သတ္တ၀ါလေးတွေကို မိုက်ခရိုစကုပ်နဲ့ ကြည့်နေရသလို အနုစိတ်ရေးဆွဲနိုင်တဲ့ ပညာရှင်

Instagram/_y_kim

တောင်ကိုရီးယား အနုပညာရှင်တစ်ဦးဖြစ်သူ Yong-sung Kim ဟာ လက်တွေ့ဘ၀ထဲ တွေ့မြင်နေရတဲ့ အရာဝတ္ထုတွေထက်တောင် ပိုပြီး အသေးစိတ် အနုစိတ်ကျတဲ့ ပန်းချီကားချပ်တွေကို ရေးဆွဲနေပါတယ်။ Kim ဟာ ဆီဆေးကို အသုံးပြုပြီး သူ့ပန်းချီကားတွေကို ကြည့်ရှုသူစိတ်ထဲ ဟင်ဟာခနဲဖြစ်သွားအောင် ယုတ္တိဆန်ဆန် ရေးဆွဲတတ်သူ တစ်ဦးပါ။

Instagram/_y_kim

သူဟာ ငါး၊ ခရု၊ ပုတ်သင်နဲ့ ဖားတို့လို တိရစ္ဆာန်အသေးစားလေးတွေရဲ့ ရုပ်ပုံတွေကို မိုက်ခရိုစကုပ်နဲ့ တွေ့မြင်ရသလို အနီးကပ်ပုံစံမျိုးတွေကို ရေးဆွဲနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Kim က အသက် (၄၆) နှစ်ရှိပါပြီ။ သူဟာ သူ့ရဲ့ မာစတာပိစ်လက်ရာတွေကို ဖန်တီးဖို့ တစ်နေ့ကို အချိန်(၁၂) နာရီကြာ အလုပ်လုပ်ပါတယ်။ ပန်းချီကားတစ်ချပ်ကို အနည်းဆုံး(၃) လကနေ (၁၀) လအထိ အချိန်ယူရေးဆွဲတတ်ပါတယ်။ Kim ရဲ့ ပန်းချီကားချပ်တွေဟာ တစ်ချပ်ကို ဒေါ်လာ(၂၀,၀၀၀) ကနေ (၁၀၀,၀၀၀) ထိ တန်ဖိုးရှိပါတယ်။

READ
မတော်တဆဖြစ်ရပ်တွေကြောင့် အနုပညာမြောက်ပန်းချီကားတစ်ချပ်လို့ ထင်ရမယ့်ပုံရိပ်များ
Instagram/_y_kim

သူဟာ ငယ်ငယ်ကတည်းက သတ္တ၀ါလေးတွေကို ထူးထူးခြားခြား စိတ်ဝင်စားခဲ့သလို လေ့လည်း လေ့လာဖြစ်ခဲ့ပါတယ်။ Kim က “ကျွန်တော် ကလေးဘ၀ထဲက သတ္တ၀ါလေးတွေကို လေ့လာဖြစ်ခဲ့တာပါ။ ကျွန်တော့်အသက် (၉) နှစ်လောက်တုန်းကဆိုရင် ပုစဉ်းရင်ကွဲတစ်ကောင်ပုံကို ကျွန်တော်ဆွဲဖူးတယ်။ ဆွဲပြီးတော့ ကျွန်တော်ဆွဲတဲ့ပုံအပေါ်မှာ ငါတော်တယ်လို့ ခံစားရသလို ငါအကောင်းဆုံးမလုပ်ခဲ့သေးဘူးလို့လဲ ခံစားရတယ်။ ဒီတော့ ကျွန်တော် ကိုယ့်ကိုကိုယ်ပြောလိုက်တယ်။ ငါ ပန်းချီဆရာတစ်ယောက် ဖြစ်ကို ဖြစ်ရမယ်ဆိုပြီး…” လို့ ပြောပြပါတယ်။

Instagram/_y_kim

“ကျွန်တော့်ပန်းချီကားတွေက အစစ်အမှန်ထက်တောင် ပိုစစ်မှန်တယ်လို့ ဆိုနိုင်တဲ့ hyperrealistic ပန်းချီကားတွေပါ။ ဘာကြောင့် ဒီအပိုင်းကို ရွေးရသလဲဆိုရင်တော့ ကျွန်တော်က သတ္တ၀ါသေးသေးလေးတွေကို ချစ်လို့ပါ။ လူတွေက သူတို့ကိုဆိုရင် စားဖို့၊ အလှဆင်ဖို့၊ စမ်းသပ်ဖို့ ဒီလောက်ပဲစဉ်းစားကြတယ်။ လူတွေက ကျွန်တော့်ပန်းချီကားတွေကို ကြည့်တဲ့အခါ သတ္တ၀ါငယ်လေးတွေအပေါ် မရည်ရွယ်ပဲ အနိုင်ကျင့်တာမျိုး မလုပ်မိစေဖို့ ဆန္ဒရှိပါတယ်။ တကယ်လို့ သူတို့တွေသာ မရှိတော့ရင် လူတွေလည်းရှိနိုင်တော့မှာ မဟုတ်ပါဘူး…” ဆိုပြီးတော့လည်း Kim က ပြောခဲ့ပါသေးတယ်။

READ
သေချာကြည့်ယူမှ မြင်နိုင်မယ့် အနုပညာရှင် ဆိုင်မွန်ဘာဂါရဲ့ မှန်ခွဲပုံတူ
Instagram/_y_kim

https://www.instagram.com/p/BjERVSdFV8y/?utm_source=ig_web_copy_link

အောက်မှာ တွေ့ရတာကတော့ Kim အနှစ်သက်ဆုံးဖြစ်တဲ့ ပိတုန်းပုံ ပန်းချီကားချပ် ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာတွေကိုတော့ New York City က Waterfall Mansion ၊ London က Plus One Gallery နဲ့ တောင်ကိုရီးယားက သူ့စတူဒီယိုခန်းတို့မှာ တွေ့မြင်နိုင်ကြောင်း insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

Instagram/_y_kim

လင်းလင်း (ShweMom)

SHARE