မထင်မှတ်ထားဘဲ ကလေးမွေးလာခဲ့တဲ့ ပြတိုက်မှန်လုံခန်းထဲက အပျိုစင်မြွေမလေး

New England Aquarium

သက်ရှိတိုင်းဟာ အဖိုနဲ့အမဆိုပြီး ပြည့်ပြည့်စုံစုံရှိကာမှ မျိုးပွားခြင်းဆိုတဲ့လုပ်ငန်းကို အောင်မြင်မှာပါ။ ဒါပေမဲ့လည်း နယူးအင်္ဂလန်ပြတိုက်တစ်ခုက မြွေမလေးကတော့ တစ်ကောင်တည်း မှန်လုံအိမ်ထဲမှာ သီးသန့်ထားထားတာတောင်မှပဲ ထူးထူးဆန်းဆန်း ကလေးမွေးခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းတွေက ဒီကိစ္စကို မယုံကြည်နိုင်လွန်းကြလဲ မြွေတစ်ကောင်ကောင်များ ဝင်သွားသလား၊ ဒါမှမဟုတ် မြွေပေါက်လေးများ မှန်လှောင်အိမ်ထဲ မျက်စိလည်ရောက်လာတာလားဆိုပြီး ရှာဖွေခဲ့ပေမယ့် မှန်အိမ်ထဲ ဝင်ထွက်သွားလာခဲ့တာ တစ်ကောင်မှရှိမနေဘဲ မူရင်းထားထားတဲ့ မြွေမလေးသာ မှန်အိမ်ထဲ ရှိနေခဲ့တာပါ။

New England Aquarium

မြွေလေးနဲ့ မြွေမလေးတို့ကို မျိုးရိုးဗီဇစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အားလုံးအံ့သြနေခဲ့သလိုပဲ မြွေမလေးဟာ အဖိုရဲ့အစွမ်းအစမပါဝင်ဘဲ မြွေလေးကို မွေးခဲ့တာဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ ဆေးပညာမှာာ parthenogenesis လို့ခေါ်တဲ့ မူမမှန်ဘဲမျိုးပွားခြင်းဖြစ်ရပ်တစ်ုပဲစြပ်ါတယ်။

အန်နာလို့ခေါ်တဲ့မြွေမလေးဟာ အသက် ၈ နှစ်ရှိနေပြီဖြစ်ပြီး ၁၀ ပေအရှည်ရှိနေပါတယ်။ ပေါင် ၃၀ ကိုယ်အလေးချိန်ဖြစ်ပြီး ခန္ဓာကိုယ်မှာအစိမ်းရောင်သန်းနေတဲ့ တောင်အာဖရိကမိုးသစ်တောမှာ ကြင်လည်တတ်တဲ့ မြွေအမျိုးအစားပါ။

အန်နာဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ မြွေပေါက်လေးတွေကို ရုတ်တရက်မွေးပြီးတဲ့နောက် ၂ ကောင်ာအသက်ရှင်ကျန်ခဲ့ပါတယ်။ အန်နာဟာ အရွယ်ရောက်ပြီးမှ ပြတိုက်ကို ရောက်လာတာမဟုတ်ဘဲ ပြတိုက်မှာရှိနေတဲ့ မိခင်က စင်တာမှာ အန်နာကိုမွေးခဲ့တာကြောင့် မှန်လုံအိမ်ထဲမှာ တစ်ကောင်တည်းနေနေခဲ့တာ အသေအချာပါပဲ။

READ
(2)ပတ်အရွယ်သာရှိသေးတဲ့ ကလေးကို စွန့်ပစ်ခဲ့တဲ့ အမေရိကန်လူမျိုး ဖခင် အဖမ်းခံရ

ဒီလိုမျိုး အဖိုဓာတ်မပါဘဲ ကလေးမွေးခြင်းဟာ တွားသွားသတ္တဝါတချို့ဖြစ်တဲ့ မြွေတို့၊ ပုတ်သင်ညိုတို့အပြင် ငါးမန်းတွေနဲ့ ငှက်တွေမှာပါ ဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုကိစ္စတွေဟာ အဖြစ်ရှားပြီး သတ္တဝါတစ်ကောင်နဲ့တစ်ကောင် အမျိုးအစားတူသော်လည်း ဖြစ်စဉ်ခြင်းမတူတာတွေကြောင့် ဆေးပညာမှာတောင် တိတိကျကျမပြောနိုင်ကြသေးပါဘူး။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သားပေါက်လေးနှစ်ကောင်ကိုတော့ လက်ရှိတော့ မိခင်နဲ့ခွဲထားကာ အဲဒီပြတိုက်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။

Penny

SHARE