Microsoft Excel သုံးပြီး ပန်းချီဆွဲရင်း လူသိများလာတဲ့ အသက်(၈၀) အရွယ်ဖိုးဖိုး

pasokonga.com

ပန်းချီတစ်ကားဆွဲတော့မယ်ဆိုရင် အနည်းဆုံး ပိတ်ကားတစ်ချပ်၊ ပန်းချီဆွဲဖို့စုတ်တံ၊ ရေဆေး၊ ဆီဆေး အစရှိတဲ့ အရာတွေ ကျိန်းသေကို လိုအပ်မှာပါပဲ။ ပန်းချီတစ်ကားကိုလည်း သာမန်လူတစ်ယောက်ဆွဲဖို့ဆိုတာ မဖြစ်နိုင်ပဲ ပန်းချီအနုပညာအပေါ် တစ်ကယ်ရူသွပ်မှသာလျှင် ကိုယ်ရဲ့ ခံစားချက်တွေက ပန်ချီကားထဲမှာ အသက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းချီကားတစ်ကားကို ဘာပန်းချီကားချပ်၊ ရေဆေးဆီဆေး၊ စုတ်တံ အစရှိတာတွေ မပါပဲနဲ့ ဆွဲနိုင်တယ်ဆိုရင်ကော သင်ယုံကြည်ပါ့မလား။

Tatsuo Horiuchi

ဒီလိုဆွဲနိုင်တဲ့လူကတော့ ဂျပန်နိုင်ငံက အသက် ၈၀ အရွယ် Tatsuo Horiuchi အမည်ရှိ အဖိုးအိုတစ်ဦးပဲ ဖြစ်ပါတယ်။ Tatuso ဟာ လက်ရာမြောက်ပန်းချီကားတွေကို သူ့ရဲ့ ကွန်ပျူတာရှိ Microsoft Excel software တစ်ခုကိုသာ အသုံးပြုပြီး ပန်းချီဆွဲတာဖြစ်ပါတယ်။ လူတော်တော်များများသိတဲ့ Microsoft Excel ဆိုတာက ရုံးလုပ်ငန်းတွေမှာ စာရင်းတွက်တာတို့၊ report တင်တာတို့ အစရှိတဲ့နေရာတွေမှာသာ သုံးလေ့ရှိတဲ့ လုပ်ငန်းသုံး software တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Tatsuo ကတော့ အဲဒီ software ကို ပန်းချီဆွဲတဲ့ နေရာမှာ အသုံးပြုပြီး လူသိများလာတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ဖိုတိုရှော့ပ်မာစတာများလား မှတ်ရတဲ့ ရုရှားနိုင်ငံက ဒီဂျစ်တယ် အနုပညာရှင်
Tatsuo Horiuchi
Tatsuo Horiuchi

Tatsuo ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် အငြိမ်းစားမယူခင်ကတည်းက လက်ကျန်ဘဝမှာ ဘာလုပ်ပြီး နေထိုင်မလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ စဉ်းစားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ပန်းချီပညာကို ဝါသနာပါပြီး သူမတူအောင် ဘယ်လိုနည်းလမ်းနဲ့ ပန်းချီဆွဲမလဲဆိုတာ စဉ်းစားရင်းနဲ့ Microsoft Excel နဲ့ ပန်းချီဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် Guma Museum of Art ပြတိုက်မှာပါ သူ့ရဲ့ ပန်းချီကားတွေကို ပြသထားပြီး လူတော်တော်များများကလည်း ဒီလိုဘောင်တစ်ခုတည်းက ရုန်းထွက်ပြီး ပန်းချီဆွဲနိုင်တဲ့ Tatsuo ကို တော်တော်လေးချီးကျူးနေကြပါတယ်။

Tatsuo Horiuchi
Tatsuo Horiuchi

“ပန်းချီတစ်ကားကို ဒီအတိုင်းဆွဲမယ်ဆိုရင် ပန်ချီကားအလွတ်၊ စုတ်တံ၊ ရေဆေးဆီဆေး အစရှိတဲ့ ကိရိယာတွေ လိုနေအုံးမယ်။ အခုဆိုရင် Excel ထဲဝင်ပြီးတာနဲ့ ကိုယ့်စိတ်ကူးထဲမှာ ပေါ်လာတဲ့အရာတစ်ခုကို ဆွဲနိုင်ပါတယ်။ ဒါပေမယ့် ဒီအတိုင်းပန်းချီဆွဲတာထက် ပိုခက်ပါတယ်။ အထူးသဖြင့် အရောင်တွေပါပဲ။ ကွန်ပျူတာထဲမှာ ပြထားတဲ့ အရောင်နဲ့ print ထုတ်ပြီး ထွက်လာတဲ့ အရောင်ကကွဲပါတယ်။ ဒါ့ကြောင့် အရောင်တစ်ခုကိုတော့ တော်တော်ဂရုစိုက်ရပါတယ်” လို့ Tatsuo က ပြောကြားခဲ့ပါတယ်။

READ
iPhone Photography Award (2019)ရဲ့ ရင်သပ်ရှုမောဖွယ် ပြိုင်ပွဲဝင် ဓာတ်ပုံများ
Tatsuo Horiuchi

Pyi Hein Kyaw

SHARE