ဖခင်က Iron Man နဲ့တူကြောင်း ထုတ်ကြွားခဲ့လို့ troll ခံခဲ့ရတဲ့ မင်းသမီး

[email protected] inuthdotcom

Bollywood ရဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ Ananya Panday ကိုတော့ Bollywood ရုပ်ရှင်ပရိသတ်တော်တော်များများ သိကြမှာပါ။ Student of the year 2 နဲ့ နာမည်ကြီးလာခဲ့တဲ့ Ananya ဟာ လွန်ခဲ့တဲ့ နှစ်တုန်းက သူမရဲ့ Twitter အကောင့်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးသွားခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Ananya ဟာ သူမရဲ့ ဖခင်ကို Iron Man ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ Robert Downey Jr နဲ့ တူတယ်ဆိုပြီး သူမရဲ့ Twitter ပေါ်မှာ ပို့စ်တင်ခဲူ့းတာကြာင့် ပရိသတ်တော်တော်များများရဲ့ ဟာသအလုပ်ခံခဲ့ရဖူးကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

you’ve mastered the selfie now ‘master thy self’ ‍♀️

A post shared by Ananya (@ananyapanday) on

Ananya ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တုန်းက သူမရဲ့ Twitter အကောင့်ပေါ်မှာ သူ့မိဘနှစ်ပါးနဲ့ selfie ရိုက်ပြီး ဓာတ်ပုံတင်ခဲ့ပါတယ်။ ဒါ့အပြင် caption မှာလည်း သူမရဲ့ ဖင်ဖြစ်သူ Chunky Panday ဟာ Robert Downey Jr နဲ့ တူကြောင်း ရေးသားခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Chunk ရဲ့ ပုံကလည်း ရုတ်တရက်ကြည့်ရင်တော့ ဆင်ကောင်းဆင်ပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာကြည့်ရင်တော့ တူတဲ့နေရာတစ်နေရာမှာမှ မတွေ့ရတာတော့ အမှန်ပါပဲ။

READ
Live ရုပ်သံရှိုးတစ်ခုမှာ စကားပြောနေတုန်း လေလည်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူမမ

 

ဒါ့ကြောင့် ပရိသတ်တွေဟာ အဲဒီပို့စ်အောက်မှာ Ananya ကို ဝိုင်းပြီး ဟာသလုပ်ခဲ့ကြသလို တော်တော်များများကတော့ Chunk ကို ဝိုင်း troll ခဲ့ကြပါတယ်။ ဘယလိုပုံစံတွေနဲ့ troll ထားသလဲဆိုတာကိုတော့ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။

 

 

 

 

Pyi Hein Kyaw

SHARE