ကား(၂)စီးတိုက်တဲ့ကြား သီသီလေးလွတ်သွားခဲ့တဲ့ လမ်းသွားလမ်းလာတွေရဲ့ ရင်တုန်ဖွယ်အဖြစ်

youtube/viral ox

ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၈) ရက်တုန်းက ရုရှားနိုင်ငံအနောက်ပိုင်း တူလာမြို့မှာ ကားတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားတိုက်မှုက ကျောချမ်းစရာပါ။ လမ်းဆုံတစ်ခုမှာ ယာဉ်နှစ်စီးဆုံ တိုက်မိခဲ့တာ ဖြစ်ပြီး ကားတွေဟာ တစ်ဖက်မှာ လမ်းကူးဖို့စောင့်နေတဲ့ ခရီးသည်တွေဆီ အရှိန်နဲ့ ပြေးဝင်ဆောင့်ခဲ့တာ ဖြစ်ပါတယ်။

အနက်ရောင် SUV တစ်စီးဟာ လမ်းဆုံမှာ ကွေ့ဖို့ ကြိုးစားနေတုန်း တစ်ဖက်ကလာတဲ့ အဖြူရောင်ယာဉ်တစ်စီးနဲ့ တိုက်မိခဲ့တာပါ။ အဆုံးမှာတော့ ယာဉ်နှစ်စီးစလုံးဟာ လူသွားလမ်းပလတ်ဖောင်းပေါ်မှာ သောင်တင်သွားခဲ့ပါတယ်။

youtube/viral ox

တစ်ဖက်က လမ်းကူးဖို့ စောင့်နေတဲ့ ခရီးသည်တွေခမျာမှာတော့ ရုတ်တရက်ကြီး ၀င်လာတဲ့ကားတွေကို အသည်းအသန် ရှောင်တိမ်းခဲ့ရပါတယ်။ ကံကောင်းထောက်မလို့ ကားမတော်မဆမှုထဲ ထိခိုက်အနာတရဖြစ်သူ မရှိခဲ့တာကို dailymail သတင်းအရ သိရပါတယ်။

ဗီဒီယိုအစပိုင်းမှာတော့ ကားအသွားအလာများတဲ့ လမ်းဆုံမှာ ကားတွေ အရှိန်နဲ့ တစ်စီးပြီး တစ်စီးမောင်းနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာတော့ ကလေးငယ်တစ်ဦးအပါအ၀င် ပလတ်ဖောင်းပေါ်မှာ ရပ်စောင့်နေတဲ့ လမ်းသွားလမ်းလာ (၄) ဦးလောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗီဒီယိုထဲ ကြည့်နေတုန်းမှာပဲ အနက်ရောင်ကားတစ်စီးဟာ လမ်းထောင့်မှာ ချိုးကွေ့လာခဲ့ပါတယ်။ သိပ်မကြာခင်မှာ အဖြူရောင်ကားတစ်စီးကလည်း အရှိန်နဲ့ ဖြတ်မောင်းလာပြီး အနက်ရောင်ကားရဲ့ နံဘေးကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။

READ
ကြီးမားလွန်းတဲ့ရင်သားတွေကြောင့် 15 နှစ်အရွယ်ကတည်းက အရွယ်အစားလျှော့ချခဲ့ရသူ

တိုက်တဲ့အရှိန်နဲ့ ယာဉ်နှစ်စီးလုံးဟာ လည်ထွက်သွားပါတယ်။ အဖြူရောင်ကားက မီးတိုင်ကိုပါ တိုက်ချသွားခဲ့တာ ဖြစ်ပါတယ်။ လမ်းသွားလမ်းလာတွေကတော့ အံ့သြစရာပဲ တော်တော်လေး ကံကောင်းခဲ့တာကိုလည်း ဗီဒီယိုဖိုင်လေးကို ကြည့်ရင် သိနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE