အမျိုးသားတစ်ယောက်ရဲ့အိမ်ရှေ့ကို ဖုန်းတစ်လုံးလာပစ်ပေးသွားတဲ့ ဇီးကွက်ကလေး

Pixabay-dannymoore1973

ဟယ်ရီပေါ်တာဇာတ်ကားထဲမှာတော့ Hogwarts ကျောင်းတော်ကြီးက ဇီးကွက်တွေဟာ ပစ္စည်းပို့တဲ့နေရာမှာ အရမ်းတော်ပါတယ်။ အဲဒီလိုဇီးကွက်တွေဟာ တစ်ခြားဘာမှ မလုပ်တတ်ပဲ ပစ္စည်းပို့တဲ့နေရာတစ်ခုမှာတင် တော်တော်ထူးချွန်တဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် Hogwarts ကျောင်းတော်က ဇီးကွက်တွေ အပြင်မှာ တစ်ကယ်ရှိနေမလားဆိုပြီး လူတွေက ဆိုရှယ်မီဒီယာပေါ်မှာ ဟာသလုပ်နေကျကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက အိန္ဒိယနိုင်ငံ၊ Bangalore မြို့ရှိ အမျိုးသားတစ်ယောက်ဟာ ညစာစားနေတုန်း ဇီးကွက်တစ်ကောင်ဟာ သူ့အိမ်နားမှာ ဒီအတိုင်းပတ်ပျံနေကြောင်း သတိထားခဲ့မိပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ အဆိုပါဇီးကွက်ဟာ အိမ်တံခါးကို တိုက်တဲ့အသံကြားတာကြောင့် အဆိုပါအမျိုးသားဟာ အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဇီးကွက်တစ်ကောင်ဟာ ဖုန်းတစ်လုံးကို အိမ်ရှေ့လှေကားနားမှာချကာ ပျံပြေးခဲ့ကြောင်း သိရပါတယ်။

“ဖုန်းကတော့ ကွဲနေတယ်ဗျ။ ဖုန်းအားကလည်း တော်တော်နည်းနေတယ်။ အထဲမှာလည်း မှတ်ထားတဲ့ Contact တွေ တစ်ခုမှ မရှိဘူး။ တော်တော်တော့ ထူးဆန်းတယ်ဗျ။ အဲဒီအချိန် ကျွန်တော့် မျက်လုံးထဲမှာ Hogwarts ကျောင်းတော်က ဇီးကွက်တွေကိုတောင် သတိရလိုက်သေးတယ်။ Hogwarts ကျောင်းတော်ကများ ငါ့ကို ခေါ်ဖို့ ကြိုးစားနေတာလို့ တွေးပြီး ရယ်မိလိုက်သေးတယ်” လို့ အဆိုပါ အမျိုးသားက ပြောကြားခဲ့ပါတယ်။

READ
ဝမ်းတစ်ခါသွားတာနဲ့ (၂၅)ဒေါ်လာရနိုင်မယ့် အခွင့်အရေးကြီး

Pyi Hein Kyaw

SHARE