သုသာန်မှာ ကိုယ့်အုတ်ဂူ ကိုယ်ပြန်တွေ့ခဲ့ရလို့ ထိတ်လန့်သွားခဲ့ရတဲ့ အဘိုးအို

Facebook/AlanHattel

ကိုယ့်နာမည်နဲ့ အုတ်ဂူဆိုတာ ကိုယ်သေသွားမှရှိလာတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ကိုယ်မသေသေးဘဲနဲ့ ကိုယ့်အုတ်ဂူကြီးကိုတွေလိုက်ရရင် လူတိုင်းနီးပါး သွေးပျက်သွားကြမှာပါ။ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီလိုဖြစ်ရပ်ကို တွေ့ကြုံခဲ့ရတာကတော့ အဖိုးကြီး Alan Hattel ပါပဲ။

Facebook/Alan Hattel

Alan ဟာ အသက် ၇၅နှစ်ရှိပြီဖြစ်ပြီး ဥယျာဉ်မှူး ဘဝကနေ အနားယူခဲ့တာပါ။ ဥယျာဉ်မှူးဘဝမှာ (၃၇)နှစ်ကျော်ကြာခဲ့ပြီး အရင်ဇနီးအဟောင်းနဲ့ ကွာရှင်းခဲ့တာ နှစ်ပေါင်း(၃၀)နီးပါးရှိပါပြီ။ အခုလက်ရှိ သင်္ချိုင်းမြေကိုလာတာလဲ သူ့ဇနီးဟောင်းအုတ်ဂူကို လာကြည့်တာပါ။ ဒါပေမယ့် သူ့ဇနီးဟောင်းရဲ့ အုတ်ဂူဘေးမှာ သူ့အုတ်ဂူကြီးကိုတွေ့သွားတဲ့အခါမှာတော့ Alan တစ်ယောက် တော်တော်သွေးပျက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သင်္ချိုင်းမြေက တာဝန်ရှိသူတွေ ကိုမေးကြည့်တဲ့အခါမှာတော့ သူ့ဇနီးဟောင်းဟာ သူမ မသေခင်ကတည်းက အဆိုပါအုတ်ဂူကို ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

READ
ပန်းကန်ပြားမသုံးဘဲ ပေါက်ပေါက်ရှာရှာနည်းလမ်းတွေနဲ့ တည်ခင်းကြတဲ့ဆိုင်များ
Facebook/Alan Hattel

“ကျွန်တော်သူနဲ့ ဘေးချင်းကပ်ရပ်သေချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ဘာကြောင့်သူဒီလိုလုပ်တာလဲ ကျွန်တော်တောမစဉ်းစားတတ်တော့ပါဘူးဗျာ။ ဒါ့ကြောင့် ကျွန်တော့်ဖုန်းကို လူတွေ မဆက်တာ တော်တော်ကြာပြီဆိုပြီး ဖုန်းလိုင်းများမကောင်းတာလားလို့ ထင်နေတာ လက်စသတ်တော့ ဒင်းလက်ချက်ကိုး” လို့ Alan က ပြောပြခဲ့ပါတယ်။

Pyi Hein Kyaw

SHARE