ပိုးမွှားတွေပျံ့နှံ့နိုင်ပုံကို ဗီဒီိယိုရိုက်ပြီး လက်တွေ့ပြသခဲ့တဲ့ ဂျပန်သုတေသန ပညာရှင်များ

Black Light Experiment Shows How Quickly COVID-19 Can Spread | NowThis

လက်ရှိ COVID 19 ရောဂါဆိုတာ မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်တဲ့ ရောဂါပိုးမွှားမျိုး ဖြစ်ပါတယ်။ ရောဂါဆိုတာကတော့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်သလို ကိုယ့်မှာ ရောဂါရှိနေတယ်လို့ သံသယရှိရင် လူကြားထဲကို မဆင်မခြင်လျှောက် မသွားသင့်ပါဘူး။ အခုလည်း ဂျပန်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ ဂျပန်သုတေသနပညာရှင်တွေက ရောဂါပိုးပြန့်ပွားမှုဟာ လူတွေထင်တာထက် ပိုမြန်ကြောင်း ဗီဒီယိုရိုက်ပြီး စမ်းသပ်မှုလုပ်ခဲ့တယ်လို့ People.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း ဒီစမ်းသပ်မှုမှာ လူဆယ်ယောက်ခန့် ပါဝင်ပါတယ်။ အဲဒီထဲက လူတစ်ယောက်ကို ရောဂါရှိတဲ့ သူပုံစံအနေနဲ့ မျက်လုံးနဲ့ မမြင်နိုင် အဏုမြူရောင်ခြည်နဲ့ကြည့်မှ မြင်နိုင်မယ့် အမှုန့်တစ်ချို့ကို အဲဒီလူရဲ့ လက်ထဲကို ထည့်ပေးခဲ့ပါတယ်။ အဲဒီနောက် စားသောက်ဆိုင်တွေရဲ့ ထုံးစံဘူဖေးပုံစံနဲ့ အဲဒီလူဆယ်ယောက်လုံး စားခဲ့ကြပါတယ်။

READ
အမေရိကန်တို့ရဲ့ အောက်မေ့ဖွယ်နေ့မှာ ရင်ထဲထိစေခဲ့တဲ့ ဓာတ်ပုံလေးအကြောင်း
Youtube-Black Light Experiment Shows How Quickly COVID-19 Can Spread | NowThis

အဲဒီလို အစားအစာသွားယူတဲ့အချိန်၊ အစာစေားနေတဲ့အချိန်မှာ ရောဂါရှိတယ်လို့ နမူနာသတ်မှတ်ထားတဲ့လူနဲ့ အခြားလူကိုးယောက်ဟာလည်း သာမန်လူတွေ သွားလာသောက်စားနေတဲ့ ပုံစံနဲ့ပဲ နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နာရီဝက်ကြာသွားတဲ့ အချိန်မှာ စားသောက်ဆိုင်နေရာတိုင်းရဲ့ မီးအလင်းရောင်ကို မှိတ်ချလိုက်ပြီး အဏုမြူရောင်ခြည် ထွန်းလိုက်တဲ့အချိန်မှာတော့ လူတိုင်းဆီမှာ ပထမဆုံးလူရဲ့ အမှုန့်တွေ ကပ်နေတာကို တွေ့ခဲ့ကြရပါတယ်။

Black Light Experiment Shows How Quickly COVID-19 Can Spread | NowThis

“ ဒီလိုအချိန်မျိုးမှာ ရောဂါကို အလွယ်တကူ မကူးစက်နိုင်ပါဘူးလို့ ထင်နေတဲ့လူတွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် အဲဒီလူတွေကို ဒီဗီဒီယိုလေး ကြည့်စေချင်ပါတယ်။ ရောဂါပိုးမွှားဆိုတာ မျက်လုံးနဲ့ တပ်အပ်မမြင်နိုင်သလို အကောင်လိုက်ကြီးလဲ ကိုယ်ထင်ပြပြီး မလာပါဘူး။ ဒီအချိန်မျာ အရာရာအားလုံး သတရှိကြဖို့ မျှော်လင့်ပါတယ်” လို့ အဆိုပါသုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်မှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE