Marilyn Monroe ဆိုတာ ဟောလိဝုဒ်လောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါပဲ။ အကြွေစောခဲ့တဲ့ ပန်းလေးတစ်ပွင့်ဆိုလည်းမမှားပါဘူး။ သူမရဲ့အကြောင်းတွေကို သီချင်းတွေ၊ ကဗျာတွေမှာ တင်စားပြီး သီကျူးပုံဖော်ခဲ့ကြသလိုပဲ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ အထုပတ္တိဇာတ်လမ်းတွေဟာဆိုရင်လည်း မရိုးနိုင်အောင် ရိုက်ကူးနေခဲ့ကြပါတယ်။
အခုလည်း Digital Spy ရဲ့ ဆောင်းပါးတစ်ပုဒ်အရ Marilyn Monroe အဖြစ် ဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်ဆောင်ဖို့ မင်းသမီးတစ်လက်ကို ရွေးလိုက်ခဲ့ပြန်ပါပြီတဲ့။ သူမကတော့ Ana De Armas ပါ။
View this post on Instagram
တော်တော်များများ Ana ကို သူလျှိုမလေးအဖြစ် စသိခဲ့ကြမယ်ထင်ပါတယ်။ အောင်မြင်ခဲ့တာကတော့ အခုနောက်ဆုံးထွက်ထားခဲ့တဲ့ James Bond ရုပ်ရှင်ကားထဲက မင်းသမီးလေးပေါ့။ ဆွဲဆောင်မှုရှိလှတဲ့ မျက်နှကျနဲ့ ညှို့ငင်နိုင်တဲ့ မျက်လုံးနဲ့ နှုတ်ခမ်းအလှတို့ကို ပိုင်ဆိုင်ထားတဲ့ Ana ဟာ Marilyn Monroe အဖြစ်သရုပ်ဆောင်ဖို့ကို ရွေးချယ်ခံခဲ့ရပါတယ်။
View this post on Instagram
View this post on Instagram
View this post on Instagram
Netflix ရဲ့Blonde ဆိုတဲ့ စီးရီးမှာ Marilyn Monroe အဖြစ်သရုပ်ဆောင်ဖို့ ဆံပင်တွေ၊ မိတ်ကပ်၊ အဝတ်အစားကအစ ပြင်ဆင်ပြီး ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်လိုက်တဲ့အချိန်မှာ ငိုတောင်ငိုမိခဲ့တယ်လို့ Ana က Allure ကို ပြောခဲ့ပါတယ်။ တခြားလူတွေအတွက်တော့ မသိပေမယ့် သူမအတွက်ကတော့ ဒီ Marilyn Monroe အဖြစ် သရုပ်ဆောင်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲတဲ့လေ။ ဇာတ်လမ်းကိုတော့ လာမယ့် ၂၀၂၁ ထဲ Netflix မှာပဲ ထုတ်လွှင့်ပြသမယ်လို့ သိထားရပါတယ်။
View this post on Instagram
penny