လော့ဒေါင်းမိနေလို့ ကျူးဘားက အမျိုးတွေကို လွမ်းတယ်ဆိုတဲ့ အန်နာဒါအားမတ်စ်

instagram/ana_d_armas

အန်နာဒါအားမတ်စ်(Ana D Armas)ဟာ ၂၀၁၉ ခုနှစ်ထဲထွက်ရှိခဲ့တဲ့ နာမည်ကျော်အမေရိကန်စုံထောက်ဇာတ်လမ်း Knives Out ထဲမှာပါဝင်ခဲ့သူ အဓိကသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၀၆ခုနှစ်ကတည်းက ရုပ်ရှင်လောကထဲဝင်ရောက်ခဲ့တာဖြစ်ပြီး ကျူးဘားစပိန်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကျူးဘားဇာတိဖြစ်ပြီး အသက်၁၈နှစ်အရွယ်မှာတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက ဇာတ်ကား ဇာတ်လမ်းတွဲပေါင်းများစွာတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူမဟာ လက်ရှိမှာတော့ LA မှာနေထိုင်လျက်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလမှာတော့ အန်နာဟာ LA မှာပဲ လော့ဒေါင်းဝင်နေတယ်လို့ people သတင်းစာမျက်နှာကဆိုပါတယ်။

https://www.instagram.com/p/B450igJHMKY/?utm_source=ig_web_copy_link

Flaunt မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာတော့ အန်နာဟာ ကျူးဘားမှာကျန်နေတဲ့မိသားစုကိုခွဲပြီး အယ်လ်အေမှာလာနေရတာ ခက်ခဲတဲ့အကြောင်းရင်ဖွင့်ခဲ့ပါတယ်။ အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ အန်နာက “အမျိုးတွေကို မတွေ့ဘဲနေနေရတာ သိပ်မလွယ်ပါဘူး..” ဆိုပြီး အမျိုးတွေကိုလွမ်းနေကြောင်းပြောခဲ့ပါသေးတယ်။

သူမဟာ လက်ရှိလော့ဒေါင်းအတွင်းမှာ ရည်းစားဖြစ်သူ ဘန်အက်ဖလက်ခ်နဲ့အတူနေထိုင်နေတာပါ။ LA ဟာ အနုပညာရှင်အများစုရဲ့စိတ်ကူးအိပ်မက်ဖြစ်ပေမယ့် အန်နာကတော့ LA ဟာ သူမအမြဲနေချင်တဲ့နေရာမဟုတ်ဘူးလို့ Flaunt ကိုပြောပြပါတယ်။

သူမက “ကျွန်မ ကျူးဘားကိုသိပ်လွမ်းနေလို့ပဲလား..တစ်ခုခုပါပဲ။ အယ်လ်အေမှာနေရတာနဲ့ တော်တော်ကွာတယ်။ ဒီရောဂါက အသစ်ဖြစ်နေတော့ အခြေအနေတွေကလည်း အသစ်။ လူတွေအားလုံးကလည်း ဘာဆက်လုပ်ရမလဲပဲတွေးနေကြတယ်။ လောလောဆယ် ဘာဆက်လုပ်ရမယ်ဆိုတာ ဘယ်သူမှလည်း အတိအကျမသိနိုင်တဲ့အတွက် နည်းနည်းတော့ဖိအားဖြစ်တယ်..” လို့ဆိုပါတယ်။

READ
ပဲရစ်မြို့မှာ လူတကာငေးလောက်အောင်လှခဲ့တဲ့ နေခြည်ဦး

ဒါ့အပြင် သူမကို အခုလိုပဲအနားဆက်ယူချင်သေးလား မေးတဲ့အခါမှာတော့ အန်နာက “နိုး နိုး  ကျွန်မအနားယူနေရတာ တော်ချင်ပြီ ” လို့ပြောခဲ့ပါတယ်။ သူမဟာ ဒါရိုက်တာရွိုင်ရယ်ဂျွန်ဆန်ရဲ့ Knives Out ဇာတ်ကားနဲ့ အထူးလူသိများခဲ့တာဖြစ်ပြီး ၂၀၂၁ထဲထွက်ရှိဖို့လျာထားတဲ့ဇာတ်ကားတွေဖြစ်တဲ့ No Time to Die မှာ Daniel Craig နဲ့အတူ၊ Deep Water မှာတော့ သူမရဲ့ရည်းစား Affleck နဲ့အတူ ယှဉ်တွဲသရုပ်ဆောင်ထားတာကိုလည်း တွေ့မြင်ရဦးမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE