အစာမစားပဲ အသက်ရှင်နိုင်တယ်ဆိုတဲ့ အိန္ဒိယဆာဒူးကြီး ၊ လူကြီးရောဂါနဲ့ ကွယ်လွန်

YouTube/TV9Gujarat

ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်ဆိုတဲ့ စကားပုံကို လူတိုင်းလိုလိုကြားဖူးကြမှာပါ။ လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့အတွက် အစားအစာနဲ့ ရေဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီသဘောတရားကို လက်မခံသူကတော့ အိန္ဒိယနိုင်ငံက ဆာဒူးကြီးတစ်ယောက်ပါပဲ။ သူဟာ အစာအဟာရ မမှီဝဲပဲ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၆.၅.၂၀၂၀)တုန်းက အသက် (၉၀) အရွယ်ရှိတဲ့ အဆိုပါ ဆာဒူးကြီးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Prahlad Jani လို့ အမည်ရတဲ့ အဆိုပါ ဆာဒူကြီးဟာ သူ့ရဲ့ အာခေါင်ထဲမှာ အသက်စောင့်ဆေးရှိကြောင်း၊ ဒါ့ကြောင့် သူဟာ ထမင်းမစား ရေမသောက်ပဲ နှစ်ပေါင်းတော်တော်ကြာနေနိုင်ကြောင်း (၂၀၀၃) ခုနှစ်လောက်ကတည်းက AFP သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

READ
အမူးလွန်ပြီးသုံးလွှာကပြုတ်ကျခဲ့ပေမယ့် စီးကရက်တောင်းသောက်တဲ့သူ

အိန္ဒိယနိုင်ငံရဲ့ ဆေးပညာအသိုင်းအ၀ိုင်းမှာ Jani ရဲ့ ပြောဆိုမှုကို လက်မခံတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ခုနှစ်လောက်မှာ အိန္ဒိယဆေးပညာရှင်တွေဟာ Jani ကို Ahmedabad ပြည်နယ်မှာရှိတဲ့ ဆေးရုံတစ်ခုမှာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Jani ရဲ့ ဦးနှောက်၊ အစာအိမ်၊ သွေးလည်ပတ်မှုဖွဲ့စည်းပုံစနစ်တွေကို အကုန်လုံး စစ်ဆေးခဲ့ပြီး Jani ကို အခန်းတစ်ခန်းထဲမှာ ထည့်ထားပြီး ကင်မရာတွေနဲ့ ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့ပါတယ်။ နောက်ဆုံး (၂) ပတ်ပြည့်တဲ့အချိန်အထိ Jani ဟာ အစားအစာနဲ့ ရေကို ဘာမှ မသုံးဆောင်ခဲ့သလို အိမ်သာသွားခြင်းတွေ ဘာတွေလည်း မရှိခဲ့ပါဘူး။

“ တော်တော်ထူးဆန်းပါတယ်။ လူတစ်ယောက် အစားအစာနဲ့ရေ မမှီဝဲပဲ ရက်ပေါင်းများစွာနေနိုင်ခဲ့တာ ကျွန်တော်တို့ ဆေးသိပ္ပံပညာသဘောအရတော့ လက်မခံနိုင်ပါဘူး။ ဒါပေမယ့် Jani ကတော့ နေနိုင်ခဲ့ပါတယ်” လို့  အဆိုပါ ဆေးပညာရှင်များအဖွဲ့မှ ဆရာဝန်ကြီး Sudhir Shah က ပြောကြားခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ သေဆုံးသွားတဲ့ Jani ရုပ်အလောင်းကို Ambaji မြို့မှာ ထားရှိထားပြီး သူ့ကို ယုံကြည်ကိုးကွယ်သူတွေ နောက်ဆုံးအနေနဲ့ လာရောက်တွေ့ဆုံနိုင်အောင် စီစဉ်ထားကြောင်း သိရှိရပါတယ်။

READ
ပြည်ဝင်ခွင့် ပိတ်သွားလို့ Maldives မှာ သောင်တင်နေတဲ့ ညားခါစ ဇနီးမောင်နှံ

Pyi Hein Kyaw

SHARE