နိုင်ငံတွေကို စိတ်ကူးစိတ်သမ်းကောင်းကောင်းနဲ့ လူပုဂ္ဂိုလ်အသွင်းပြောင်းပြီး ရေးဆွဲထားပုံများ

ရုရှားနိုင်ငံက Anastasia Bulgakova ဆိုတဲ့ အမျိုးသမီး ဒီဂျစ်တယ် အနုပညာရှင်တစ်ယောက်ဟာ မတူညီတဲ့ နိုင်ငံတွေကို လူပုဂ္ဂိုလ်အဖြစ်တင်စားပြီး ပရောဂျက်တစ်ခုအနေနဲ့ ရေးဆွဲခဲ့ပါတယ်။ အားလုံးက စိတ်ဝင်စားဖို့ကောင်းလောက်အောင် အနုစိတ်ရေးဆွဲထားပြီး နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အလေးအမြတ်ထားရာ၊ ရိုးရာ အပြင်ဆင်တွေက အစထည့်သွင်းထားတာကို တွေ့ရပါတယ်။ ဆွဲထားသမျှကလည်း သူရဲကောင်းတွေ၊ စစ်သည်တွေလို ပုံစံတွေချည်းပါပဲ။

နိုင်ငံတစ်နိုင်ငံကို ပြောလိုက်ပြီးဆိုတာနဲ့ လူတွေရဲ့ စိတ်မှာယှဉ်တွဲလိုက်တဲ့ ပုံသေကားကျဖြစ်နေတဲ့ လက္ခဏာတွေကို အခြေခံပြီး ရေးဆွဲထားတာဖြစ်ကြောင်း Anastasia က ပြောပါတယ်။ ဒီ့အပြင် သူမရဲ့ ဖန်တီးမှုတွေမှာ ဘာနိုင်ငံရေး စည်းရုံးမှုမှ မပါဝင်ဘူးလို့ သူမကပြောပါသေးတယ်။ သူမရေးဆွဲထားတဲ့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဇာတ်ရုပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ကနေဒါ
Anastasia Bulkagova
အမေရိကန်
Anastasia Bulkagova
ဂျပန်
Anastasia Bulkagova
ပြင်သစ်
Anastasia Bulkagova
အီရန်
Anastasia Bulkagova
မက္ကဆီကို
Anastasia Bulkagova
အစ္စရေး
Anastasia Bulkagova
ယူကေ
Anastasia Bulkagova
ရုရှား
Anastasia Bulkagova
ဂျာမဏီ
Anastasia Bulkagova

အခုဖော်ပြခဲ့တဲ့ ဇာတ်ကောင်းတွေဟာ သူမ ဆွဲပြီးသလောက်ဖြစ်ပါတယ်။ သူမက “Country Character” ဆိုတဲ့ ပရောဂျက်နဲ့ရေးဆွဲနေတာဖြစ်ပြီး နောက်ထပ်နိုင်ငံတွေကိုလည်း ထပ်မံ ဖော်ပြပေးဦးမယ်လို့ သိရပါတယ်။

READ
ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ၊ အမှတ်တွေကို ဖုံးအုပ်နိုင်ဖို့ တက်တူးစိတ်ကူးကောင်းများ

Ref: Elite Reader

Matthew (ShweMOM)
SHARE