သွားတိုက်ဆေးမှာပါတဲ့ ပါဝင်ပစ္စည်းကြောင့် မမျှော်လင့်ပဲ ဆုံးပါးသွားခဲ့တဲ့ ကောင်မလေး

အသက်(၁၁) နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ မကြာသေးခင်ကမှ ဓာတ်မတည့်တဲ့ သွားတိုက်ဆေးအသုံးပြုပြီးနောက် ဆုံးပါးသွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာပါ။

Source: Allergic Living

သေဆုံးသူ ကလေးမရဲ့ မိခင် မိုးနစ်ခ်ကတော့ Allergic Living သတင်းဌာနကို အခုလိုပြောပြခဲ့ပါတယ်။ သူမဟာ တစ်နေ့တော့ သူမရဲ့ အငယ်ဆုံးသမီးလေး ဒဲနိစ်ကို သွားဆရာဝန်ဆီ သွားပြခဲ့ပါတယ်။ သွားဆရာဝန်က ကလေးရဲ့သွားတွေမှာ ဖြစ်နေတဲ့ အစက်အပြောက်တွေကို ပျောက်အောင်လို့ဆိုပြီး သွားတိုက်ဆေးတစ်မျိုးကို ဆေးညွှန်းပေးခဲ့ပါတယ်။ ၄င်းဆေးသွားတိုက်ဆေးနာမည်ကတော့ MI Paste One အမည်ရပြီး ကလေးရဲ့ကြွေသွားတွေ ခိုင်မာအောင် အားဖြည့်ပေးတဲ့ သွားတိုက်ဆေးတစ်မျိုးပါ။

Source: Allergic Living

ထိုနေ့ညနေမှာတော့ သေဆုံးသူကလေးမလေး ဒဲနိစ်ဟာ ဆရာဝန်ညွှန်လိုက်တဲ့ သွားတိုက်ဆေးကို တိုက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ဒဲနိစ်ဟာ သွားတိုက်ဆေးကို တိုက်ပြီးပြီးချင်းပဲ တစ်ခုခုတော့ မှားသွားပြီဆိုတာ သိလိုက်ပါတယ်။ သူမရဲ့ နှုတ်ခမ်းတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြာလာတာကြောင့် ချက်ခြင်းပဲ မိခင်ဆီအကူအညီတောင်းဖို့ ပြေးသွားခဲ့ပါတယ်။ ဒါနဲ့ မိုးနစ်ခ်ဟာ ကလေးကို အိပ်ရာပေါ်မှာတင်ပြီး ဧည့်ခန်းဆီကိုသွားကာ EpiPen ကို သွားယူလိုက်ပါတယ်။ EpiPen ကတော့ ဓာတ်မတည့်မှုတွေ ဖြစ်ပွားတဲ့အခါ အသုံးပြုနိုင်ပြီး လူနာရဲ့ သွေးကြောတွေ ကျဉ်းအောင်နဲ့ အဆုပ်က လေလမ်းတွေကိုပွင့်အောင် epinephrine ထိုးသွင်းပေးတာ ဖြစ်ပါတယ်။ ထိုစဉ်မှာပဲ အရေးပေါ်လူနာတင်ကားလည်း ခေါ်ခဲ့ပါတယ်။

READ
သင်မသိသေးတဲ့ ဘယ်ဘက်စောင်းပြီးအိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ
Source: Allergic Living

ကလေးကို ဆေးရုံထိရောက်အောင် ခေါ်ဆောင်သွားခဲ့ပေမယ့် ကလေးက လမ်းမှာပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။ တကယ်တော့ ဒဲနိစ်ဟာ သွားတိုက်ဆေးထဲမှာပါတဲ့ နို့ပရိုတိန်းတစ်မျိုးကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး ဆုံးခဲ့တာပါ။ မိုးနစ်ခ်ကလည်း သမီးဖြစ်သူရဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အလာဂျီအခြေအနေကို သိလို့ကို နှစ်ပေါင်းများစွာကြာအောင် ဂရုတစိုက်နဲ့ ကျွေးမွေးပြုစုလာခဲ့တာပါ။

ဒါပေမယ့် အခုတစ်ခေါက်မှာတော့ သွားတိုက်ဆေးပေါ်က ပါဝင်ပစ္စည်းတွေကိုဖတ်ဖို့ သတိလွတ်သွားတာကြောင့် ကောင်မလေးဟာ သွားတိုက်ဆေးထဲမှာပါတဲ့ နို့ပရိုတိန်းတစ်မျိုးနဲ့မတည့်ဖြစ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ မိုးနိစ်ခ်ကတော့ သူမရဲ့ အဖြစ်ကို ကြည့်ပြီး သင်ခန်းစာယူကြဖို့ အခြားမိဘတွေကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ကိုယ့်သားသမီးဟာ ဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်ဘူးဆိုတာ သိထားသင့်တဲ့အကြောင်းနဲ့ ကိုယ်ပေါ့ဆလိုက်လို့ သားသမီးအသက်အန္တရာယ်ဆုံးရှုံးတာမျိုး မဖြစ်ရလေအောင် သတိထားကြဖို့ ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref:  allergicliving , worldofbuzz

SHARE