အာလာဒင်မီးခွက်အထင်နဲ့ ဈေးကြီးပေးဝယ်ပြီးကာမှ မှန်းချက်နဲ့လွဲခဲ့ရတဲ့ဆရာဝန်

instagram/disneyaladdin instagram/Uttar Pradesh Police

အိန္ဒိယနိုင်ငံသားဆရာဝန်တစ်ဦးဟာ မီးခွက်တစ်လုံးကို အာလာဒင်မီးခွက်ထင်ပြီး ဒေါ်လာ ၉၃,၀၀၀ ပေးဝယ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆရာဝန်အမည်ကတော့ ဒေါက်တာ Laeek Khan ဆိုသူပါ။ ဒေါက်တာ Khan ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ၂၅ရက်နေ့မှာ Uttar Pradesh ပြည်နယ်မြောက်ပိုင်း Meerut မြို့ရဲတပ်ဖွဲ့ကိုချဉ်းကပ်ပြီး သူငွေလိမ်ခံခဲ့ရကြောင်း အကူညီတောင်းခဲ့တာ ဖြစ်ပါတယ်။

သူဟာ လူလိမ်အမျိုးသားနှစ်ယောက်ရဲ့မီးခွက်မှာ မီးခွက်စောင့်ဂျင်းနီရှိတယ်ဆိုတဲ့ စကားကိုယုံစားမိခဲ့တာပါ။ မီးခွက်စောင့်ဂျင်းနီက Khan ကို ကျန်းမာရေးကောင်းအောင်လုပ်ပေးနိုင်တယ်၊ ငွေကြေးဥစ္စာတွေအများကြီးပေးလိမ့်မယ်လို့ ပြောခဲ့တဲ့အပြင် လူလိမ်တွေထဲက တစ်ယောက်ကလည်း တကယ်ပဲ ဂျင်းနီလိုဝတ်စားပြီး Khan ကိုလှည့်စားခဲ့တာဖြစ်ပါတယ်။

Facebook/Uttar Pradesh Police

Khan ဟာ ၂၀၁၈ခုနှစ်မှာ အမျိုးသမီးတစ်ယောက်ကို ခွဲစိတ်ကုသမှုလုပ်ပေးခဲ့ရာက ဒီလူလိမ်တွေနဲ့တွေ့ခဲ့တာပါ။ ထိုသူတွေက ခွဲစိတ်ကုသမှုခံယူသူဟာ သူတို့အမေဖြစ်ကြောင်းပြောပြီး Khan နဲ့ ရင်းနှီးမှုရယူခဲ့ပါတယ်။ နောက်တော့ ဘာဘာဆိုတဲ့ ဘုရားလူကြီးတစ်ယောက်အကြောင်း သူတို့က ပြောပြပါတယ်။

READ
Malta နိုင်ငံမှာ ရေယာဉ်ပျက်ကျခဲ့ပြီး ငါးဦးသေဆုံး

တဖြည်းဖြည်းနဲ့ Khan ကိုအယုံသွင်းပြီး အဲ့ဒီဘာဘာနဲ့တွေ့ဖို့တိုက်တွန်းပါတယ်။ နောက်ဆုံးတော့ အဲ့ဒီဘာဘာက ရောင်းတဲ့ အာလာဒင်မီးခွက်ဆိုတဲ့ မီးခွက်တစ်လုံးကို Khan က ဈေးကြီးပေးပြီး ဝယ်ယူခဲ့တဲ့အထိ ဆင်ခြင်ဉာဏ်ကင်းမဲ့ခဲ့ပါတယ်။ Khan ဟာ မီးခွက်ကို ရူပီး၇သန်း (ဒေါ်လာ ၉၃,၀၀၀) နဲ့ ဝယ်ယူခဲ့တာပါ။ မီးခွက်ကိုဝယ်ယူအပြီးမှာတော့ သူတို့ညွှန်းသလို မဖြစ်တဲ့အပြင် မီးခွက်စောင့်ဂျင်းနီလည်း မပေါ်လာတော့တဲ့အတွက် Khan က စခန်းကိုသွားရောက်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ Khan ကိုလိမ်သွားတဲ့လူလိမ်၂ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း တာဝန်ရှိသူတွေဟာ ယင်းလူလိမ်တွေထဲက လူတစ်ယောက်ရဲ့ဇနီးလို့ယူဆရသူ ကြံရာပါတစ်ယောက်ကိုပါ ဆက်လက်ရှာဖွေလျက်ရှိပါတယ်။ အဆိုပါ လူလိမ်၂ဦးဟာ အခြားသော မိသားစုတွေကိုလည်း ဒေါက်တာ Khan လိုအလားတူဖြစ်ရပ်မျိုးနဲ့ လိမ်ညာပြီး ရူပီးငွေသန်းပေါင်းများစွာကို လိမ်လည်ခဲ့သူတွေဖြစ်တယ်လို့လည်း insider သတင်းအရ သိရပါတယ်။

READ
အကြွေးပတ်လည်နဲ့ ဘဝပျက်ခဲ့ရတဲ့ အောင်မြင်ကျော်ကြားတဲ့ဟောလိဝုဒ်ဆယ်လီများ

ShweMom

SHARE