လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က Batman နတ်ဘုရားကို ကိုးကွယ်ခဲ့ကြတဲ့ ရှေးမာယာလူမျိုးများ

လင်းနို့ငှက်တစ်ကောင်လို ၀တ်ဆင်ပြီး ဒုက္ခတွေ့နေတဲ့ မြို့သူမြို့သားတွေကို ကာကွယ်ပေးတဲ့ Batman ဟာ သိပ်မကြာခင်တုန်းကမှ ပေါ်ပေါက်လာတယ်လို့ ယူဆဖွယ် ရှိပါတယ်။ ဒါပေမယ့် ရှေးဟောင်းမာယာလူမျိုးတွေကတော့ ဟိုးအရင်နှစ်ပေါင်းများစွာကလည်းက လင်းနို့ဦးခေါင်းနဲ့ လူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Batman ပုံစံတူ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ခဲ့တယ်လို့ Elite Readers မီဒီယာမှ ဖော်ပြချက်အရ သိရပါတယ်။

elitereaders

ယင်းနတ်ဘုရားဟာ ကာမာဇော့အမည်ရပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၅၀၀) ကတည်းက မာယာတွေ ကိုးကွယ်ခဲ့ကြပြီး နတ်ဘုရားရဲ့ ပုံသဏ္ဏာန်ကတော့ မာဗယ်လ်ရုပ်ပြစာအုပ်တွေထဲက လင်းနို့လူသားဇာတ်ကောင်နဲ့ ဆင်နေတာကို တွေ့ရတာ ဖြစ်ပါတယ်။ ကာမာဇော့ရဲ့ မူလဇစ်မြစ်ကတော့ ဘီစီ(၂၀၀)တုန်းက မက္ကစီကိုမှာရှိတဲ့ ဇာပိုတက်ခ်လူမျိုးတွေဆီကနေ စတင်ခဲ့တာပါ။ ကာမာဇော့နတ်ဘုရားဟာ ညအမှောင်တိုက်၊ သေခြင်းတရားနဲ့ စွန့်လွှတ်ခြင်းစတဲ့ ၀ိသေသတွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကာမာဇော့နတ်ဘုရားကို ဇာပိုတက်ခ်လူမျိုးတွေက ဦးဆုံးစတင်ပြီး ကိုးကွယ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဂွာတီမာလာနဲ့ ဟွန်ဒူရပ်စ်က ကီရှ်လူမျိုးတွေပါ လိုက်လံကိုးကွယ်ခဲ့ပါတယ်။ ကီရှ်တွေကတော့ ကာမာဇော့ဟာ မီးနတ်ဘုရားဖြစ်တဲ့ ဇော့ဇီလဟာကာမာကန်နတ်ဘုရားနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ကာမာဇော့ရဲ့ တပည့်တော်တွေကလည်း လင်းနို့နဲ့တူတဲ့ သတ္တ၀ါကြီးတွေဖြစ်ပုံရပါတယ်။

READ
လေလည်ခြင်းအကြောင်း သင်မသိသေးတဲ့ အချက်(၉)ချက်
elitereaders

ကာမာဇော့နဲ့ လက်ရှိခေတ်ပေါ် Batman တို့ရဲ့ ဆက်စပ်မှုကတော့ Warner Bros. ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ Warner Bros. ဟာ အနုပညာရှင်ပေါင်း အယောက်(၃၀)ကို Batman Through Mexican Creativity ကို ဖိတ်ခေါ်ခဲ့ပါတယ်။ Warner Bros. ရဲ့ (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ထိုအခမ်းအနားမှာ Batman ဇာတ်ကောင်နဲ့ပတ်သက်လို့ ဖိုင်ဘဂလက်စ်ရုပ်ထုတွေကို ဖန်တီးပြုလုပ်ရာမှ ကာမာဇော့နဲ့ Batman ဟာ ပေါင်းစည်းမိကြတာ ဖြစ်ပါတယ်။ Batman ကို ဒီဇိုင်းရေးဆွဲခဲ့သူကတော့ ခရစ္စရှန်ပါခီကိုပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကာမာဇော့ကို နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်မှုဟာ မှေးမှိန်ခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ပွားဖြစ်တဲ့ Batman ကတော့ အနာဂတ်မျိုးဆက်တွေထိအောင် ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE