အမျိုးသားသူနာပြုကို မေ့ဆေးအရှိန်ကြောင့်မူးမူးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့မိန်းကလေး

မေ့ဆေး၊ ထုံဆေးအစရှိတဲ့ဆေးပြင်းတွေ အပေးခံထားရတဲ့လူနာတွေဟာ စိတ်တွေထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တာတင်မဟုတ်ဘဲ အချို့တွေဆို ဂယောင်ခြောက်ခြားနဲ့ ရယ်စရာလုပ်ရပ်တွေကိုပါ လုပ်လေ့ရှိပါတယ်။ အင်တာနက်မှာလည်း မေ့ဆေးအပေးခံထားရတဲ့ လူတွေရဲ့ ရယ်စရာဗီဒီယိုတွေကို ကြည့်ဖူးကြမယ်ထင်ပါတယ်။

ဒီဗီဒီယိုဟာလည်း အဲဒီအတိုင်းပါပဲ။ Kudos ဆိုသူကောင်မလေးဟာ လက်မောင်းရိုးကျိုးသွားတဲ့အတွက်ကြောင့် ထုံဆေးပေးကာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ ထုံဆေးရဲ့အရှိန်ကြောင့် မူးဝေဝေဖြစ်နေရာ အိပ်မက်ထဲရောက်နေသလို ကယောင်ကတမ်းတွေလည်း ဖြစ်နေခဲ့ပါတယ်။

Youtube

Kudos ဟာ ဆေးရုံမှ အမျိုးသားသူနာပြုကို ကယောင်ကတမ်းဖြစ်ကာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ရွှေရောင်ဆံပင်နဲ့ ခန့်ခန့်ညားညားသူနာပြုကို ဘယ်သူကသဘောမကျဘဲ နေပါ့မလဲနော်။

Kudos ကတော့ သူနာပြု Luke ကို ချစ်တယ်အကြိမ်ကြိမ်ပြောကာ မျက်နှာကိုကိုင်ဖို့ ခဏခဏကြိုးစားခဲ့ပါတယ်။ လက်ကိုထိန်းထားတဲ့အနေနဲ့ Luke ကတော့ လက်ချင်းသာ ဆုတ်ကိုင်ထားခဲ့ပါတယ်။ သူမရဲ့မိသားစုဝင်ထဲမှ ဒီဗီဒီယိုကိုရိုက်ကူးထားခဲ့ပြီး လူမှုကွန်ယက်ပေါ်ပြန်လည်ဝေမျှရာမှတစ်ဆင့် ရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။

ဗီဒီယိုအစကတည်းက Kudos ဟာ Luke ကို ချစ်တယ်လို့ အထပ်ထပ်ပြောကာ လက်ထပ်မယ်ဆိုပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Luke က ဘယ်မှာ လက်ထပ်မလဲဆိုပြီး ရေလိုက်ငါးလိုက်မေးခဲ့ရာ Kudos Las Vegas မှ chapel မှာ လက်ထပ်မယ်လို့ဖြေခဲ့ပါတယ်။

READ
Playboyမဂ္ဂဇင်းတည်ထောင်သူ ဟက်ဖ်နာရဲ့အလောင်းကိုမွန်ရိုး၏အုတ်ဂူအနီးတွင်သင်္ဂြိုဟ်မည်
Youtube

Kudos ရဲ့ဖခင်ဟာ Las Vegas မှာရှိတာကြောင့် စိတ်ကူးထဲသူမအသွားချင်ဆုံးနေရာဖြစ်နေတဲ့အတွက် ကယောင်ကတမ်းဖြစ်တော့လည်း အဲဒီနေရာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Luke ကိုတွေ့တွေ့ချင်းပဲ လက်ထပ်ခွင့်တောင်းခဲ့ကာ မင်္ဂလာဆောင်ဖို့တောင်စိတ်ကူးထဲ စီစဉ်နေတဲ့ Kudos ရဲ့ပုံသဏ္ဍာန်ဟာ သိပ်ကိုချစ်ဖို့ကောင်းပါတယ်။ ဂါဝန်အပြာ၊ Luke အတွက် အကျီင်္အပြာ၊ မင်္ဂလာခန်းမကြီးကလည်း အပြာအပြင် လက်ထပ်လက်စွတ်ကပါ နီလာနဲ့လုပ်ထားတဲ့ လက်စွတ်အပြာလိုချင်ကြောင်း ပြောခဲ့ပါတယ်။

Youtube

Luke ကတော့ ဒီဗီဒီယိုကိုပြန်ကြည့်ရင် Kudos တစ်ယောက်တော့ ရယ်နေရတော့မှာပဲလို့ မှတ်ချက်ချခဲ့ပြီး ဗီဒီယိုဟာနာမည်ကြီးသွားနိုင်တယ်ဆိုပြီးလည်းပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ လူများကြား တော်တော်လေးကိုပျံ့နှံ့ခဲ့ပါတယ်။

Source: Elite Readers

Penny

SHARE