ဆိုင်အနုကြမ်းဝင်စီးခဲ့ပေမယ့် ဈေးဝယ်သူဆီက တစ်ပြားမှမယူပဲ နဖူးကိုသာနမ်းသွားတဲ့ ဓားပြ

youtube/hello tv

ဘရာဇီးနိုင်ငံမှာ လက်နက်ကိုင်ဓားပြနှစ်ယောက်ဟာ ဆေးဆိုင်တစ်ဆိုင်ကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ စီစီတီဗီအရ ၄င်းလက်နက်ကိုင်ဓားပြနှစ်ယောက်ထဲက တစ်ယောက်ဟာ ဆေးဆိုင်ထဲဈေးလာဝယ်တဲ့အဖွားကိုတော့ လုယက်တာမျိုးမလုပ်ပဲ အဖွားရဲ့နဖူးကိုသာ နမ်းသွားခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ အောက်တိုဘာ(၁၅) ရက်နေ့ နေ့လည်ခင်းအချိန် Amarante မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆေးဆိုင်ကို အနုကြမ်းစီးတဲ့အချိန်မှာ အသက်ကြီးကြီး အဖွားအိုတစ်ယောက်နဲ့အတူ ဆိုင်ဝန်ထမ်းတစ်ယောက်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ညနေ(၅) နာရီလောက်မှာတော့ လက်နက်ကိုင်လူနှစ်ယောက် ဆိုင်ထဲဝင်လာပြီး ဆိုင်မှာရောင်းရသမျှငွေကို သူတို့ဆီအမြန်ပေးဖို့ ၀န်ထမ်းကို ပြောနေခဲ့တာ ဖြစ်ပါတယ်။

youtube/hello tv

ဒီအချိန်မှာ အဖွားအိုကလည်း သူမမှာရှိတဲ့ငွေလေးကို ထုတ်ပြီး အနားမှာရှိတဲ့ ဓားပြကိုပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ၄င်းဓားပြက အဖွားပိုက်ဆံမလိုချင်ဘူးလို့ ပြန်ပြောကာ အဖွားရဲ့ နဖူးကို ရိုးရှင်းစွာနမ်းခဲ့တာ ဖြစ်ပါတယ်။ ဆေးဆိုင်ပိုင်ရှင်ရဲ့ပြောပုံအရတော့ ဓားပြတွေဆီမှာ ဆေးဆိုင်ရောင်းရငွေ ဒေါ်လာ(၁,၀၀၀) နီးပါးပါသွားကြောင်း သိရပါတယ်။ ဒါ့အပြင် ဓားပြနှစ်ယောက်ဟာ ဆိုင်ထဲက ပစ္စည်းအချို့ကိုလည်း ယူထွက်သွားခဲ့တယ်လို့ သိရပါတယ်။

READ
ပင်လယ်ထဲ ၅ လကြာ ရေဖြတ်ကူးပြီး စံချိန် ၄ မျိုးချိုးနိုင်ခဲ့တဲ့ အံ့ဖွယ်လူသား

အခင်းဖြစ်ပွားပြီးနောက် ရဲကိုခေါ်ကာ အခင်းဧရိယာတစ်ဝိုက်မှာ ရှာဖွေပေမယ့်လည်း တစ်စုံတစ်ဦးမှ မတွေ့ခဲ့ရပါဘူး။ ဆေးဆိုင်ပိုင်ရှင်ကတော့ ဓားပြတွေဟာ ပိုက်ဆံနဲ့ ပစ္စည်းသာယူသွားပြီး လူ့အသက်တွေကို ချမ်းသာပေးသွားပေမယ့် ၄င်းတို့ကို ဆက်လက်ရှာဖွေချင်ကြောင်းနဲ့ အခုလို အနုကြမ်းစီးမှုမျိုး ထပ်မံမကျုးလွန်အောင် ထိုက်သင့်တဲ့အပြစ်ပေးဖို့သင့်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE