ကတော့ လူငယ်တွေ သူတို့ဘ၀ဆက်လက်ရှင်သန်ဖို့အတွက် သူတို့အပေါ် ၀န်ထုတ်ဝန်ပိုးဖြစ်နေတဲ့ အကြွေးပြသနာကို အစိုးရကတစ်ဖက်တစ်လမ်းက ၀ိုင်းဝန်းကူညီဖြေရှင်းပေးတာပဲဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ဟာ လူငယ်တွေဖြစ်တာကြောင့် လူငယ်တွေ အကြွေးပိနေပြီး၊ စိတ်ဓာတ်တွေကျဆင်းနေတာတွေ မဖြစ်ရလေအောင် အစိုးရက ကူညီဖြေရှင်းပေးထားတာပဲ ဖြစ်ပါတယ်။

Thae Su

SHARE