Ben Affleck နဲ့ပြတ်စဲပြီးနောက် ပိုနုပျိုတဲ့ ဆံပင်ဒီဇိုင်းသစ်နဲ့တွေ့မြင်ရတဲ့ Ana de Armas

instagram/ana_d_armas

ကျုးဘား-စပိန် မင်းသမီးတစ်လက်ဖြစ်တဲ့ Ana de Armas ကို ရုပ်ရှင်သရုပ်ဆောင် Ben Affleck နဲ့ပြတ်စဲပြီးနောက်ပိုင်း ဆံပင်ပုံစံဒီဇိုင်းသစ်နဲ့ တွေ့မြင်ခဲ့ရပါတယ်။ သူမကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက သူမရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Claudia Muma ရဲ့ ဗီဒီယိုထဲမှာ ဆံပင်တိုလေးနဲ့ တွေ့ခဲ့ရတာပါ။

အဖြူရောင်အင်္ကျီလက်တို ဝတ်ထားတဲ့ Ana de Armas ဟာ ရိုးရိုးစင်းစင်းပဲ ဆံပင်ရှေ့ထိပ်နားကို ခပ်တိတိလေးညှပ်ထားခဲ့တာပါ။ ချစ်စရာကောင်းပြီး နုပျိုတဲ့သူမရဲ့မျက်နှာကိုတော့ မျက်လုံးလိုင်နာနဲ့ နှုတ်ခမ်းနီပန်းရောင်က ထပ်ပြီးအားဖြည့်ပေးထားပါတယ်။ အရင်ကတော့ သူငယ်ချင်းဖြစ်သူ Claudia က Ana ရဲ့ဆံပင်ပုံစံပြောင်းသွားတာကို နှစ်သစ်ကူးနေ့မှာ သူမအင်စတာဂရမ်ပေါ် ရှဲခဲ့ပါသေးတယ်။ ဒါပေမဲ့ လူတွေသိပ်မတွေ့လိုက်ကြပါဘူး။

Ana ရဲ့အခုလို ဆံပင်ဒီဇိုင်းသစ်ကိုတော့ Ben နဲ့ ၁၀လကြာဒိတ်ခဲ့ပြီး ပြတ်စဲပြီးနောက်မှာ တွေ့ခဲ့ရတာပါ။ ဇန်နဝါရီ ၁၈ရက်နေ့မှာတော့ သတင်းဌာနတစ်ခုက E! News ကို Ana နဲ့ Ben တို့လမ်းခွဲခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။ ၄င်းတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အားလပ်ရက်တွေအတွင်းမှာ Ana က ကျူးဘားကို ပြန်သွားကာ Ben က လော့စ်အင်ဂျလိစ်မှာပဲနေခဲ့တဲ့အတွက် ပရိသတ်တွေက သံသယရှိလာခဲ့ကြတာဖြစ်ပါတယ်။

READ
မြန်မာဆန်ဆန်လေးဝတ်ထားပြီး ချစ်စရာကောင်းနေတဲ့ ခင်လေးနွယ်
youtube/ Limara Meneses

လမ်းမခွဲခင်မှာတော့ သူတို့ကို Deep Water ရုပ်ရှင်ရိုက်ကွင်းမှာ နှစ်ယောက်သားမခွဲဘဲ တစ်တွဲတွဲရှိနေတာကို တွေ့ခဲ့ရပါသေးတယ်။ Ana ဟာ Ben နဲ့ဒိတ်ပြီးမကြာခင် Ben ရဲ့အိမ်မှာနေပြီး ကွာရန်တင်းဝင်ခဲ့တာဖြစ်ပါတယ်။ Ana ဟာ Ben နဲ့ ၄င်းဇနီးဟောင်း Jennifer Garner နဲ့အတူရထားတဲ့ ကလေးသုံးယောက်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ မေလတုန်းက သိရတဲ့ Insider သတင်းအရတော့ “Ana က ကလေးတွေကို ချစ်ပါတယ်။ Ben အတွက် ကလေးတွေကအရေးကြီးလို့ သူကလည်း အခုလို မိသားစုဝင်အနေနဲ့ ပါဝင်ခွင့်ရတာ ဝမ်းသာနေတယ်။ သူက ကလေးတွေအပေါ် ကြင်နာတတ်တယ်။ ကလေးတွေကလည်း Ana ကိုနှစ်သက်ပါတယ်။ Ana က ဂရုစိုက်တတ်သူဖြစ်တော့ အားလုံးအဆင်ပြေတယ်။” လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီလောက်တောင် ချစ်ခဲ့ကြပြီးမှ Ben နဲ့ Ana တို့ ဘာကြောင့်လမ်းခွဲခဲ့ရလဲဆိုတာကိုတော့ သေချာမသိရကြောင်း eonline ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

View this post on Instagram

 

A post shared by A N A D E A R M A S (@ana_d_armas)

ShweMom

SHARE