သြဇီတောမီးအတွက် ဒေါ်လာသန်း(၇၀)လှူဒါန်းခဲ့တဲ့ ဘီလျံနာသူဌေးကြီး Andrew Forrest

Minara Resources

အမေရန်ဒေါ်လာ (၉)ဘီလီယံနီးပါး ချမ်းသာတဲ့ အသက်(၅၉)နှစ်အရွယ် သြဇီသူဌေးကြီး John Andrew Henry Forrest AO ကတော့ သြစတေးလျ တောမီးရံပုံငွေအတွက် ဒေါ်လာ သန်း(၇၀)အထိ လှူဒါန်းခဲ့ကြောင့် သိရပါတယ်။ Forrest ဟာ သူ့နာမည်နဲ့လိုက်ဖက်စွာ သစ်တောတွေကို ချစ်မြတ်နိုးသူဖြစ်ပြီး၊ တက်နိုင်သလောက် လှူဒါန်းသွားဦးမယ်လို့ ဆိုထားပါတယ်။

Forrest ကို ရင်းနီးချစ်ခင်သူတွေက Twiggy လို့ ချစ်စနိုးခေါ်ကြပြီး၊ ဆယ်လီတွေ၊ တက်ကြွလှုပ်ရှားသူတွေက ရံပုံငွေအဖြစ် ဒေါ်လာ(၁)သန်းလောက်ရဖို့အရေး အသည်းအသန် ကြိုးစားနေရချိန် Twiggy ရဲ့ ရက်ရက်ရောရော လှူဒါန်းမှုကြီးက သူတို့အတွက်တော့ အားတက်စေမှာ ဖြစ်ပါတယ်။

Fortescue Metals Group

Forrest ဟာ သြစတေးလျရဲ့အကြီးဆုံး နီကယ်တူးဖော်ရေးကုမ္ပဏီတွေဖြစ်တဲ့ Fortescue Metals Group နဲ့ Minara Resources ကုမ္ပဏီတွေရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ သူဟာ တောမီးလောင်မှုအထွေထွေရံပုံငွေအတွက် သူနဲ့ဇနီးဖြစ်သူ တည်ထောင်ထားတဲ့ Minderoo Foundation ကနေ ဒေါ်လာ သန်း(၇၀)အထိ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သြစတေးလျ တောမီဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် လူ(၂၅)ယောက်အထိ သေဆုံးထားပြီးပြီလို့ သိရပါတယ်။ သူရည်မှန်းထားတဲ့ ငွေတွေအနက် ဒေါ်လာ(၁၀)သန်းကို မီးသတ်တပ်ဖွဲ့တွေအတွက် အင်အားဖြည့်တင်းရန်နဲ့ စေတနာ့ဝန်ထမ်းအဖြစ် မိုင်းလုပ်ငန်းနဲ့စိုက်ပျိုးမွေးမြူရေးဝန်ထမ်း (၁၂၀၀)ကို စုဆောင်းရာမှာ အသုံးပြုမှာပါတဲ့။

အခြားဒေါ်လာ(၁၀)သန်းကိုတော့ သြစတေးလျကြက်ခြေနီနဲ့အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့မှ အကူအညီလိုနေတဲ့ဒေသများအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Minderoo Foundation ကြေညာချက်မှာတော့ အခြားဒေါ်လာသန်း(၅၀)ပါ ထပ်ပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Forrest က သူတို့အနေနဲ့ မီးဘေးကို ကာကွယ်နိုင်ဖို့ မလွယ်သော်လည်း မီးလောင်တဲ့အခါ လျှင်မြန်စွာတုန့်ပြန်ပြီး ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့ လိုလားနေပါတယ်။

လင်းသူရိန်

SHARE